နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ် ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီကို ဘာနီဆန်းဒါး (Bernie Sanders) က ပြင်းပြင်းထန်ထန် ရှုတ်ချ

နိုဝင်ဘာလ (၇) ရက်။

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးမှုအား ဗားမောင့်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး က ပြင်းပြင်းထန်ထန် ဝေဖန်ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းသည့် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့သူ ဘာနီဆန်းဒါးက “အလုပ်သမားလူတန်းစားကို စွန့်ပစ်ထားတဲ့ ဒီမိုကရက်တစ်ပါတီဟာ အလုပ်သမား လူတန်းစားက ပြန်လည် စွန့်လွှတ်လိုက်တာကို တွေ့ရှိရတာ ကြီးကြီးမားမား အံ့သြစရာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

“ပထမဆုံး လူဖြူအလုပ်သမားလူတန်းစားတွေက ဒီမိုကရက်ပါတီကို စွန့်ပစ်လိုက်တယ်။ အခုနောက်မှာ လက်တင်နိုနဲ့ လူမည်းအလုပ်သမားတွေကပါ ကျောခိုင်းတဲ့အထဲမှာ ပါဝင်လာတာပဲ” ဟု ဆန်းဒါး က ဆက်လက်ပြောကြားသည်။ “ဒီမိုကရက်တစ်ခေါင်းဆောင်ပိုင်းက လက်ရှိအနေအထားကို ခုခံကာကွယ်နေချိန်မှာ အမေရိကန်ပြည်သူတွေဟာ ဒေါသထွက်ပြီး အပြောင်းအလဲကို လိုလားနေကြတာ ဖြစ်တယ်။ သူတို့လုပ်တာ မှန်ပါတယ်” ဟု သူကဆိုသည်။

၂၀၁၆ နှင့် ၂၀၂၀ တွင် သမ္မတအတွက် ရွေးချယ်ခံရန်ကြိုးစားခဲ့သည့် ထရန့်သည် အမေရိကန်လူမျိုးများ၏ စီးပွားရေး မတည်ငြိမ်မှု ဝင်ငွေနှင့် ဓနဥစ္စာ မညီမျှမှု အာမခံချက်ရှိသော မိသားစုနှင့် ဆေးခွင့်မရှိခြင်းအထိ စီးပွားရေးမတည်ငြိမ်မှုများ ဆက်လက်ကြုံတွေ့နေရပုံကို ထင်ဟပ်‌ပြောကြားနိုင်ခဲ့သည်။

ဆန်းဒါးက အစ္စရေးသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးကမ်း သုံးစွဲနေမှုကိုလည်း ဝေဖန်ခဲ့သည်။

“ဒီနေ့မှာ အမေရိကန်အများစုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ ရှိနေပေမဲ့၊ ပါလက်စတိုင်းပြည်သူတွေအပေါ် အစွန်းရောက် နေတန်ယာဟုအစိုးရရဲ့ အလုံးစုံစစ်ပွဲအတွက် ရန်ပုံငွေ ဘီလီယံနဲ့ချီပြီး သုံးစွဲနေဆဲဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဥပဒ်ဖြစ်စေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အာဟာရချို့တဲ့မှုနဲ့ ကလေးထောင်ပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးမှုစေခဲ့တယ်” ဟု သူက ထောက်ပြခဲ့သည်။

အမေရိကန် အထက်လွှတ်တော်တွင် စတုတ္ထ ခြောက်နှစ်သက်တမ်းအတွက် အင်္ဂါနေ့တွင် ပြန်လည် ရွေးကောက်ခံရသော ဆန်းဒါးသည် ဒီမိုကရက်ပါတီအနေနှင့် သင်ခန်းစာ သင်ယူနိုင်မှုအပေါ် သံသယ ရှိခဲ့သည်။

“ဒီမိုကရက်တစ်ပါတီကို ထိန်းချုပ်တဲ့ ကြီးမားတဲ့ အကျိုးစီးပွားတွေနဲ့ လစာကောင်းတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေဟာ ဒီကပ်ဆိုးမဲဆွယ်မှုကနေ တကယ့်သင်ခန်းစာတွေ သင်ယူနိုင်ပါ့မလား။ သန်းပေါင်းများစွာသော အမေရိကန်တွေ တွေ့ကြုံနေရတဲ့ နာကျင်မှုနဲ့ နိုင်ငံရေးကနေ ပစ်ပယ်ခံနေရမှုကို သူတို့ နားလည်မှာလား။ စီးပွားရေးနဲ့ နိုင်ငံရေးပါဝါ အများကြီးရှိတဲ့ ပိုအားကောင်းတဲ့ လူနည်းစုအစိုးရ (Oligarchy)ကို ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာကို သူတို့မှာ အကြံဥာဏ် ရှိပါရဲ့လား။ ရှိမှာ မဟုတ်ပါဘူး” ဟု ဆန်းဒါးက ပြောသည်။

ရှေ့ဆက်ရမည့်လမ်းအတွက် “အလွန်လေးနက်သော နိုင်ငံရေးဆွေးနွေးမှုများ” သည် ယခုအခါ အခြေခံလူတန်းစားများအတွက် ဒီမိုကရေစီနှင့် စီးပွားရေး တရားမျှတမှုကို အလေးထားသော ကျွန်တော်တို့အတွက် ရှေ့ဆက်ရမည့်လမ်းအတွက် ဂုဏ်ယူကြောင်းနှင့် ဆန်ဒါးစ်က ၎င်း၏ ကြေညာချက်တွင် “စောင့်မျှော်ပါ” ဟူ၍ စာဖြင့်အဆုံးသတ်လိုက်ပါသည်။

ဝါရှင်တန်ဒီစီရှိ Howard တက္ကသိုလ်တွင် ဗုဒ္ဓဟူးနေ့က မိန့်ခွန်းတွင် ဟဲရစ် သည် ရွေးကောက်ပွဲ တွင် ရှုံးနိမ့်မှုကို လက်ခံခဲ့သည်။

“ဒီရွေးကောက်ပွဲရှုံးနိမ့်မှုကို ကျွန်မလက်ခံနေချိန်မှာပဲ ဒီမဲဆွယ်မှုမှာ လှုံ့ဆော်စည်းရုံး လုပ်ဆောင်နေတဲ့ တိုက်ပွဲကိုတော့ ကျွန်မ အရှုံးမပေးပါဘူး” ဟု သူမက ဆိုသည်။ “လွတ်လပ်မှုအတွက်၊ အခွင့်အလမ်းတွေအတွက်၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲတွေကို ဆက်လက်ဆင်နွဲသွားမှာဖြစ်ပြီး ကျွန်မတို့နိုင်ငံရဲ့ နှလုံးသား စံနှုန်းတွေအတွက်တိုက်ပွဲ၊ အမေရိကန်ကို အကောင်းဆုံး ထင်ဟပ်စေတဲ့ စိတ်ကူးတွေ” ကို ဆက်လက်အကောင်အထည်ဖော်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ဂျော်ဂျီယာ၊ မစ်ရှီဂန်၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ်ကွန်ဆင်ပြည်နယ်များကိုပါ ထရန့်က အနိုင်ရသည်ဟု ခန့်မှန်းပြီးနောက် ဟဲရစ်၏ လိုက်လျောညီထွေပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက