နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခန္တီးနဲ့ မော်လိုက်ခရိုင်က စခန်းသိမ်းတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား (၁၀၀)ခန့်သေဆုံးခဲ့တယ်လို့ MOD ထုတ်ပြန်

ဇွန်လ (၈)ရက်။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား (၁၀၀)ခန့်သေဆုံးခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်တွေမှာ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မေလ (၂၃)ရက်နေ့က စတင်ပြုလုပ်တဲ့  စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်သား (၁၀၀)ခန့် သေဆုံးကာ အလောင်း (၃၂)လောင်းရရှိပြီး လက်နက်ငယ် (၃၉)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးထဲ  ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာနဲ့ တီလောင်လမ်းဆုံတို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာနဲ့ ဆိတ်စားရွာအနီးက စခန်းတွေကိုလဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေကို ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့အတူ ခန္တီးခရိုင်တပ်ရင်းတွေ၊ မော်လိုက်ခရိုင်တပ်ရင်းတွေ၊ အထူးလှုပ်ရှားတပ်ရင်းတွေနဲ့ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ တို့ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ ပြည်သူ့တော်လှန်ရေးရဲဘော် (၂၉)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ MOD ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းကိုရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 2 Views
ဇူလိုင်လ (၁၂)ရက်။ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅) မြို့သူကြီးစခန်းကို သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေလိုက်ပါလာတဲ့ ကားတစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 2 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်မှာ ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

(၆)ရက်မြောက်နေ့ ရန်ကုန်မှာ ၀မ်းရောဂါလူနာသစ် (၈၀)ကျော်ထပ်မံတွေ့ရှိခဲ့၊ ၀မ်းရောဂါဖြစ်ပွားသူ (၄၀၀)ကျော်လာခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 1 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာသစ် (၈၄)ဦးရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ၀မ်းရောဂါလူနာသစ် (၈၄)ဦးထဲမှာ ပြင်းထန်၀မ်းရောဂါလူနာ (၁၁)ဦးရှိခဲ့တာကြောင့် (၆)ရက်ထဲ ရန်ကုန်မှာ ပြင်းထန်၀မ်းရောဂါလူနာ (၅၀)ကျော်ထိရှိပြီလို့ ဆိုပါတယ်။ အခုအခါ
မြန်မာသတင်း

မတ္တရာမြို့က စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကနေ လက်နက်ခဲအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မတ္တရာမြို့ Alpha ဘိလပ်မြေစက်ရုံက
မြန်မာသတင်း

ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်သိန်း (၂၀၀)ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်(၂၀၅၀၀၀၀၀)ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၃၀)ရက်နေ့ကစပြီး ဇူလိုင်လထဲ ရေကြီးရေလျှံတာဖြစ်ပွားတဲ့ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဆော့လော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်နဲ့
မြန်မာသတင်း

ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 8 Views
+++++++++++++++++++++++++++++++++++++++++ ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ ဆိုတဲ့မေးခွန်းကို ပုလဲနယ်က တော်လှန်ရေးခေါင်းဆောင်ယောက်ဖြစ်တဲ့ သခင်ဒေါင်းညိုက သူ့အမြင်ကို ပြောကြားထားပြီး ပုလဲနယ်မှာ NUG ရဲ့ ပသုံးလုံး အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ ဘယ်လောက်အလုပ်ဖြစ်နေတယ်ဆိုတာကို ဖြေကြားထားတာကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၁) ရက်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့
မြန်မာသတင်း

YDF ရဲဘော် (၂) ဦးကို CNF/CNA က ဖမ်းဆီးထားမှုကြောင့် ချင်းဘက် တက်မည့် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကို YDF ပိတ်ထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 9 Views
ဇူလိုင် (၁၁) ရက်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA က YDF ရဲဘော် (၂) ဦးကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့တာကြောင့် ချင်းဘက်တက်မယ့် ကုန်တင်ကားတွေကို ယောကာကွယ်ရေးတပ် – YDF က ခေတ္တပိတ်လိုက်တယ်လို့