နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH ပြော

နိုဝင်ဘာလ (၈)ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ပံ့ပိုးကူညီနေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာလို့ CRPH က ဒီကနေ့မှာ ကျရောက်တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတရပ်သာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

နောက်ပြီး ပြည်သူနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ တရားဝင်ရွေးကောက်ပွဲဖြစ်ပြီး စစ်ကောင်စီကျင်းပမယ့် ရွေး‌ကောက်ပွဲကို ကူညီတာက ဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က အဖွဲ့ဝင်အနေနဲ့ ဆက်လက်သတ်မှတ်ပြီး CRPH ကို တရားဝင်လွှတ်တော်အဖွဲ့အနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးကူညီတာတွေဟာ အကြမ်းဖက်လုပ်ရပ်ကို လက်ခံအသိအမှတ်ပြုတာဖြစ်ပြီး ပဋိပက္ခကို ပိုမိုကြီးထွားစေဖို့ ပံ့ပိုးနေတာဖြစ်တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်တားမြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့အညီ ၂၀၀၈ ခြေ/ဥဖျက်သိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် ရေးဆွဲဖို့ ကြိုးပမ်းခဲ့ပြီး အခုအခါမှာလဲ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေမူဘောင် ခိုင်မာအားကောင်းလာဖို့ သက်ဆိုင်ရာအင်အားစုတွေနဲ့ လက်တွဲကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အဖက်ဖက်မှာ ကျရှုံးနေပြီး တော်လှန်ရေးအင်အားစုတွေ အောင်မြင်မှု ရရှိလာချိန်မှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာက ပံ့ပိုးကူညီတာတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့