နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။

သတင်းထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက်

အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။ အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် အမေရိကန် နိုင်ငံသား များသည် အရှေ့တောင်အာရှရှိ လိမ်လည်မှုလုပ်ငန်းများကြောင့် အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့သည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် ယနေ့တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က မြန်မာနိုင်ငံရှိ လိမ်လည်လှည့်ဖြားမှုဗဟိုဌာနဖြစ်သော ရွှေကုက္ကိုတွင် လှုပ်ရှားနေသည့် ပစ်မှတ် ၉ ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ရွှေကုက္ကိုသည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ကရင်အမျိုးသား တပ်မတော် (KNA) ၏ အကာအကွယ်အောက်တွင် လည်ပတ်နေခြင်းဖြစ်သည်။ KNA သည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ လိမ်လည်လှည့်ဖြားမှုများကို လုပ်ဆောင်ပြီး လုပ်သားများကို အဓမ္မလုပ်အားပေးခိုင်းစေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းဖြစ်သည်။

ထို့အပြင်၊ OFAC သည် ကမ္ဘောဒီးယားရှိ အဓမ္မလုပ်အားပေးစခန်းများတွင် ပါဝင်ပတ်သက် သည့် လူပုဂ္ဂိုလ် ၄ ဦးနှင့် အဖွဲ့အစည်း ၆ ခုတို့ကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။ ထိုစခန်းများတွင် လုပ်သားများကို အမေရိကန်၊ ဥရောပ၊ တရုတ်နှင့် အခြားနေရာများရှိ သားကောင်များအား Virtual Currency ရင်းနှီးမြှုပ်နှံမှု အသွင်ယူကာ လိမ်လည်ရန် အဓမ္မစေခိုင်းခဲ့သည်။

ဤပိတ်ဆို့အရေးယူမှုများသည် ရာဇဝတ်ကွန်ရက်များ၏ စက်မှုလုပ်ငန်းအဆင့် လိမ်လည် မှုများ၊ အဓမ္မလုပ်အားပေးမှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ နှင့် အမေရိကန်နိုင်ငံသားများ၏ ခက်ခဲစွာရှာဖွေထားသော စုဆောင်းငွေများကို ခိုးယူခြင်းတို့ လုပ်ဆောင်နိုင်စွမ်းကို ဟန့်တားခြင်းအားဖြင့် အမေရိကန်နိုင်ငံသားများကို အွန်လိုင်း လိမ်လည်မှုများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ပေးရန်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူမှုများကို သမတအမိန့်(Executive Order_ (E.O.) 13581၊ E.O. 13863၊ E.O. 14014၊ E.O. 13818၊ နှင့် E.O. 13694 တို့မှ ပြင်ဆင်ထားသည့် E.O. အမိန့်များ အရ ချမှတ်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဘဏ္ဍာရေး ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ကြည့်ရှုနိုင်သည်။

Criminal actors across Southeast Asia have increasingly exploited the vulnerabilities of Americans online.  In 2024, Americans lost at least $10 billion to scam operations in Southeast Asia, according to a U.S. government estimate.

In response, the U.S. Department of the Treasury’s Office of Foreign Assets Control (OFAC) today imposed sanctions on nine targets involved in operations in Shwe Kokko, a scam center hub in Burma operating under the protection of the already sanctioned criminal organization Karen National Army (KNA).  The KNA is a transnational criminal organization that facilitates online scam operations that target Americans and exploit workers in forced labor.

Additionally, OFAC sanctioned four individuals and six entities for their roles operating forced labor compounds in Cambodia, where workers are forced to carry out virtual currency investment scams against victims in the United States, Europe, China, and elsewhere.

These sanctions protect Americans from the pervasive threat of online scam operations by disrupting the ability of criminal networks to perpetuate industrial-scale fraud, forced labor, physical and sexual abuse, and theft of Americans’ hard-earned savings.

The Department of the Treasury’s sanctions designations were taken pursuant to Executive Order (E.O.) 13581, as amended by E.O. 13863, E.O. 14014, E.O. 13818, and E.O. 13694, as amendedFor more information, see Treasury’s Press Release.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု