နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံ HTS ခေါင်းဆောင် အယ်ဂျူလာနီနှင့် CNN အင်တာဗျူး အပြည့်အစုံ။

CNN မှ Jamal Karachi က အဓိက အတိုက်အခံ ခေါင်းဆောင် အဘူမိုဟာမက်အယ်ဂျူလာနီ (Abu Muhammad Al Julani) နှင့် ဆီးရီးယားနိုင်ငံ အယ်လက်ပိုမြို့မှာ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။

မေး။ ရှင်အခုလို ဘယ်ကြောင့် လုပ်နိုင်ခဲ့တာလဲ။

ဖြေ။ မကြာသေးမီနှစ်တွေအတွင်း ပြည်တွင်းပေါင်းစည်းရေးအမြင်တွေနဲ့ ဆီးရီးယား လွတ်မြောက်နယ်မြေအတွင်း အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်း တွေ တည်ထောင်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို အင်စတီကျူးရှင်းတွေ တည်ထောင်ရာမှာ စစ်ဘက်ဆိုင်ရာအဖွဲ့ခွဲတွေအတွင်း ပြန်လည်ဖွဲ့စည်း တာတွေလည်း ပါဝင်ပါတယ်။ အဲ့ဒီလို ပူးပေါင်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့စခန်းတွေနဲ့ စစ်စည်းကမ်းကို လိုက်နာမှုဟာလည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။

ဒီလိုစည်းကမ်းတွေနဲ့ သူတို့ တိုက်ပွဲဝင်တဲ့အခါ စည်းစနစ်ကျနစွာ တိုက်နိုင်ခဲ့တယ်။ အစီအစဥ်တွေကို အောင်မြင်ဖို့ အကောင်အထည်ဖော်ရာမှာ လျှင်မြန် ရှင်းလင်းစွာနဲ့ အမိန့်ပေးမှုတွေကို ဆက်သွယ်ကွပ်ကဲနိုင်ခဲ့ပါတယ်။

ရပ်သင့်တဲ့နေရာမှာ သူတို့ကရပ်ပြီး ဆုတ်သင့်တဲ့နေရာမှာ သူတို့က ဆုတ်ပါတယ်။ တော်လှန်ရေးဟာ မငြိမ်မသက်ဖြစ်မှုနဲ့ ကြုံရာကျပန်း လုပ်ဆောင်ခဲ့တဲ့ အခြေအနေ ကနေ အမိန့်နာခံမှုရှိတဲ့ စည်းစနစ်ကျမှုက အရပ်ဖက်နဲ့ အင်စတီကျူးရှင်း ကိစ္စရပ်တွေသာမက စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေမှာလည်း အလားတူ အခြေအနေကို ကူးပြောင်းနိုင်ခဲ့ပါတယ်။

မေး။ အာဆတ်အစိုးရရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှား၊ ဟစ်ဇ်ဘိုလာ၊ အီရန်တို့ အားနည်းသွားပြီး တခြားစစ်ပွဲတွေမှာ နစ်မွန်းနေတာကြောင့် ဒီလိုဖြစ်နေတာကို ကျမတို့ မြင်နေရတယ်၊ အခု ဆီးရီးယား အစိုးရကိုယ်တိုင်ကလည်း အားပျော့သွားတယ်။ ဒါက အခုဖြစ်ပျက်နေတာလေ။ ဒါကြောင့် ဒီထိုးစစ်ကို အခုပဲ စတင်ဖို့ ရှင်က ရွေးချယ်ခဲ့တာလား။

ဖြေ။ ကျွန်တော်တို့က တိုက်ပွဲအလယ်မှာ ရှိနေတုန်းပဲ။ ဒီလိုအသေးစိတ်တွေ ဆွေးနွေးပြောပြတာဟာ စဥ်းစားဆင်ခြင်ရမဲ့ကိစ္စဖြစ်တယ်ဆိုတာ ခင်ဗျား သိပါတယ်။

မေး။ ဒါပေမယ့် အယ်လက်ပို (Aleppo) ကို ရှင်တို့တိုက်ခဲ့တုံးကထက် ဟာမာ(Hama) မှာက ခုခံမှု ပိုနည်းပါးတယ်လေ။ ဘာကြောင့်လို့ ရှင်ထင်ပါသလဲ? အစိုးရတပ်က ဘာကြောင့် ဆုတ်ခွာသွားခဲ့ရတာလဲ?။

ဖြေ။ ရှုံးနိမ့်မှုက စစ်အစိုးရရဲ့ အတွင်းထဲမှာ အမြဲရှိနေတယ်။ အဲဒီအချိန်မှစပြီး သူတို့ဟာ မတိုက်ခင်ကတည်းက တိုက်လိုစိတ်က သေဆုံးနေခဲ့ပြီ။ ဒါပေမဲ့ အီရန်တွေက အာဆတ်အစိုးရကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့ကြပြီး အချိန်ကို ဝယ်ယူနေခဲ့တယ် နောက်ပိုင်းမှာ ရုရှားတွေကလည်း အာဆတ်ကို ပြန်ရှင်သန်လာအောင် ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမယ့် အမှန်တရားကတော့ ဒီအစိုးရကသေနှင့်နေခဲ့ပြီ။

မေး။ ပြီးခဲ့တဲ့နှစ်က ဘာဆာအယ် အာဆတ် (Bashar al Assad) ဟာ စစ်ပွဲကနေ လွတ်မြောက်ရှင်သန်သွားပုံရပါတယ်။ သူ့ကို အာရပ်အသိုင်းအဝိုင်းထဲမှာ ပြန်လည်လက်ခံခဲ့ပြီး ကမ္ဘာ့ဇာတ်ခုံမှာရော အာရပ်နိုင်ငံတွေကပါ ကြိုဆိုခဲ့တယ်။

ဖြေ။ အာရပ်နိုင်ငံတွေက အခြေအနေကို အကဲဖြတ်မှု မှားယွင်းခဲ့တယ်။ အာရပ်နိုင်ငံအချို့က အာဆတ်အစိုးရကို အီရန်ရဲ့ စီမံကိန်းမှ ခွဲထုတ်ရန် ကြိုးစားခဲ့ကြပါတယ်။ ဒါက မဖြစ်နိုင်ဘူး။ အာဆတ်အစိုးရက လိုလားရင်တောင် အကောင်အထည်မဖော်နိုင်ဘူး။ ဆီရီးယားဟာ အီရန်ရဲ့လက်အောက်ခံ ဆက်ဆံရေးတစ်ခုဖြစ်တယ်။ အာဆတ်အစိုးရက အောင်ပွဲခံတယ်လို့ပြောရင် အကျဉ်းထောင်တွေထဲမှာ မုဒိမ်းကျင့်ခံရတဲ့ ကလေးတွေ၊ လူတွေ၊ အမျိုးသမီးတွေ၊ ကမ္ဘာတဝှမ်းမှာ ပြန့်ကျဲနေတဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေ၊ ပင်လယ်ထဲမှာ ရေနစ်သေဆုံးသူတွေနဲ့ အခြားနိုင်ငံ နယ်နိမိတ်ထဲမှာ တဲထိုးနေထိုင် နေကြသူတွေ အတွက် အလွန်တရာမှ မတရားတဲ့အမှု ဖြစ်ပါတယ်။ ဘယ်လိုမျိုး အောင်ပွဲမျိုးအကြောင်းကို ကျုပ်တို့က ပြောနေတာလဲ။

မေး။ တင်းကျပ်တဲ့ အစ္စလာမ့် အုပ်ချုပ်မှုအကြောင်း အရင်က တစ်ခါမှ မပြောဖူးဘူး။ ဒီအစီအစဉ်က ရှိတုန်းပဲလား။

ဖြေ။ ဒါကြောင့် အစ္စလာမ့်အုပ်ချုပ်ရေးကို ကြောက်ရွံ့သူတွေဟာ အဲဒါကို မှားယွင်းစွာ အကောင်အထည်ဖော်တာကို တွေ့ခဲ့ကြတယ်။ ဒါမှမဟုတ် သေသေချာချာ နားမလည်တာလည်း ဖြစ်ကြမှာပါ။ ကျွန်တော်တို့က ဒေသရဲ့ ဓလေ့ထုံးတမ်းနဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ အရာတစ်ခုအကြောင်း ပြောနေတာပါ။ အရေးကြီးဆုံးက အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ပါ။ ကျွန်တော်တို့ တစ်ဦးချင်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဆန်တဲ့အုပ်ချုပ်ရေးအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ အင်စတီကျူးရှင်းဆိုင်ရာ အုပ်ချုပ်မှုစနစ်နဲ့ ပတ်သက်ပါတယ်။ ဆီးရီးယားဟာ အုပ်စိုးရှင်တစ်ဦးက ထင်သလို ဆုံးဖြတ်ချက်တွေ ချမှတ်အုပ်ချုပ်တဲ့ နိုင်ငံမဟုတ်ဘဲ အင်စတီကျူးရှင်းဆိုင်ရာ အုပ်ချုပ်မှုစနစ်နဲ့ ထိုက်တန်တဲ့နိုင်ငံ ဖြစ်ပါတယ်။

မေး။ ဆီးရီးယားနိုင်ငံသား အများအပြားက အာဆတ်အစိုးရ အဆုံးသတ်တာကို မြင်တွေ့ရလို့ ပျော်ရွှင်နေမယ်ဆိုတာ သိကြပေမယ့် လူနည်းစုတွေ အပါအဝင် HTS ရဲ့ အုပ်ချုပ်မှုဟာ ဘာကို ဆိုလိုသလဲဆိုတာကိုလည်း သူတို့က စိုးရိမ်နေကြပါတယ်။

ဖြေ။ ဘယ်သူကမှ တခြားအုပ်စုတခုကို ဖျက်စီးပိုင်ခွင့် မရှိပါဘူး။ ဒီလူမျိုးစုတွေဟာ ဒီဒေသမှာ နှစ်ပေါင်းရာနဲ့ချီ တည်ရှိခဲ့ကြပြီး သူတို့ကို ဘယ်သူကမှ ချေမှုန်းဖို့ အခွင့်မရှိပါဘူး။ အာဆတ်အစိုးရ လုပ်ဆောင်ခဲ့တဲ့အတိုင်း ဂိုဏ်းတစ်ခုတည်းကိုသာ ဦးစားပေးတဲ့စနစ် မဟုတ်ဘဲ အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ သေချာစေဖို့ ဥပဒေဘောင်တစ်ခုရှိရမှာ ဖြစ်ပါတယ်။

မေး။ ရှင်ပြောနေတာတွေကို နားထောင်ပြီး ရှင်ဟာ ဘဝ ဖြတ်သန်းခဲ့မှုတွေနဲ့အတူ အတော့်ကို ပြောင်းလဲလာခဲ့တယ် ၊ တစ်ချိန်က ရှင့်ရဲ့ အဖွဲ့ဟာ အယ်ကိုင်ဒါ (al-Qaide) နဲ့ အိုင်းဆစ် (ISIS)တို့နဲ့ ဆက်နွယ်မှု ရှိခဲ့ပြီး အခုတော့ ရှင်ဟာ အလယ်အလတ်လမ်းစဥ်အုပ်စုထဲမှာ အလယ်အလတ်ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံရိပ်ကို ဖော်လာတယ်။ အခု ရှင့်ရဲ့ HTS အဖွဲ့ဆိုတာက ဘာလဲ။

ဖြေ။ HTS ဟာ တခြားအဖွဲ့တွေလိုပဲ ဒေသတွင်းမှာရှိတဲ့ ဂိုဏ်းခွဲတွေထဲကတစ်ခု ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပြောနေတာက ပိုကြီးတဲ့ ပိုကြီးတဲ့ စီမံချက်တစ်ခု အကြောင်းပါ။ ဒီနေရာမှာ ဆီးရီးယားနိုင်ငံ တည်ဆောက်ရေးအကြောင်း ကျွန်တော်တို့ ပြောနေတာဖြစ်တယ် ဟိုင်အတီရာ ရှမ် (Hiatair Sham- HTS ) ဟာ ဒီဆွေးနွေးမှုရဲ့ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပြီး ဒီအဖွဲ့ကို အချိန်မရွေး ဖျက်သိမ်း နိုင်ပါတယ်။ HTSဟာ အဆုံးသတ်အဖွဲ့အစည်းလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရဖွဲစည်းရာမှာ ရင်ဆိုင်ရမယ့်တာဝန်ကို ပါဝင်လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီတာဝန်ပြီးမြောက်ပါက အုပ်ချုပ်ရေး၊ အဖွဲ့အစည်း စသဖြင့် အသွင်ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းဟာ အဆင့်တွေနဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းရပြီး ဒီအတွေ့အကြုံတွေက လူတစ်ယောက်ရဲ့ အသိဉာဏ်ကို သဘာဝအတိုင်း တိုးမြင့်ပေးမယ်လို့ ယုံကြည်ပါတယ်။ အသက် ၂၀ ၀န်းကျင်ရှိ လူတစ်ဦးဟာ အသက် ၃၀ သို့မဟုတ် ၄၀ နှစ်များအတွင်း တစ်စုံတစ်ဦးနဲ့ အသက် ၅၀ နှစ်တွေအတွင်း တစ်စုံတစ်ဦးနဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိလာမှာ ဖြစ်ပါတယ်။

မေး။ ဒါဆိုအရင်အခြေအနေတွေကနောက်မှာကျန်ရစ်ခဲ့ပြီလား။

ဖြေ။ တစ်ခါတစ်ရံမှာ လက်တွေ့ဘဝနဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပြီး အချို့အယူအဆတွေနဲ့ သဘောတရားတွေက လိုက်လျောညီထွေ မရှိရင် ဒါကိုတရားသေ ဆုပ်ကိုင်ထားသူတစ်ဦးဟာ ဆီးရီးယားမှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးတဲ့ ပဋိပက္ခတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကို ထိရောက်စွာ ဦးဆောင်နိုင်ဖို့ ဒါမှမဟုတ် လမ်းပြဦးဆောင်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။

မေး။ ဒီစကားတွေကို နားထောင်နေတဲ့လူတွေက ရှင့်ကို ဘာကြောင့် ယုံကြည်သင့်သလဲလို့ တွေးနေကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှင့်ကို အကြမ်းဖက်သမားအဖြစ် ရှင့်ခေါင်းပေါ်မှာ ဒေါ်လာ ၁၀ သန်း ဆုငွေကို အမေရိကန်က ထုတ်ထားတယ်၊ ရှင့်အဖွဲ့ဟာ အမေရိကန်၊ ကုလသမဂ္ဂ၊ EU နှင့် အခြားနိုင်ငံတွေကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတယ်။

ဖြေ။ လူတွေကို ကျွန်တော်ပြောချင်တာက စကားလုံးနဲ့ မဆုံးဖြတ်ဘဲ လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ပါလို့ ပြောချင်တယ်၊ အဖြစ်မှန်က သူ့ဘာသာ သူပြောလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလိုအမျိုးအစားခွဲခြားသတ်မှတ်ခြင်းဟာ အဓိကအားဖြင့် နိုင်ငံရေးအရ ဖြစ်ပြီး တစ်ချိန်တည်းမှာ မှားယွင်းပါတယ်။ အကြမ်းဖက်သမားဆိုတာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ အပြစ်မဲ့သူများကို အန္တရာယ်ပြုခြင်း ဒါမှမဟုတ် လူတွေကို မောင်းထုတ်ရွှေ့ပြောင်းစေတဲ့သူကိုသာ အကြမ်းဖက်သမားလို့ ကျွန်တော်က သတ်မှတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ အာရပ်ရှိ အင်အားကြီးနိုင်ငံကြီးတွေ ဆင်နွှဲနေတဲ့ စစ်ပွဲတွေမှာ မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေမှာပင် ထောင်နဲ့ချီတဲ့ တမင်တကာ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို ဖျက်စီးခြင်းနဲ့ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်းတို့ ပါဝင်ပါတယ်။ အာဆတ်အစိုးရကိုယ်တိုင်က ဒီလိုလုပ်ရပ်မျိုးမှာ အပြစ်ရှိတယ်။

မေး။ ဒါပေမဲ့ အမေရိကန်နဲ့ အခြားသူတွေက ရှင်ပြောတဲ့လုပ်ဆောင်မှုတွေအတိုင်း လုပ်တဲ့ အဲဒီအုပ်စုတွေထဲမှာ ရှင်တို့အဖွဲ့က အစိတ်အပိုင်းတခုအဖြစ် ပါနေခဲ့တယ်လေ။

ဖြေ။ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျတော့ ဒီဟာတွေကို မလုပ်ဖူးပါဘူး။ အခြေအနေကို ဖြစ်ပျက်မှုရဲ့ သမိုင်းကြောင်းအရ နားလည်ရမှာဖြစ်ပါတယ်။ အီရတ်မှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး လူအများရဲ့ စိတ်ခံစားချက်တွေကို နက်နက်နဲနဲ နှိုးဆော်ခဲ့ပြီး အဲဒီနေရာကို သွားဖို့ လှုံ့ဆော်ခဲ့တယ်။ အဲဒီစစ်ပွဲရဲ့ အခြေအနေတွေက လူတွေကို နေရာအမျိုးမျိုးကို ပို့ဆောင်ပေးခဲ့ပြီး ကျွန်တော်ရဲ့ လမ်းကြောင်းကနေ အခြားနေရာ တစ်ခုကို ပို့ဆောင်ပေးခဲ့ပြီး အဲဒိအချိန်က ကျွန်တော်ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ အသိဥာဏ် ပေးစွမ်းသလောက်ကို ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်ရဲ့ လုပ်ရပ်တွေနဲ့ အတွေ့အကြုံတွေက ဒီနေ့ ကျွန်တော်ရဲ့ဒီနေ့အခြေနေကို ပြောင်းလဲရောက်ရှိ လာအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီအကြမ်းဖက် ရည်ရွယ်ချက်တွေနဲ့ ကျွန်တော် အီရတ်ကို သွားခဲ့တာ မဟုတ်ဘူး။ အီရတ်ပြည်သူတွေကို ကာကွယ်ဖို့ သွားခဲ့တာပဲ ဖြစ်တယ်။ ဆီးရီးယားကို ပြန်ရောက်တဲ့အခါ အီရတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆီးရီးယား ထဲကို မသွင်းလာချင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့နဲ့ ISIS ကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

မေး။ လူတွေက ဘာကြောင့် ကျမတို့နဲ့စကားပြောဖို့ကို ရှင်က ခွင့်ပြုခဲ့ရတာလဲဆိုတာကို သိချင်ကြလိမ့်မယ်။

ဖြေ။ ဆီးရီးယားမှာ ဖြစ်ပျက်နေတာက တစ်ကမ္ဘာလုံးအတွက်ပါ ထူးခြား အရေးပါပါတယ်။ ဒီဖြစ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အပြုသဘောဆောင်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆတ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဆီးရီးယားနိုင်ငံဟာ လူတိုင်းအတွက် စိုးရိမ်စရာ အရင်းအမြစ်နေရာ ဖြစ်လာပြီး ဆီးရီးယား တည်ငြိမ်ရေးကသာ လူအများအပြားကို မိမိနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးမှာ ဖြစ်တာကြောင့် ဒီနေ့ လွတ်မြောက်နယ်မြေတွေမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် လူ ၁.၅ သန်းခန့်ဟာ စခန်းတွေမှာ နေထိုင်နေကြရပြီး၊ မကြာခင်ကျွန်တော်တို့ဟာ လွတ်မြောက် နယ်မြေမှာ ရှိနေတဲ့ ပြည်သူတွေကို သူတို့အိမ်တွေကို ပြန်လာနိုင်ဖို့အတွက် နလန်ပြန်ထနိုင်တဲ့ ထူထောင်ရေးတွေ လုပ်ပေးနိုင်ဖို့ အခြေအနေကို ရောက်ရှိလာမယ်လို့ ယုံကြည်ပါတယ်။ တူရကီမှာရှိနေတဲ့ ဒုက္ခသည် အများအပြားလည်း ပြန်လာနိုင်ဖွယ်ရှိပြီး လက်ဘနွန်နဲ့ ဂျော်ဒန်ရှိ ဒုက္ခသည် အများအပြားကလည်း နေရပ်ကို ပြန်လာကြပါလိမ့်မယ်၊ ဥရောပရှိ ဒုက္ခသည်တွေလည်း မိမိတို့ရဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ပြန်လာနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 107 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား