နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်အပါအ၀င် နေရာအချို့မှာ ရှစ်လေးလုံး လှုပ်ရှားမှုတွေပြုလုပ်

ဩဂုတ်လ (၈)ရက်။

ဒီကနေ့ ဩဂုတ်လ (၈)ရက်မှာကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ (၃၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့လယ်အပါအ၀င် နေရာအချို့မှာ သပိတ်အင်အားစုတွေက လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်မှာ “ ၈” ဂဏန်းနဲ့ “ ငါတို့အလှည့် ပုန်ကန်အံတုရန်ကုန်လူထု” ကြွေးကြော်သံတွေပါ၀င်တဲ့ တီရှပ်/ပူပေါင်းအနီတွေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေကို အဖြူအမဲပြုလုပ်ထားတာက အမှောင်ကျနေတဲ့တိုင်းပြည်ကို ရည်ရွယ်တာဖြစ်ပြီး အနီရောင်တခုကိုသာ ဖော်ပြထားတာက လူထုလူတန်းစားတရပ်လုံးရဲ့ မြင့်မြတ်တဲ့ တော်လှန်ရေးကို ရည်ရွယ်တာလို့ ရေးသားထားပါတယ်။

ဒီလှုပ်ရှားမှုဟာ တမျိုးသားလုံး နိုးကြားစေဖို့နဲ့ မတရားတာကို ငြိမ်ခံမနေဘဲ ရုန်းကြွစေဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်အနေနဲ့ ရန်ကုန်မြို့က တနေရာမှာ “ ၈၈၈၈” ဘန်နာစာသား ချိတ်ဆွဲခဲ့ပြီး အားနည်းကျရှုံးနေပြီဖြစ်တဲ့ စစ်အုပ်စုလက်အောက်က တပ်မတော်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းတဲ့ ဘန်နာကိုလဲ AJAY ရဲဘော်တွေက ချိတ်ဆွဲခဲ့ကြပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့အနှံ့ လမ်းမတွေနဲ့ နံရံတွေမှာ “ ၈၈၈၈” စာသားအပါအ၀င် စစ်ကောင်စီရဲ့ အားနည်းကျရှုံးတာကို လှောင်ပြောင်သရော်တဲ့ စာသားတွေ ရေးဆွဲခဲ့ကြပါသေးတယ်။

အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ၊ မြို့နယ်အသီးသီးက ပြည်သူတွေနဲ့ သပိတ်အင်အားစုတွေ ပူးပေါင်းကာ ကလောင်နီ(ဆေးအနီ) လှုပ်ရှားမှုအနေနဲ့ ပြုလုပ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ကလောင်နီလှုပ်ရှားမှုကို ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်ကစပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ အရှိန်အဟုန်မြှင့် ‌လုပ်သွားမှာဖြစ်ပြီး ရဟန်းရှင်လူပြည်သူတွေနဲ့ ကျောင်းသားတွေ ပါ၀င်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 21 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 44 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 39 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 31 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်