နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်သဘောတူညီချက်အပေါ် ထရမ့် ရင်ဆိုင်နေရသည့် ဒေါ်လာ ဘီလီယံ ၃၀၀ ပြဿနာ

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၇ရက်

သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်တို့အကြား စတင်ပျိုးထောင်နေဆဲဖြစ်သော သဘောတူညီ ချက် သည် ရှေးရိုးစွဲကွန်ဆာဗေးတစ်အများအပြား၏ ငြင်းဆန်မှုကို ကြုံတွေ့နေရသဖြင့် လက်ရှိတွင် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါပြဿနာများ၏ ထိပ်ဆုံးတွင် တဟီရန်သို့ စီးဆင်းမည့် ငွေကြေးကိစ္စ ရှိနေနိုင်သည်။

တနင်္လာနေ့နံနက်ပိုင်းက CBS News နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်သည် အီရန်အနေဖြင့် ဒေါ်လာ ဘီလီယံ ၃၀၀ အထိ တန်ဖိုးရှိသော ပြန်လည် ထူထောင်ရေး ရန်ပုံငွေတစ်ခုကို “အသုံးပြုခွင့်” ရရှိနိုင်သည်ဟူသော အချက်ကို သွယ်ဝိုက်၍ အတည်ပြုခဲ့ပုံရသည်။

အဆိုပါအင်တာဗျူးပြီးကတည်းက အစိုးရအဖွဲ့သည် အခြေအနေများကို ရှင်းလင်းရန် အသည်းအသန် ကြိုးပမ်းခဲ့ရသည်။ ၎င်းငွေကြေးများသည် အမေရိကန် အခွန်ထမ်း ပြည်သူများထံမှ လာမည်မဟုတ်ကြောင်း ၎င်းတို့က အလေးအနက် ပြောကြားခဲ့သည်။ ယင်းအစား အီရန်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာမှသာ ရရှိနိုင်မည့် အခြား ပင်လယ်ကွေ့နိုင်ငံများထံမှ ငွေကြေးများဖြစ်ကြောင်း ဆိုသည်။

ဗန့်စ်က တနင်္လာနေ့နှောင်းပိုင်း Fox News တွင် “ကျွန်တော်တို့ကတော့ အမေရိကန်မဟုတ်တဲ့ အခြားနိုင်ငံတွေကို အီရန်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်မှာပါ” ဟု ပြောကြားခဲ့သည်။ ၎င်းသည် အင်္ဂါနေ့က မီဂန်ကယ်လီ (Megyn Kelly) နှင့် တွေ့ဆုံရာတွင်လည်း ထိုအချက်ကိုပင် ထပ်လောင်းပြောဆိုခဲ့ပြီး၊ ဥပမာအားဖြင့် အီရန်နိုင်ငံသားများ ၎င်းတို့၏ အပြုအမူကို မပြောင်းလဲသရွေ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အနေဖြင့် “အီရန်မှာ ရင်းနှီး မြှုပ်နှံတာကို” အမေရိကန်က ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချက်မျှတပါသည်။

သို့သော် ဤကဲ့သို့သော ခွဲခြားပြသမှုများသည် ယခင်က ရီပတ်ဘလစ်ကန်များ (အထူးသဖြင့် ထရမ့်ကိုယ်တိုင်) ပယ်ချခဲ့ဖူး သို့မဟုတ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ဖူးသည့် အချက်များ ဖြစ်နေသည်။

ထို့အပြင် ယခင်က ထိုသို့ကန့်ကွက်ခဲ့စဉ်က ငွေပမာဏသည် လက်ရှိ ဒေါ်လာ ဘီလီယံ ၃၀၀ ထက် သိသိသာသာ ပိုမိုနည်းပါးခဲ့သည်။

၂၀၁၅ ခုနှစ်က အိုဘားမားအစိုးရနှင့် အခြားနိုင်ငံများသည် အီရန်နှင့် နျူကလီးယား သဘောတူညီချက်တစ်ခုကို ချုပ်ဆိုခဲ့စဉ်က အီရန်အား ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံးပြုခွင့်ပေးခြင်း ပါဝင်ခဲ့သည်။ ထိုစဉ်က အဆိုပါငွေများသည် အခြားနိုင်ငံများထံမှ လာခြင်းမဟုတ်ဘဲ၊ ပိတ်ဆို့အရေးယူမှုများအောက်တွင် နိုင်ငံခြားဘဏ်များ၌ ဆိုင်းငံ့ထားခြင်း ခံခဲ့ရသော အီရန်၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုများ ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၀ ဘီလီယံဝန်းကျင် ရှိခဲ့သည်။

သို့သော် ထရမ့်၏ ပြောဆိုချက်များတွင် ဤကဲ့သို့သော ကွာခြားချက်များကို ထည့်သွင်း ပြောဆိုလေ့ မရှိခဲ့ပေ။ ၎င်းအလျှော့ပေးမှုသည် ကမ္ဘာ့အကြမ်းဖက်မှုကို အဓိကပံ့ပိုးနေသည့် နိုင်ငံအား ဘဏ္ဍာရေးအရ မမျှော်လင့်ဘဲ အကျိုးအမြတ်အလုံးအရင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး၊ ယင်းငွေများကို “လက်ငင်းငွေသား” ဖြင့် ပေးခဲ့ခြင်းဖြစ်သည်ဟုပင် မဟုတ်မမှန် ပြောဆိုခဲ့သည်။ ၎င်းက ယင်းလုပ်ရပ်ကို စဉ်းစား၍ပင်မရနိုင်စရာဖြစ်ပြီး အမေရိကန်ခေါင်းဆောင်များ၏ ပျော့ညံ့မှုနှင့် ညှိနှိုင်းမှုစွမ်းရည် ညံ့ဖျင်းမှုကို ပြသရာ ရောက်ကြောင်း ပုံဖော်ခဲ့သည်။

ထိုစဉ်က ပြောကြားခဲ့သော မှတ်ချက်များသည် ယနေ့တွင် ၎င်းကိုယ်တိုင်အား ပြန်လည်ဦးတည် တိုက်ခိုက်လာနိုင်ခြေ ရှိနေသည်။

“အီရန်ဟာ ဒေါ်လာ ၁၅၀ ဘီလီယံ မမျှော်လင့်ဘဲ အလုံးအရင်း ရရှိသွားခဲ့ပြီး၊ ဒါတွေဟာ ကမ္ဘာတစ်ဝန်းက အကြမ်းဖက်မှုတွေကို ထောက်ပံ့ဖို့ ဖြစ်လာမှာ သံသယဖြစ်စရာမလိုပါဘူး” ဟု ၂၀၁၅ ခုနှစ် စက်တင်ဘာလက USA Today ရှိ ၎င်း၏ အယ်ဒီတာ့အာဘော်ဆောင်းပါးတွင် ရေးသားခဲ့သည်။ ထရမ့်သည် ပုံကြီးချဲ့ထားသော ဒေါ်လာ ၁၅၀ ဘီလီယံဟူသည့် ကိန်းဂဏန်း ကို မကြာခဏ ကိုးကားပြောဆိုလေ့ရှိသည်။

၎င်းက ထိုလအတွင်းမှာပင် အိုကလာဟိုးမားစီးတီး၌ “ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်မှုတွေ ဖန်တီးဖို့အတွက် သူတို့ကို ဒေါ်လာ ၁၅၀ ဘီလီယံ ပေးနေတာပါ” ဟု ပြောခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ရီပတ်ဘလစ်ကန် သမ္မတလောင်း စကားရည်လုပွဲတွင် ထရမ့်က “အီရန်ဟာ ဒေါ်လာ ၁၅၀ ဘီလီယံ ရသွားခဲ့တယ်၊ဒါဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လုံးဝ အရည် အချင်းမရှိတဲ့ သဘောတူညီချက်ဖြစ်တယ်” ဟု ခေါ်ဆိုခဲ့ကာ “သူတို့ဟာ အကြမ်းဖက်နိုင်ငံ ဖြစ်တယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်လတွင် အိုင်အိုဝါစီးတီး၌ “အကြမ်းဖက်နိုင်ငံဖြစ်တဲ့ တစ်စုံတစ်ယောက်ကို ကျွန်တော်တို့က ဒေါ်လာ ၁၅၀ ဘီလီယံ ပေးရမယ့် သဘောတူညီချက်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်ခဲ့ကြလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်နိုင်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

လက်ရှိအခြေအနေနှင့် ထိုစဉ်ကအခြေအနေသည် လုံးဝကြီး ထပ်တူကျနေသည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အီရန်၏ ဆိုင်းငံ့ထားသော ပိုင်ဆိုင်မှုများကို ပြန်လည် ဖွင့်ပေးခြင်းသည် အခြားနိုင်ငံများထံမှ ရရှိမည့် ငွေကြေးများနှင့် သဘောသဘာဝချင်း မတူညီသောကြောင့်ဖြစ်သည်။ သို့သော် အခြေအနေနှစ်ခုစလုံးသည် အမေရိကန် အခွန်ထမ်းပြည်သူများထံမှ မဟုတ်ဘဲ၊ သဘောတူညီချက်တစ်ခုတွင် မက်လုံးတစ်ခုအဖြစ် အီရန်အား ရုတ်တရက် အသုံးပြုခွင့်ပေးလိုက်သည့် ငွေကြေးများဖြစ်နေခြင်းတွင် တူညီ နေသည်။

ရီပတ်ဘလစ်ကန်များသည် ၂၀၁၅ ခုနှစ်က ထိုကဲ့သို့သော ငွေကြေးများသည် “အစားထိုး အသုံးပြုနိုင်စွမ်းရှိသည် (Fungible)” ဟု မကြာခဏ အကြောင်းပြခဲ့ကြသည်။ ဆိုလိုသည်မှာ အဆိုပါရန်ပုံငွေများကို အကြမ်းဖက်မှုအတွက် တိုက်ရိုက်အသုံးမပြုနိုင်စေကာမူ၊အကြမ်းဖက် လုပ်ငန်းများဘက်သို့ လွှဲပြောင်းအသုံးပြုမည့် အခြားငွေကြေးများ၏ နေရာတွင် အစားထိုး အသုံးပြုသွားနိုင်သည်ဟူ၍ ဖြစ်သည်။

ထရမ့်သည် ၎င်း၏ပထမသက်တမ်းနှောင်းပိုင်း အီရန်နှင့် တင်းမာမှုများ ဖြစ်ပွားနေစဉ် အတွင်းနှင့် ၂၀၂၀ ခုနှစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းသော်လည်း ရှုံးနိမ့်ခဲ့သည့် မဲဆွယ် ကာလများအတွင်း ယင်းအချက်ကိုပင် ထပ်မံထုတ်ဖော် ပြောကြားခဲ့သည်။

“ဒါကြောင့် သူတို့က [ဘီလီယံ] ၁၅၀ ပေးခဲ့တယ် — ၁၅၀၊ အဲဒါကို စဉ်းစားကြည့်ပါဦး” ဟု ၂၀၁၉ ခုနှစ် စက်တင်ဘာလက အိမ်ဖြူတော်အခမ်းအနားတစ်ခုတွင် ၎င်းက ပြောခဲ့သည်။ “ပြီးတော့ ဒီလိုအရာမျိုးကို ဘယ်လိုလုပ်နိုင်မှာလဲ — ခင်ဗျားတို့ ဒါမျိုးကို ဘယ်လိုများ လုပ်နိုင်မှာလဲ။ သူတို့က အဲဒီငွေတွေအားလုံးကို လက်ငင်းငွေသားနဲ့ ပေးခဲ့တာပါ” ဟု ဆိုသည်။

(တဖန် ပြန်လည်ရှင်းလင်းရလျှင် အမေရိကန်သည် ထိုငွေများကို လက်ငင်းငွေသားဖြင့် ပေးခဲ့ခြင်းမဟုတ်သလို ဒေါ်လာ ၁၅၀ ဘီလီယံလည်း မဟုတ်ခဲ့ပါ။)

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အီရန်စစ်ဗိုလ်ချုပ် ကာဆမ် ဆိုလေမာနီ (Qasem Soleimani) အား လုပ်ကြံရန် ထရန့်ကအမိန့်ပေးပြီးနောက် ၎င်းက “အိုဘားမားအစိုးရဟာ အီရန်အစိုးရကို လမ်းဖွင့်ပေး ပြီး အတောင်ပံဖြန့်ခွင့် ပေးခဲ့ပါတယ်။ သူတို့ဟာ အီရန်ကို ဒေါ်လာ ၁၅၀ ဘီလီယံ ပေးခဲ့ပြီး၊ အဲဒီအထဲမှာ အစစ်အမှန် လက်ငင်းငွေသား ဒေါ်လာ ၁.၇ ဘီလီယံ ပါဝင်ပါတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်မလား” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

(ဒေါ်လာ ၁.၇ ဘီလီယံ ဆိုသည်မှာ ၁၉၇၉ ခုနှစ်က ဆိုင်းငံ့ထားခဲ့သော အီရန်ရန်ပုံငွေ ဒေါ်လာသန်း ၄၀၀ ကျော်အပေါ် အခြေခံ၍ ရရှိခဲ့သော အငြင်းပွားမှု ဖြေရှင်းရေး သဘောတူညီချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။)

“သမ္မတအိုဘားမား လက်မှတ်ရေးထိုးခဲ့တဲ့ အီရန်နျူကလီးယား သဘောတူညီချက်ဟာ သူတို့ကို ဒေါ်လာ ၁၅၀ ဘီလီယံ ပေးခဲ့ပြီး၊ အဲဒီအချိန်ကစလို့ တကယ့်အကြမ်းဖက်မှုတွေ စတင်ခဲ့တာပါ” ဟု ထရမ့်က နောက်တစ်နေ့တွင် Fox News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ထပ်လောင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မဲဆွယ်စည်းရုံးရေး ကာလအဆုံးသတ်ပိုင်းတွင် ဂျိုးဘိုင်ဒင်သာ ရွေးကောက်ပွဲတွင် အနိုင်ရပါက အလားတူ သဘောတူညီချက်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု ထရမ့်က ထပ်ခါတလဲလဲ ဟောကိန်းထုတ်ခဲ့သည်။

“တကယ်လို့ ဘိုင်ဒင်သာ တက်လာရင်၊ သူတို့လုပ်ခဲ့သလိုမျိုး နောက်ထပ် ဒေါ်လာ ၁၅၀ ဘီလီယံကို သူတို့ကို ထပ်ပေးဦးမှာပဲ” ဟု ထရမ့်က ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် အရီဇိုးနားပြည်နယ်၊ ယူမာမြို့၌ ပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အဖျင်းဆုံး သဘောတူညီချက်ပဲ” ဟု ဆိုသည်။

“အီရန်ဟာ သူတို့ကို ဒေါ်လာ ၁၅၀ ဘီလီယံ ဒါမှမဟုတ် လက်ငင်းငွေသား ၁.၈ ဘီလီယံ ပေးမယ့် နောက်ထပ် ရူးသွပ်တဲ့ သဘောတူညီချက်တစ်ခုကို လုပ်ပါလိမ့်မယ်” ဟု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် တမ်ပါမြို့၌ ၎င်းက ပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော် အကျော့ပြန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် အမတ်လောင်းများအတွက် မဲဆွယ် စည်းရုံးပေးနေစဉ်အတွင်းမှာပင် ထရမ့်က ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားလာနိုင် ကြောင်း သတိပေးခဲ့သည်။

“သူတို့ ဒါကို ပြန်စချင်နေကြပြီ ထင်တယ်။ ခင်ဗျားတို့ ဒါကို ယုံနိုင်ရဲ့လား” ဟု ဂျော်ဂျီယာ ပြည်နယ်၊ ဗယ်ဒိုစတာမြို့တွင် ထရမ့်က ပြောခဲ့သည်။ “သူတို့ သူတို့ကို ဒေါ်လာ ၁၅၀ ဘီလီယံ ထပ်ပေးဦးမလားလို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ မဟုတ်ဘူး၊ သူတို့ ၂၅၀ တောင် ပေးလိမ့်မယ်” ဟု ဆိုသည်။

သို့သော် ယခု တနင်္လာနေ့တွင်မူ ထရမ့်ကိုယ်တိုင် ရွေးချယ်ထားသည့် ဒုတိယသမ္မတက အီရန်အနေဖြင့် ထိုပမာဏထက်ပင် ပိုမိုများပြားသော ရန်ပုံငွေကို အသုံးပြုခွင့် ရရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့လေသည်။

ပြင်သစ်နိုင်ငံအရှေ့ပိုင်း၊ အီဗီယန်မြို့၌ ဇွန်လ ၁၅ ရက်က ကျင်းပသည့် ဂျီဆဲဗန်း (G7) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တရားဝင် ကြိုဆိုနှုတ်ဆက်စဉ်။ (ဓာတ်ပုံ – Ludovic Marin/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက