နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

သီးသန့် CNN နှင့်အင်တာဗျူးတွင် ကာတာဝန်ကြီးချုပ်က နက်တန်ယာဟုသည် အစ္စရေး ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ပြောကြားခဲ့

CNN -၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်

ကာတာဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒိုဟာ၌ ဟားမတ်စ်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းသည် “အရိုင်းအစိုင်း ဆန်သည်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့လူတွေနဲ့ ဆက်ဆံနေတယ်လို့ ထင်ခဲ့တာပါ” ဟု ကာတာ ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရတ်မန် ဘင် ဂျက်ဆင် အယ်လ်-သာနီက CNN သတင်းထောက် ဘက်ကီ အန်ဒါဆင်ကို ပြောကြားခဲ့သည်။ “အဲဒါဟာ ကျွန်တော်တို့ တခြားသူတွေနဲ့ ဆက်ဆံတဲ့ပုံစံပဲ။ (နက်တန်ယာဟု) လုပ်ခဲ့တဲ့ လုပ်ရပ်ကို ကျွန်တော် မဖော်ပြတတ်ဘူး။ ဒါပေမဲ့ ဒါဟာ အရိုင်းအစိုင်းဆန်တဲ့ လုပ်ရပ်ပဲ” ဟု ၎င်းက ဆိုသည်။

အယ်လ်-သာနီက အစ္စရေး၏ အင်္ဂါနေ့က ဒိုဟာအပေါ် တိုက်ခိုက်မှုသည် ဂါဇာတွင် ကျန်ရှိ နေသေးသည့် ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုမဖြစ်ခင် မနက်က ဓားစာခံမိသားစုဝင်တစ်ဦးနဲ့ ကျွန်တော် တွေ့ခဲ့ပါသေးတယ်” ဟု အယ်လ်-သာနီက ပြောသည်။ “သူတို့ဟာ ဒီ (အပစ်အခတ်ရပ်စဲရေး) ကြားဝင်စေ့စပ်မှု အပေါ် မျှော်လင့်နေကြတာ၊ သူတို့အတွက် တခြားမျှော်လင့်စရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

“နက်တန်ယာဟု မနေ့က လုပ်ခဲ့တာဟာ အဲဒီဓားစာခံတွေအတွက် မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်တာပဲလို့ ကျွန်တော် ထင်တယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဒိုဟာရှိ တိုက်ခိုက်မှုသည် “နိုင်ငံတော် အကြမ်းဖက်မှု” မှတစ်ပါး အခြားမရှိကြောင်း အယ်လ်-သာနီက CNN ကို ပြောသည်။ ဝန်ကြီးချုပ်သည် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် အစ္စရေး၏ လုပ်ရပ်များအတွက် ပြစ်တင်ရှုတ်ချရာ၌လည်း ထိုစကားလုံးကိုပင် အသုံးပြု ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အယ်လ်-သာနီသည် ဒေါသထွက်နေသည်ကို ထင်ရှားစွာ တွေ့ရသည်။ ၎င်းသည် တိုက်ခိုက်မှုဖြစ်ပွားပြီး သုံးဆယ့်ခြောက်နာရီအကြာ ဗုဒ္ဓဟူးနေ့ တွင် လည်း ဒေါသတကြီး ပြောဆိုခဲ့သည်။

“ဒီလိုလုပ်ရပ်မျိုးကြောင့် ကျွန်တော်တို့ ဘယ်လောက် ဒေါသထွက်နေလဲဆိုတာ ဖော်ပြဖို့ စကားလုံးမရှိဘူး။ … ဒါဟာ နိုင်ငံတော် အကြမ်းဖက်မှုပဲ” ဟု အယ်လ်-သာနီက CNN ကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့ သစ္စာဖောက်ခံလိုက်ရပြီ” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်မှု အပြီး ဟားမတ်စ်စေ့စပ်ညှိနှိုင်းရေးမှူးနှင့်ပတ်သက်၍ “တရားဝင် ထုတ်ပြန် ကြေညာ ခြင်းမရှိသေး”

အယ်လ်-သာနီသည် အင်္ဂါနေ့က ဒိုဟာ၌ ဟားမတ်စ်ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီးတွင် ဟားမတ်စ်၏ အဓိကစေ့စပ် ညှိနှိုင်းရေးမှူး ခါလီ အယ်လ်-ဟာယာ၏ ကံကြမ္မာကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အဓိကစေ့စပ်ညှိနှိုင်းရေးမှူး၏ လက်ရှိတည်နေရာနှင့်ပတ်သက်၍ CNN က မေးမြန်းသော အခါ အယ်လ်-သာနီက “အခုထိတော့ … တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ဟားမတ်စ်ကမူ ၎င်း၏အဖွဲ့ဝင် ၅ ဦး တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကိုမူ လုပ်ကြံသတ်ဖြတ် နိုင်ခဲ့ ခြင်း မရှိပေ။

တိုက်ခိုက်မှုတွင် ကာတာလုံခြုံရေးအရာရှိ အသက် ၂၂ နှစ်အရွယ်တစ်ဦး သေဆုံးခဲ့ကြောင်း အယ်လ်-သာနီက ပြောသည်။

“တခြားတစ်ယောက်ယောက် ပျောက်ဆုံးနေသေးလားဆိုတာကို ကျွန်တော်တို့ ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ … အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေတဲ့ ကာတာနိုင်ငံသားတွေ ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေးက ဒိုဟာကို မတိုက်ခိုက်ခဲ့ပါက အပစ်အခတ်ရပ်စဲရေးအတွက် နောက်ဆုံးပေါ် အမေရိကန်၏ မူဘောင်အပေါ် ဟားမတ်စ်၏ တုံ့ပြန်မှုသည် မည်သို့ဖြစ်မည်ကို ၎င်းမခန့်မှန်း နိုင်ကြောင်း အယ်လ်-သာနီက ပြောကြားခဲ့သော်လည်း အစ္စရေးနှင့် ဟားမတ်စ်တို့သည် အပစ်အခတ် ရပ်စဲရေးကို အာမခံနိုင်မည့် “အခွင့်အရေးများ ကုန်ဆုံးတော့မည်” ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။

ကာတာသည် ကြားဝင်စေ့စပ်မှုကို “ပြန်လည်သုံးသပ်”ကြည့်ခြင်း

တိုက်ခိုက်မှုအပြီး မကြာမီတွင် အယ်လ်-သာနီက ကာတာသည် ၎င်း၏ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများကို ရပ်တန့်မည်မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် နေတန်ယာဟုသည် ကာတာမြို့တော်ရှိ ဟားမတ်စ် ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်းဖြင့် “တည်ငြိမ်မှုအခွင့်အရေး၊ ငြိမ်းချမ်းရေး အခွင့်အရေး မှန်သမျှကို ပျက်ပြားစေသည်” ဟု ပြောကြားခဲ့သည်။

“ရက်သတ္တပတ်အနည်းငယ်ကတည်းက လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်စဉ်းစားနေခဲ့ပြီး နက်တန်ယာဟုဟာ ကျွန်တော်တို့ရဲ့အချိန်တွေကို အလဟဿ ဖြုန်းနေတယ်” ဟု အယ်လ်-သာနီက ပြောသည်။

“သူဟာ ဘာတစ်ခုကိုမှ အလေးအနက်မထားဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး မကြာသေးမီက ဆွေးနွေးမှုများသည် “အဓိပ္ပာယ်မရှိ” ဟု ပယ်ချခဲ့သည်။

အယ်လ်-သာနီက ကာတာသည် မည်သည့်အနာဂတ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များတွင်မဆို ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ “အရာအားလုံးကို ပြန်လည် သုံးသပ် နေသည်” ဟု ထပ်လောင်းပြောကြားခဲ့ပြီး မည်သို့ဆက်လက် ဆောင်ရွက်ရမည်ကို အမေရိကန်အစိုးရနှင့် “အလွန်အသေးစိတ် ဆွေးနွေးနေသည်” ဟုလည်း ဆိုသည်။

အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အကြီးဆုံး စစ်အခြေစိုက်စခန်းကို လက်ခံထားသည့် ကာတာသည် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည်။ အစ္စရေးကိုယ်တိုင်က မဟုတ်ဘဲ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဒန် ကိန်းကသာ တိုက်ခိုက်မှုမစမီ အချိန်အနည်းငယ်အလိုတွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်အား အသိပေးခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အခြားအမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ထရန့်သည် အိမ်ဖြူတော်၏ အထူးသံတမန် စတိဗ် ဝတ်ကော့ဗ်ကို ကာတာအား အကျဉ်းချုပ်တင်ပြရန် ချက်ချင်း ပြောကြား ခဲ့သည်။ ဝတ်ကော့ဗ်သည် ကာတာနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။

ထရန့်သည် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခြင်းမှ ရပ်တန့်ခဲ့သော်လည်း အင်္ဂါနေ့တွင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတသည် စိုးရိမ်ပူပန်နေကြောင်း ပြောကြားခဲ့သည်။ အယ်လ်-သာနီက အမေရိကန်သည် ကာတာကို “အကြိမ်ပေါင်းများစွာ” ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု ဗုဒ္ဓဟူးနေ့တွင် CNN ကို ပြောကြားခဲ့သည်။

“ဘယ်လိုလုပ်ဆောင်မှုမျိုးတွေ လုပ်နိုင်မလဲဆိုတာကို သိဖို့ အမေရိကန်အရာရှိအားလုံးနဲ့ ဆက်သွယ်နေပါတယ်” ဟု အယ်လ်-သာနီက ထပ်လောင်းပြောကြားခဲ့သည်။

ယခုသီတင်းပတ်ကုန်တွင် အမေရိကန်သည် အပစ်အခတ်ရပ်စဲရေး မူဘောင်အသစ်တစ်ခုကို အဆိုပြုခဲ့သည်။ ထရန့်က အစ္စရေးသည် ၎င်း၏ စည်းကမ်းချက်များကို သဘောတူခဲ့ပြီး “ဟားမတ်စ်ကလည်း လက်ခံဖို့ အချိန်ရောက်ပြီ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုနှင့် ရင်းနှီးသည့် အရာရှိတစ်ဦး၏ အဆိုအရ ကာတာဝန်ကြီးချုပ်သည် ဒိုဟာတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ဟားမတ်စ်ကို ဤအဆိုပြုချက်ကို “အပြုသဘောဆောင်စွာ တုံ့ပြန်ရန်” ဖိအားပေးခဲ့သည်။

ဟားမတ်စ်သည် ထိုအဆိုပြုချက်ကို အင်္ဂါနေ့ညနေတွင် တုံ့ပြန်ရန် စီစဉ်ထားခဲ့ကြောင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြထားသည့် သံတမန်တစ်ဦးက CNN ကို ပြောကြားခဲ့သည်။ ယင်းသည် အစ္စရေးက ဒိုဟာကို မတိုက်ခိုက်မီအချိန်က ဖြစ်သည်။

ဒေသတွင်း တုံ့ပြန်မှု

ဒိုဟာရှိ ဟားမတ်စ်အရာရှိများကို အစ္စရေး၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ “စုပေါင်းတုံ့ပြန်မှု” တစ်ခု ရှိလာမည်ဟု ကာတာက မျှော်လင့်ကြောင်း အယ်လ်-သာနီက ပြောကြားခဲ့သည်။

“ဒေသတွင်းကနေ တုံ့ပြန်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီတုံ့ပြန်မှုကို လက်ရှိမှာ ဒေသတွင်းက တခြားမိတ်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်” ဟု အယ်လ်-သာနီက ပြောသည်။

လာမည့်ရက်များတွင် ဒိုဟာ၌ အာရပ်-အစ္စလာမ် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပမည် ဖြစ်ပြီး ပါဝင်သူများသည် လုပ်ဆောင်မည့် နည်းလမ်းကို ဆုံးဖြတ်မည်ဟု အယ်လ်-သာနီက ပြောကြားခဲ့သည်။

သို့သော် ကာတာသည် တခြားဒေသတွင်း မိတ်ဖက်များကို သီးခြားနည်းလမ်းဖြင့် တုံ့ပြန်ရန် တောင်းဆိုမည်မဟုတ်ကြောင်း အယ်လ်-သာနီက ပြောကြားခဲ့သည်။

“ဒေသတွင်းကနေ စုပေါင်းတုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသင့်ပါတယ်” ဟု အယ်လ်-သာနီက ပြောသည်။ “အစ္စရေးကို ဒီလိုအနိုင်ကျင့်တာတွေ မဆက်လုပ်နိုင်အောင် တားဆီးနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ တုံ့ပြန်မှုတစ်ခုကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN