တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ် မအောင်မြင်
ဒီဇင်ဘာလ (၇) ရက်။
တောင်ကိုရီးယားသမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ရပ်ကို ဒီနေ့မွန်းလွဲ (၇) ရက် နေ့လယ်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အာဏာရပါတီ “ ပြည်သူ့အင်အား (PPP)” မှ လွှတ်တော်အမတ် အများစုသည် လွှတ်တော်ထဲမှ ထွက်ခွာသွားခဲ့သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Woo Won-sik က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၀၀ ၏ ထောက်ခံမဲ မရရှိခဲ့ကြောင်း ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် ပြောကြားခဲ့သည်။ ထို့အတွက်ကြောင့် သမ္မတယွန်သည် သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်မည်ဖြစ်သည်။
သို့ရာတွင် သမ္မတယွန်သည် ပြည်သူ့ထောက်ခံမှု ကျဆင်းနေခဲ့ပြီး အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။