နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ထရန့် ပြန်လည်ရွေးကောက်ခံရပြီးနောက် တစ်ရက်အတွင်း ၎င်းတို့၏ကြွယ်ဝမှု ဒေါ်လာ ၆၄ ဘီလီယံ တိုးလာ

နိုဝင်ဘာလ (၈) ရက်, CNN ဂျပန်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦး၏ ချမ်းသာမှုသည် နိုဝင်ဘာလ ၆ ရက်တွင် ဒေါ်လာ ၆၄ ဘီလီယံ (ယန်း ၉.၈ ထရီလီယံခန့်) တိုးလာခဲ့ကြောင်း Bloomberg ၏ ဘီလျံနာအညွှန်းကိန်းအရ သိရသည်။ ၎င်းသည် ၂၀၁၂ ခုနှစ်တွင် အညွှန်းကိန်းကို စတင်မိတ်ဆက်ပြီးနောက် တစ်နေ့အတွက် အမြင့်ဆုံး တိုးလာခြင်းဖြစ်သည်။

Bloomberg ၏ အဆိုအရ အများဆုံးတိုးလာသူမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ် (Elon Musk) ဖြစ်ပြီး ဒေါ်နယ်ထရန့်၏ ထက်သန်သော ထောက်ခံသူများထဲမှ တစ်ဦးဖြစ်သည်။ နိုဝင်ဘာလ (၆) ရက်နေ့တွင် သူ၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၂၆.၅ ဘီလီယံ မှ ဒေါ်လာ ၂၉၀ ဘီလီယံအထိ ခုန်တက်သွားသည်။ အာမေဇုန် တည်ထောင်သူ ဂျက်ဘီဇောစ်၏ ချမ်းသာမှုသည် ဒေါ်လာ ၇.၁ ဘီလီယံ တိုးလာသည်။ ပြီးခဲ့သည့်အပတ်အစောပိုင်းက ၀ါရှင်တန်ပို့စ်တွင် ဒုသမ္မတ ဟာရစ်ကို ထောက်ခံခြင်း မပြုရန် ၎င်း၏ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့သည်။ Oracle ကို ပူးတွဲတည်ထောင်သူ လာရီ အယ်လ်စင် (Larry Ellison) သည် ထရန့်ထောက်ခံသူဖြစ်ပြီး ထိုနေ့တွင်ပင် သူ၏ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၅.၅ ဘီလီယံအထိ တိုးလာခဲ့သည်။

ဤချမ်းသာသော ပုဂ္ဂိုလ်များတွင် Microsoft CEO ဟောင်း ဘီလ်ဂိတ်နှင့် စတိဗ် ဘောလ်မာ (Steve Ballmer) ၊ Google ပူးတွဲတည်ထောင်သူ လာရီပေ့ချ် Larry Page နှင့် ဆာဂေဘရင် (Sergey Brin) နှင့် Berkshire Hathaway ၏ အမှုဆောင်အရာရှိချုပ် ဝါရင်းဘတ်ဖက် (Warren Buffett) တို့လည်း တို့ ပါဝင်သည်။ ၎င်းတို့သည် ယခုသမ္မတရွေးကောက်ပွဲတွင် သတ်သတ်မှတ်မှတ် ကိုယ်စားလှယ်လောင်းကို မထောက်ခံသော်လည်း ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းများကို ယခင်က ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲ လျင်မြန်စွာ ပြီးဆုံးသွားသည်နှင့်အမျှ ထရန့်သည် စတော့ဈေးကွက်ကို ယေဘုယျအားဖြင့် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး ဆိုင်ရာဥပဒေများနှင့် မူဝါဒများကို တွန်းအားပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက လောင်းကြေးထပ်ကြသည်။ စတော့ရှယ်ယာ စျေးနှုန်းများ မြင့်တက်လာမည်ဟု မျှော်မှန်းချက်များကြောင့် နိုဝင်ဘာလ (၆) ရက်နေ့ တွင် ရှယ်ယာဈေးများလည်း တက်လာသည်။

ထရန့်တည်ထောင်ခဲ့သော Truth Social လူမှုကွန်ရက်စာမျက်နှာကို လည်ပတ်သည့် Trump Media and Technology Group သည် ထရန့် အနိုင်ရမည်ဟု မီဒီယာကုမ္ပဏီများက ခန့်မှန်းထားသောကြောင့် ၎င်း၏စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ 35% အထိ ဈေးများတက်လာသော်လည်း နောက်ပိုင်းတွင် ဈေးပြန်ကျသွားသည်။

(ဘယ်ဘက်မှ) ဂျက်ဘီဇောစ်၊ လာရီ အယ်လ်စင်၊ အီလွန်မတ်စ်/Getty images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက