နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အာဆတ်အစိုးရ၏ ကာကွယ်ရေးများ ပြိုလဲသွားချိန်တွင် သူပုန်များသည် ဒမတ်စကတ်သို့ ဝင်ရောက်လာပုံရသည်ဟု မြို့ခံ ပြော

ဒီဇင်ဘာလ (၈) ရက်။

အာဆတ်အစိုးရ၏ ကာကွယ်ရေးတပ်များ ပြိုကျနေသည့် အရိပ်အယောင်များ ပြသနေခြင်းကြောင့် သူပုန်တပ်ဖွဲ့များသည် ဆီးရီးယားမြို့တော် ဒမတ်စကတ်သို့ ဝင်ရောက်လာပုံရသည်ဟု မြို့ခံတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ဒမတ်စကတ်မြို့တွင်းရှိ ရပ်ကွက်တစ်ခုဖြစ်သည့် Barzeh တွင် “သူပုန်များရောက် ရှိနေသည်” ဟု မြို့ခံက CNN သို့ ပြောကြားပြီး တိုက်ပွဲများ လတ်တလော ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

“ပုန်ကန်တိုက်ခိုက်ရေးသမားတွေဟာ ဘာဇက် (Barzeh) ရဲ့အတွင်းပိုင်း လမ်းကြားတွေကို ဖြတ်ပြီး Police Club လမ်းဆီကို ရွေ့လျားသွားနေတာကိုတွေ့ခဲ့ရပြီး ပြင်းထန်တဲ့ တိုက်ပွဲသံတွေ ကြားရတယ်။ လျှပ်စစ်မီး ပြတ်တောက်သွားပြီး နဲ့ အင်တာနက်က အရမ်းကိုအားနည်းတယ်၊ လူတွေကတော့ သူတို့အိမ်တွေမှာပဲ နေနေကြရတယ်။”

“ စစ်ရေးအရ၊ ဒမတ်စကတ် ပြိုလဲသွားပါပြီ” ဟု သူပုန်များ၏ ချီတက်လာမှုနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

တော်လှန်ရေးကင်းထောက်တပ်ဖွဲ့များသည် သမ္မတ ဘာရှာအယ်အာဆတ်ကို ညတွင်းချင်းပင် ဒမတ်စကတ်သို့ ဝင်ရောက်ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အထူးသူပုန်စစ်ဆင်ရေးတပ်ဖွဲ့များသည် ဒမတ်စကတ်သို့ဝင်ရောက်ပြီး မဟာဗျူဟာကျသော နေရာများတွင် အဓိကနေရာယူနေကြသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ဘက်ပြောင်းရန် စဉ်းစားနေသော အာဆတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ပြုလုပ်နေကြောင်း သူပုန်များက ပြောသည်။

တစ်နေ့တာလုံးတွင်၊ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များသည် မြောက်၊ တောင်နှင့် အရှေ့ဘက်မှ ဒမတ်စကတ်မြို့သို့ ၅ မိုင်အောက်သာရှိသော ဆင်ခြေဖုံးများအထိ ရွေ့လျားလာနေပြီး ဖြစ်ရပ်တစ်ခုတွင် ဆီးရီးယားမြို့တော်၏ဗဟိုမှ ၁ မိုင်မျှသာဝေးတော့သည်။

ဒမတ်စကတ် တွင်ရှိသော အာဆတ်အစိုးရအကြီးတန်း အရာရှိများသည် ဘက်ပြောင်းလာရန် ပြင်ဆင်နေကြောင်း ဆီးရီးယား သူပုန်များက ပြောသည်။

မြို့တော် ဒမတ်စကတ်တွင် ၎င်းတို့၏ အံ့မခန်း အရှိန်အဟုန်ဖြင့် ချီတက်နေချိန်တွင် ၎င်းတို့ထံ အာဆတ်အစိုးရ အကြီးတန်းအရာရှိများသည် ဘက်ပြောင်းလာရန် ပြင်ဆင်နေကြောင်း ဆီးရီးယား သူပုန်များက ပြောသည်။

“မြို့တော် ဒမတ်စကတ်ရှိ အကြီးတန်း အစိုးရအရာရှိများနှင့် အရာရှိများ သည် ၎င်းတို့၏ ဘက်ပြောင်းလာမှုကို လုံခြုံစေရန်အတွက် ကျွန်ုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်” ဟု စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး ဟာဆန် အဗ္ဗဒူလ်ဂါနီ (Lt. Col. Hassan Abdul Ghani )က စနေနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဒီအချက်က အစိုးရစစ်ခေါင်းဆောင်တွေအကြားမှာ တဦးနဲ့တဦး သစ္စာဖောက်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စွပ်စွဲနေကြပြီး အစိုးရရဲ့ စစ်ခေါင်းဆောင်တွေကြား မယုံကြည်မှု အခြေအနေကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

CNN သည် ၎င်း၏ပြောဆိုမှုအပေါ် အတည်မပြုနိုင်သေးပေ။

ဒီအခြေအနေကို ဘယ်လိုရောက်လာသလဲ။

++++++++++++++++++++++++

တပ်မတော်စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ကို လွန်ခဲ့သည့် တစ်ပတ်ကျော်က ဖွဲ့စည်းခဲ့သော်လည်း ၎င်း၏တိုးတက်မှုမှာ လျင်မြန်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က အလက်ပိုကို သိမ်းပိုက်ပြီးနောက် ၎င်း၏တပ်ဖွဲ့များသည် ကြာသပတေးနေ့တွင် ဟာမာကို သိမ်းပိုက်ခဲ့ပြီး စနေနေ့တွင် မြို့တော် ဒမတ်စကတ်သို့ ဦးတည်သည့် အဓိက M5 အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် ဟုမ်းစ် (Homs) မြို့ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ထိုအတောအတွင်း မြို့တော်ကို သောကြာနေ့တွင်မှသာ ထိုးစစ်ဆင်ခဲ့သော တောင်ပိုင်း သူပုန်အုပ်စုများက ပိုမိုဝန်းရံထားပြီး ထိုတပ်ဖွဲများသည် တောင်ပိုင်း ကျေးလက်ဒေသ အများအပြားကို ဖြတ်ကျော်သိမ်းပိုက်ဝင်ရောက်လာခဲ့သည်။ စနေနေ့အစောပိုင်းတွင် တောင်ပိုင်းသူပုန်များက ၎င်းတို့သည် ဒမတ်စကတ်၏ “တံခါးဝများ” သို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက