နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည်ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည်မဟုတ်ဟုဆို

++++++++++++++++++++++

ဒီဇင်ဘာလ (၈) ရက်။

အမျိုးသားလုံခြုံရေးအကြံပေးက အမေရိကန်သည် ISIS ပြန်လည်ပေါ်ပေါက်လာမှုကို ဟန့်တားရန် ကြိုးစားမည်ဖြစ်သော်လည်း ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) က အမေရိကန် ပြည်ထောင်စုသည် ဆီးရီးယားတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ပါဝင်သွားမည်မဟုတ်သော်လည်း ISIS ၏ ပြန်လည်ပေါ်ပေါက်လာနိုင်သည့် အလားအလာများကို တားဆီးရန် ခြေလှမ်းများလုပ်ဆောင်မည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ဆီးရီးယားသူပုန်၊များ၏ ထိုးစစ်ဆင်မှုများ ကြားထဲက ၎င်း၏ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်သည်။

“အမေရိကန်ဟာ ဆီးရီးယားပြည်တွင်းစစ်ရဲ့ အလယ်မှာ စစ်ရေးအရ ဝင်‌ရောက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့်အရာက အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကိုသာ အာရုံစိုက်လုပ်နေပါတယ်” ဟု ကယ်လီဖိုးနီးယားရှိ ရီဂင် အမျိုးသားကာကွယ်ရေးဖိုရမ်တွင် fireside chat တွင် ဆူလေဗန်က ပြောကြားခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် အမေရိကန်သည် မည်သည့် ဘက်ကိုမှ ရပ်တည်မည်မဟုတ်သော်လည်း ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ISIS ပြန်လည် ပေါ်ပေါက်လာမှုကို ဟန့်တားရန်နှင့် ဒေသတွင်းမဟာမိတ်များကို ထောက်ပံ့ရန် လိုအပ်သော ခြေလှမ်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆူလေဗန်က ပြောကြားခဲ့သည်။

“ ပထမဆုံး အရေးကြီးတာက ISIS ပြန်လည် ပေါ်ပေါက်လာဖို့အတွက် ဒါကို ခွင့်မပြုပါနဲ့၊ အဲဒါဖြစ်မလာဘူးဆိုတာ သေချာအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

“ ဒုတိယအနေနဲ့၊ အစ္စရေး၊ ဂျော်ဒန်၊ အီရတ်နဲ့ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး ရရှိစေဖို့ လေးလေးနက်နက် စိတ်ဝင်စားမှုရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ လုပ်မယ်။ “

တတိယအချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှု အခြေအနေတွေကို လိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပါ။”

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ကို ဆီရီးယားရှိ အလားအလာရှိနေသော အစိုးရအပြောင်းအလဲမှ ရှောင်ရှားရန်နှင့် ပဋိပက္ခကို သူ့အတိုင်းလွှတ်ထားရန် တောင်းဆိုခဲ့ပြီးနောက် ၎င်း၏မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားရှိ ဖြစ်ရပ်များသည် ယူကရိန်းစစ်ပွဲကြောင့် ရုရှား၏ အရင်းအမြစ်များ ယိုယွင်းမှု ရလဒ်များ ဖြစ်သည်ဟု ပို့စ်တွင်‌ ဖော်ပြခဲ့သည့် ထရန့်၏ ခွဲခြမ်းစိတ်ဖြာချက်ကို ဘိုင်ဒင်အုပ်ချုပ်ရေးမှ အလေးအနက် သဘောတူညီချက်ဖြစ်ကြောင်း ဆူလေဗန်မှ မှတ်ချက်ပြုခဲ့သည်။

အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ခြင်း ခံရသည့် သူပုန်တပ်များ၏ ရှေ့ဆောင်အဖွဲ့အား နောက်ဖြစ်ပေါ်လာမည့်အရာနှင့်ပတ်သက်၍ တာဝန်ရှိသူများက စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ (၎င်း) တွင် အမေရိကန်များ၏သွေးများ စွန်းထင်းနေသောအုပ်စုများနှင့် ဆက်စပ်နေသော အစိတ်အပိုင်းများ ရှိသည်” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

ဒေသတွင်းမှာ ယိုဖိတ်လာနိုင်တဲ့သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက မည်မျှစိုးရိမ်ကြောင်း မေးမြန်းသောအခါ ဆူလေဗန်က “ ဒါဟာ စိုးရိမ်စရာပဲ” လို့ ဝန်ခံပြီး အရာရှိတစ်ဦးက အနီးကပ် စောင့်ကြည့်နေပါတယ်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်