နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။

သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။

ချားလ်စ် ကိခ် ပစ်သတ်ခံရစဥ်မိနစ်ပိုင်းအခြေအနေမှာအောက်ပါအတိုင်းဖြစ်သည်။

၁၂:၀၀ နာရီ MDT (၁၉:၀၀ BST): ကိခ်သည် အမေရိကန်ပြည်ထောင်စုရှိ ကောလိပ်ကျောင်း ၁၅ ကျောင်းသို့ သွားရောက်ရန် စီစဉ်ထားသည့်အမေရိကန်ပြန်လာပြီ ( “American Comeback”) ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အခမ်းအနားသို့ ရောက်ရှိခဲ့သည်။

၁၂:၂၀ နာရီ ခန့်တွင်: ကိခ်ကို ပစ်ခတ်ခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်မှုသည် အကွာအဝေး မီတာ ၁၈၂ (၂၀၀ ကိုက်) မှ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 ၁၂:၅၀: နာရီ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

၁၃:၅၂: နာရီ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ခ် ရော်လင်းစ် က X တွင် ကိခ် သည် အရေးပေါ် အခြေအနေတွင် ရှိနေသော်လည်း “ကျွန်ုပ်တို့နှင့် အတူရှိနေသေးသည်” ဟု ပြောကြားခဲ့သည်။

၁၃:၅၄: နာရီ ကျောင်းသားများကို “ချက်ချင်း” ကျောင်းဝင်းအတွင်းမှ ထွက်ခွာရန်နှင့် နောက်အကြောင်းကြားသည်အထိ မထွက်ခွာရန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၁၄:၄၀: နာရီ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ကိခ် သည် သေနတ် ဒဏ်ရာဖြင့် ကွယ်လွန်ကြောင်း ကြေညာခဲ့သည်။

၁၅:၁၇: နာရီ ထရမ့် က ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူအား ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စုရှိ အလံများကို ထက်ဝက်ချခွင့်ပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။

၁၆:၂၅: နာရီ FBI ဒါရိုက်တာ ကက်ရှ် ပါတယ် က “တရားခံ” တစ်ဦးကို ဖမ်းဆီးရမိကြောင်း ပြောကြား ခဲ့သည်။

၂၀:၀၀: နာရီ ကက်ရှ်ပါတယ် က တရားခံကို ပြန်လွှတ်ပေးခဲ့ကြောင်း – စုစုပေါင်း သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀:၁၀: နာရီ ထရမ့် က သူ၏ Truth Social ပလက်ဖောင်းတွင် ဗီဒီယို မက်ဆေ့ချ် တစ်ခု တင်ခဲ့ပြီး ကိခ်  ကို “ရက်စက်ကြမ်းကြုတ်သော လုပ်ကြံသတ်ဖြတ်မှု” အပြီးတွင် သူသည် “ဝမ်းနည်းကြေကွဲခြင်းနှင့် အမျက်ဒေါသဖြင့် ပြည့်နှက်နေသည်” ဟု ပြောကြားခဲ့သည်။ သူသည် နိုင်ငံရေး အကြမ်းဖက်မှုများကို နှိမ်နင်းရန် ကတိပြုခဲ့သည်။ တရားခံကို ရှာဖွေနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက