နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က TNLA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ပစ်ခတ်

မေလ (၈)ရက်။

မေလ (၄)ရက်နေ့ ည(၈)နာရီခန့်မှာ မိုးကုတ်မြို့၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခလရ(၁၄၈)နဲ့ ခလရ(၇၁)တို့က ဖြူရောင်ကျေးရွာကနေ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာအကြားကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့တို့အကြား ယာယီအပစ်ရပ်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ဒီလိုအပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဧပြီလ (၂၇)ရက်နေ့နဲ့ (၂၈)ရက်နေ့ကလဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၆)ကြိမ်ပစ်ခတ်ခဲ့တာကြောင့် သုံးဆယ်ကျေးရွာက အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် (၂)လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံသုံးဦး ပြန်လည်လွတ်မြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ အစ္စရေးဓားစာခံသုံးဦးကို ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြက်ခြေနီလက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ဇလန်းစကီး စည်းဝိုင်းအပြင် ထုတ်ခံရတော့မလား။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
+++++++++++++++++++ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း အခန်းရဲ့ဗဟိုမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဇလန်းစကီးဟာ အခန်းထဲမှာ ရှိသေးရဲ့လား
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ထရန့်သည် ပူတင်နှင့် အရင်တွေ့ဆုံပါက အန္တရာယ်ရှိနိုင်သည်ဟု ဇလန်းစကီး သတိပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက သူ ပါဝင်ခြင်း မရှိဘဲ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် သမတထရန်တို့ အရင်တွေ့ဆုံခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။ဇလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပထမဆုံးသူ့အနေနှင့် ပါဝင်မည့်သူဖြစ်ရန် ထရန့်က အာမခံချက်ပေးမထားကြောင်း ဝန်ခံထားသည်။
နိုင်ငံတကာသတင်း အမေရိကန်

မိမိအိမ်မှာ နာကျင်မှုတွေ ဖြစ်လာတဲ့အခါ ရီပတ်ဘလစ်ကန်တွေက ထရန့်ရဲ့အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အခွန်စည်းကြပ်မှုတွေကို တားဆီးလာပါတယ်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
NIH ရန်ပုံငွေကို လျှော့ချခြင်းကနေ USAID ရဲ့ စားနပ်ရိက္ခာ အစီအစဉ်ကို ဖြတ်တောက်ခြင်းအထိနဲ့ အခွန်စည်းကြပ်ခြင်းအသစ် အပါအဝင် ထရန့်ရဲ့လုပ်ဆောင်ချက်အချို့ကို ရီပတ်ပလီကင်ပါတီ GOP ဥပဒေပြုအမတ်တွေဟာ ဆန့်ကျင်တဲ့အနေနဲ့ စတင်စကားပြောဆိုလာကြပြီ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကက်ပီတိုလ်ဟေးလ်က ရီပတ်ဘလီကန်အမတ်တွေဟာ
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 3 Views
ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင်
နိုင်ငံတကာသတင်း အမေရိကန်

တသီးပုဂ္ဂလအမေရိကန်အထက်လွှတ်တော် အမတ်ဘာနီဆန်းဒါး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 25 Views
———————— ဂါဇာနဲ့ပတ်သက်တဲ့သူ့အမြင် ++++++++++++ ဂါဇာနဲ့ပတ်သက်လို့ ထရန် ပြောနေတာက အတော်လက်မခံနိုင်စရာပါပဲ။ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၁၅ လကာလကြာ မယုံကြည်စရာကောင်းလောက်အောင် ထိခိုက်ခံစားနေရသူတွေ ရှိခဲ့လား ဂါဇာမှာ လူပေါင်း ၄သောင်း ၅ထောင် ကျော်သေဆုံးခဲ့ပြီး လူတစ်သိန်း
နိုင်ငံတကာသတင်း အမေရိကန်

“ မက္ကဆီကိုပင်လယ်ကွေ့” ကို ဆက်လက်အသုံးပြုခြင်းအတွက် ဘဲဥပုံရုံးမှ AP သတင်းထောက်ကို သတင်းယူခွင့်ပိတ်ပင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၂) ရက်။ “ အမေရိကပင်လယ်ကွေ့” နှင့် “ မက္ကဆီကိုပင်လယ်ကွေ့” ဟူသောအမည်များအသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ကိုးကားပြီး ဘဲဥပုံရုံးမှ သမတအမိန့်ကို လက်မှတ်ရေးထိုးခြင်းနှင့်ဆက်နွယ်သည့် သတင်းများရယူခြင်းနှင့်ပတ်သက်ပြီး AP သတင်းထောက်များအား ပိတ်ပင်ထားကြောင်း အေပီသတင်းဌာနက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

တိုက်ခိုက်ရမယ်၊ ငြင်းဆိုရမယ်၊ ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်မခံရဘူး”

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 19 Views
+++++++++++++++++++++++++++++++++++++++ ထရန့်ရဲ့ဇာတ်ကောင်စရိုက်ကိုသိတဲ့ ဇာတ်ညွှန်းရေးဆရာက အနာဂတ်အတွက် ဟောကိန်းထုတ်လိုက်တယ်- “ အရင်တစ်ကြိမ်နဲ့ မတူဘဲ၊ သူက အရာအားလုံးကို အကောင်အထည်ဖော်လိမ့်မယ်။ နောက်လေးနှစ်မှာ ပရမ်းပတာတွေ ဖြစ်လာလိမ့်မယ်။” ရုပ်ရှင်မင်းသား စဘတ်စ်တီရင်စတိန်း (Sebastian Stan) က ဒေါ်နယ်ထရန့်ရဲ့လူငယ်ဘဝကို