နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်ဝန်ထမ်းများ၏ အကြီးအကဲအဖြစ် စူစီ ဝိုင်းလ် (Susie Wiles) ကို ထရန့်က ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။

နိုဝင်ဘာလ (၈) ရက်၊ CNN။

ထရမ့်သည် ဖလော်ရီဒါပြည်နယ် ဝက်စ်ပန်းဘိ့ချ် (West Palm Beach) တွင် နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲညစောင့်ကြည့်ပါတီတစ်ခုတွင် စူစီဝိုင်းလ် အား စင်ပေါ်တက်စေခဲ့သည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် သည် ၎င်း၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာ စူစီ ဝိုင်းလ်အား သူသမတ ရာထူးတာဝန်ကို ထမ်းဆောင်ချိန်တွင် ၎င်း၏ အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူမသည် အဆိုပါ ရာထူးကို ပထမဆုံး တာဝန်ယူသည့် အမျိုးသမီး ဖြစ်လာမည်ဖြစ်သည်။

“စူစီဝိုင်းလ် က ကျွန်တော့်ကို အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး နိုင်ငံရေးအောင်ပွဲတွေထဲက တစ်ခုကို ရရှိအောင် ကူညီပေးခဲ့ပြီး ကျွန်တော့်ရဲ့ ၂၀၁၆ နဲ့ ၂၀၂၀ အောင်မြင်တဲ့ မဲဆွယ်ပွဲတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့သူပါ” ဟု ထရန့်က ကြာသပတေးနေ့ထုတ် ကြေညာချက်တွင် ပြောကြားခဲ့သည်။ စုစီက မာကြောတယ်၊ ထက်မြက်တယ်၊ ဆန်းသစ်တဲ့အမြင်ရှိတယ်၊ ပြီးတော့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလေးစားခံရသူတယောက် ဖြစ်တယ်။ စူစီသည် အမေရိကကို တစ်ဖန်ပြန်လည် ကောင်းမွန်လာစေရန် မမောမပန်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ စူစီသည် ယူအက်စ်သမိုင်းတွင် ပထမဆုံး အမျိုးသမီး အိမ်ဖြူဝန်ထမ်းဦးစီးချုပ်အဖြစ် ရာထူးရရှိခြင်းအတွက် ဂုဏ်ယူထိုက်ပါသည်။ ငါတို့နိုင်ငံက ဂုဏ်ယူနိုင်မယ့်အမျိုးသမီးတယောက်အဖြစ် ငါ့မှာ သံသယမရှိပါဘူး။”

စူစီဝိုင်းလ်အကြောင်း သိထားရမည့်အရာ

++++++++++++++++++++++

ကွယ်လွန်သူ NFL ရုပ်သံလွှင့်ဌာန ပက်ဆန်းမားအော်လ် (Pat Summerall) ၏သမီးဖြစ်ပြီး ဖလော်ရီဒါမှ အတွေ့အကြုံရင့် နိုင်ငံရေးလုပ်ဆောင်သူ ဝိုင်းလ်သည် ထရန့်၏ အဝန်းအဝိုင်းအတွင်း တာဝန်ထမ်းမှုအရှည်ကြာဆုံး အကြံပေးများထဲမှတစ်ဦး ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဖလော်ရီဒါကို အနိုင်ရအောင် ကူညီပေးပြီးနောက်၊ သူမသည် သမ္မတတာဝန် ထမ်းဆောင်စဉ်အတွင်း ၎င်း၏ အာဏာကုန်ပေးခံရသည့် de facto ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ပြိုင်ပွဲတစ်ခုလုံးအတွက် ၎င်းကမဲဆွယ်စည်းရုံးမှုကို ဦးဆောင်ခဲ့သည်။ ဝိုင်းလ်သည် ထရန့်၏ ခေတ်အမီဆုံးနှင့် စည်းကမ်းအရှိဆုံး မဲဆွယ်ပွဲ အဖြစ် ရှုမြင်ခံထားရသည့်အရာအား လုပ်ဆောင်ခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုခံရပြီး ၎င်းသည် ၎င်း၏ပတ်လမ်းအတွင်း အနှောက်အယှက်အသံများစွာကို ထိန်းထားနိုင်သည်။

ရွေးကောက်ပွဲညတွင် ထရန့်၏ Palm Beach Convention Center တွင် စုဝေးနေသော လူအုပ်ကို မိန့်ခွန်းပြောကြားရန် ဝိုင်းလ်က ငြင်းဆိုခဲ့သော်လည်း သူမကို ထရန့်က သူ၏ အောင်ပွဲမိန့်ခွန်းတွင် ဂုဏ်ပြု‌ပြောကြားခဲ့သည်။ သူမ၏နောက်ကွယ်တွင် နေရန်ဆန္ဒရှိမှုသည် ထရန့်နှင့် သူ၏မဟာမိတ်များကို နှစ်သက်စေသည်။

ဝိုင်းလ်သည် ဝန်ထမ်းအကြီးအကဲရာထူးကို သူမကလက်မခံမီတွင် ထရန့်အား သူမလိုလားသည့် အခြေအနေ အချို့ကို ပြောကြားခဲ့ပြီး ထရန့်မှ သဘောတူသည့်အခါမှ ရာထူးကို လက်ခံခဲ့ကြောင်း CNN မှ ယနေ့အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ထိပ်တန်းအရာမှာ ဘဲဥပုံသမ္မတရုံးအတွင်း သမ္မတထံမည်သူက ဆက်သွယ်နိုင်သည့်အပေါ် ပိုမိုထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

ထရန့်၏ပထမသက်တမ်းအတွင်း ၎င်း၏၀န်ထမ်းအကြီးအကဲသည် အလွတ်သဘော အကြံပေးပုဂ္ဂိုလ်များ၊ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အခြားကြားဝင်ပါဝင်သူများကို အိမ်ဖြူတော်အတွင်းသမ္မတကို တွေ့ဆုံခွင့်ရအောင် ကြိုးပမ်းမှုတွင် တားဆီးရန် အခက်ခဲများ ကြုံတွေ့ခဲ့ရသည်။

ရွေးကောက်ခံဒုတိယသမ္မတ ဒီဂျေဗန့်စ်က ဝိုင်းလ်သည် အိမ်ဖြူတော်တွင် ဝိုင်းလ်အား ရွေးချယ်ခံရခြင်းသည် သတင်းကောင်းဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး အိမ်ဖြူတော်တွင် သူမသည်ကြီးမားသည့်တန်ဖိုးရှိသူဖြစ်လာမည်ဟု” X ၏ ပို့စ်တစ်ခုတွင် ရေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက