နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။

ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု နည်းနည်းလေးမှ မပြခဲ့ပါဘူး။

ရုရှားဟာ ယူကရိန်းမှာရှိတဲ့ အမေရိကန်ပိုင် လုပ်ငန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သားတွေကိုလည်း ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အခုနောက်ဆုံးမှာတော့ ပိုလန်လေပိုင်နက်ထဲကို ဒရုန်းတွေ လွှတ်ခဲ့တာဟာ NATO အဖွဲ့ကို စိုးရိမ်ပူပန်စေခဲ့ပြီး ပိုကြီးမားတဲ့ စစ်ပွဲတစ်ခု ဖြစ်လာနိုင်ခြေကို ဖန်တီးခဲ့ပါတယ်။

“ရုရှားက ပိုလန်လေပိုင်နက်ကို ဒရုန်းတွေနဲ့ ပစ်ခတ်ပြီးဘာလို့ချိုးဖောက်တာလဲ” လို့ ထရမ့်က ဗုဒ္ဓဟူးနေ့က Truth Social မှာ ရေးတင်ခဲ့ပါတယ်။ “ဒီလိုပဲလား!” လို့ သူက ထပ်ဖြည့်ရေးသား ခဲ့ပေမဲ့ အသေးစိတ် မရှင်းပြခဲ့ပါဘူး။

သမ္မတက ပူတင်ဟာ သူ့ကို “လှည့်စားနေတာဖြစ်နိုင်တယ်” လို့ အရင်က ပြောခဲ့ပေမဲ့ အဲဒီခံစားချက်အတိုင်း အရေးယူဆောင်ရွက်မှုတော့ သိပ်မလုပ်ခဲ့ပါဘူး။ ပူတင်ကို ငြိမ်းချမ်းရေးယူဖို့အတွက် ပေးခဲ့တဲ့ “နှစ်ပတ်” နောက်ဆုံးရက်တွေကို အကြိမ်ကြိမ် ကျော်လွန်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်က ပူတင်က သူ့ကို လှည့်စားနေတယ်ဆိုတဲ့ ကောက်ချက်ကို ဆွဲဖို့ အလွန်တွန့်ဆုတ် နေသလောက်၊ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက သူ့အတွက် လုပ်ဆောင်ပေးနေခဲ့ပါတယ်။

သူတို့ဟာ ထရမ့်ကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ စကားလုံးတွေကို သေချာရွေးချယ် ပြောဆိုကြပေမဲ့ အမေရိကန်သမ္မတဟာ အလှည့်စားခံနေရတယ်ဆိုတဲ့ ပုံရိပ်ကို ဖော်ပြ နေကြတာပါ။

“သမ္မတ ထရမ့်က ဒီစစ်ပွဲကို ဖြေရှင်းဖို့ ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတိုင်း ပေးနေကြောင်း သေချာစေချင်တာပါ။ ဒါပေမဲ့ ပူတင်က သူ့ကို အခု လှည့်စားနေပါတယ်” လို့ အိုင်အိုဝါပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုနီ အန်းစ်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပြီး “ပြီးတော့ သမ္မတလည်း ဒါကို နားလည်တယ်လို့ ကျွန်မထင်ပါတယ်” လို့ ထပ်ဖြည့်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် သွန် သီလစ်စ်ကလည်း အလားတူ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

“ကျွန်တော်ထင်ပါတယ် ရုရှားဟာ လှည့်စားနေတယ်။ သူတို့ တကယ်ကို ကျွန်တော်တို့ကို စန္ဒရားလို တီးနေတာပါ” လို့ မြောက်ကာရိုလိုင်းနားပြည်နယ်က ရီပတ်ဘလစ်ကန်အမတ်က ပြောခဲ့ပြီး ထရမ့်ဟာ “အလွယ်ယုံတာမျိုးတော့ မဟုတ်ပါဘူး” လို့လည်း ပြောခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် နှစ်ဦးစလုံးဟာ လာမယ့်နှစ်မှာ ပြန်အရွေးခံမှာမဟုတ်တဲ့အတွက် ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပိုပြီး ပွင့်ပွင့်လင်းလင်း သုံးသပ်နိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ထွက်ခွာတော့မယ့် ရီပတ်ဘလစ်ကန်တွေချည်းပဲ ဒီလိုပြောနေတာတော့ မဟုတ်ပါဘူး။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ဥက္ကဋ္ဌ ရော်ဂျာ ဝီကာ (မီစ္စစ္စပီပြည်နယ်) ကလည်း ပိုလန်မှာ အခြေအနေတွေ မတိုးတက်ခင် တနင်္လာနေ့က ကြမ်းပြင်ပေါ်မှာ မိန့်ခွန်းပြောရင်း ဒီလို ဦးတည်ချက်ကို လက်ဟန်ခြေဟန်နဲ့ ဖော်ပြခဲ့ပါတယ်။

ထရမ့်ဟာ “ဗလာဒီမာ ပူတင်ကို အခွင့်အရေးအတိုင်း ပေးခဲ့ပါတယ်” လို့ သူက ပြောခဲ့ပေမဲ့ ရုရှားသမ္မတဟာ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လှောင်ပြောင်ခဲ့တယ်” နဲ့ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဂိမ်းကစားခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်ကပင် အလက်စကားမှာ ပူတင်နဲ့ တွေ့ဆုံမှုဟာ အကျိုးမရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

“သမ္မတ ပူတင်ဟာ အန်ခေါရေဂျ်မှာ သမိုင်းဝင်တွေ့ဆုံမှုပြီးကတည်းက … သူလုပ်ချင်တယ်လို့ ပြောခဲ့တဲ့အရာတွေရဲ့ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ဘက်ဆန့်က ပြီးခဲ့တဲ့ အပတ်က Fox News ကို ပြောခဲ့ပါတယ်။

ဒီမှတ်ချက်တွေဟာ အဓိက ကမ္ဘာ့ခေါင်းဆောင်တချို့ရဲ့ အလားတူမှတ်ချက်တွေနောက်မှာ ထွက်ပေါ်လာတာပါ။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က သြဂုတ်လနှောင်းပိုင်းမှာ ပူတင်ဟာ ယူကရိန်းနဲ့ တွေ့ဆုံဖို့ သဘောတူညီမှုမရခဲ့ရင် “တစ်ဖန် သမ္မတ ပူတင်က သမ္မတ ထရမ့်ကို လှည့်စားခဲ့တယ်” ဆိုတာကို ဆိုလိုတယ်လို့ ပြောခဲ့ပါတယ်။

ဒီနှစ် ကမ္ဘာ့စင်မြင့်မှာ ထရမ့်နဲ့ ရင်းနှီးနေတဲ့ NATO အတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တေကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ တွန်းအားပေးနေသူတွေကို “ကျွန်တော်တို့ အလွယ်ယုံတာ မျိုး မဖြစ်သင့်ဘူး” လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတကို တိုက်ရိုက်ရည်ညွှန်းတာမျိုးတော့ မဟုတ်ပါဘူး။

ဒီဇာတ်လမ်းဟာ ရီပတ်ပလီကင် (GOPတွေဘက်မှာ အရှိန်ရနေပေမဲ့ လုံးဝအသစ်အဆန်း တော့ မဟုတ်ပါဘူး။

အိုင်အိုဝါပြည်နယ် အထက်လွှတ်တော်အမတ် ချပ်ခ် ဂရာစ်လေက ဧပြီလတုန်းကတည်းက ပူတင်ဟာ အမေရိကန်အစိုးရကို လှည့်စားနေတာပဲလို့ ပြောခဲ့ပါတယ်။

“သမ္မတ ထရမ့်ခင်ဗျာ ပူတင်ကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေ ကျင့်သုံးပေးပါ။ သူဟာ အမေရိကန်ကို လူရိုးကြီးလို လှည့်စားနေတယ်ဆိုတာ ရှင်းလင်းတဲ့ သက်သေ အထောက်အထားတွေ ကနေ သင် သိသင့်ပါတယ်” လို့ သူက X မှာ ရေးတင်ခဲ့ပါတယ်။

ပြီးတော့ အန်းစ်ကလည်း ဒီအပတ်မှာ ပြောခဲ့တဲ့အတိုင်း အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ဇူလိုင်လက သူက ပူတင်ဟာ “အမေရိကန်ပြည်ထောင်စုကို လှည့်စားနေတာပါ။ ပြီးတော့ သမ္မတ ထရမ့် ဒါကို သဘောပေါက်ပါတယ်” လို့ ပြောခဲ့ပါတယ်။

“သူက အမြဲတမ်းပဲ ကောင်းတဲ့ဘက်က မြင်ပေးချင်ပြီး ငြိမ်းချမ်းရေးကို အခွင့်အရေး ပေးချင်ပါတယ်” လို့ အိုင်အိုဝါပြည်နယ်က ရီပတ်ဘလစ်ကန်အမတ်က အဲဒီအချိန်က ပြောခဲ့ပါတယ် (သူ ပြန်အရွေးခံတော့မှာမဟုတ်ဘူးလို့ မကြေညာခင်ကပါ)။ “ဒါပေမဲ့ ပူတင်ကတော့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး။”

အန်းစ်က နှစ်လခြားပြီး ဒီလို နှစ်ကြိမ်တိုင်တိုင် ပြောခဲ့တဲ့အချက်ကတော့ သူတို့ပြောချင်တဲ့ အချက်ကို ဖော်ပြနေပါတယ်။

သူမက ထရမ့်ဟာ ဘာတွေဖြစ်နေလဲဆိုတာ တကယ်နားလည်တယ်လို့ အကြိမ်တိုင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ရော ဟုတ်ရဲ့လား။ အန်းစ်ပြောခဲ့သလို ဇူလိုင်လတုန်း ကတည်းက သူ လှည့်စားခံနေရတယ်ဆိုတာ နားလည်ခဲ့မယ်ဆိုရင် ပူတင်နဲ့ အလက်စကားမှာ တွေ့ဆုံပြီး အဲဒါကို အရေးပါတဲ့ တိုးတက်မှုတစ်ခုလို့ ဘာလို့ ပြောဆိုခဲ့တာလဲ။ ပိတ်ဆို့ အရေးယူ မှုတွေနဲ့ တခြား ပိုတင်းကျပ်တဲ့ အစီအမံတွေအပေါ် နောက်ဆုံးဆုံးဖြတ်ချက်တွေ ချဖို့အတွက် ထရမ့်က သူ့ကိုယ်ပိုင် နောက်ဆုံးရက်တွေကို ဘာကြောင့် ဆက်လက်ကျော်လွန် စေခဲ့တာလဲ။ ထရမ့်က သူ လှည့်စားခံနေရတယ်ဆိုတာကို နားလည်ခဲ့မယ်ဆိုရင် အဲဒါကို ပြသတဲ့ပုံကတော့ ထူးဆန်းနေပါတယ်။

ထရမ့်က ရုရှားရေနံဝယ်ယူမှုအတွက် အိန္ဒိယကို အပြစ်ပေးတဲ့အနေနဲ့ အခွန်ကြီးကြီးမားမား ချမှတ်ခဲ့ပြီး တနင်္ဂနွေနေ့က မော်စကိုအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေ ပြောင်းရွှေ့ဖို့ အသင့်ဖြစ်ပြီလို့ အချက်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိတ်ဆွေ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် ဦးဆောင်တဲ့၊ နှစ်ပါတီစလုံးရဲ့ ကျယ်ပြန့်တဲ့ ထောက်ခံမှုရှိတဲ့ ပိတ်ဆို့အရေးယူမှုအတွက် ဥပဒေရေးရာ တွန်းအားပေးမှုကိုတော့ သူ လုံးဝ လျစ်လျူရှုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်တွေရဲ့ နောက်ဆုံးနည်းဗျူဟာကတော့ ရုရှားအပေါ် ပိုပြီး ပြတ်သားတဲ့ မူဝါဒကျင့်သုံးဖို့အတွက် ထရမ့်ကို ညင်သာစွာ ဆွဲဆောင်တဲ့ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်တော့ ဘူးဆိုတာကို အသိအမှတ်ပြုခြင်း ဖြစ်ပုံရပါတယ်။ ထရမ့်က ပူတင်ကို နှစ်ပေါင်းများစွာ ထင်ရှားစွာ ညင်ညင်သာသာ ဆက်ဆံခဲ့တာဟာ ပါတီတွင်း ရုရှားအပေါ် ပြင်းထန်တဲ့ မူဝါဒ ကျင့်သုံးလိုသူတွေကို စိန်ခေါ်နေခဲ့ပါတယ်။ အခုတော့ သူတို့က သည်းခံနိုင်စွမ်း ကုန်ဆုံးလာပုံ ရပြီး သဘောတူညီချက်တစ်ခုအတွက် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားရင် လူအတွေလို ဖြစ်နေနိုင်တယ်လို့ ထရမ့်ကို သတိပေးနေကြတာပါ။

အောက်လွှတ်တော်အမတ် ဒွန် ဘေကွန်က တနင်္လာနေ့မှာ ဒီအချက်ကို ကောင်းကောင်း အကျဉ်းချုပ်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ရုရှားနဲ့ယူကရိန်းအပေါ် သမ္မတက မှန်ကန်တဲ့နေရာကို ရောက်လာလိမ့်မယ် လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ မရောက်ခဲ့ပါဘူး” လို့ သူက CNN ရဲ့ မနူ ရာဂျုကို ပြောခဲ့ပါတယ်။ လာမယ့်နှစ်မှာ ကွန်ဂရက်ကနေ အနားယူတော့မယ့် နီဘရာစကားပြည်နယ်က ရီပတ်ဘလစ်ကန်အမတ်က “အစိုးရအဖွဲ့ရဲ့ ရုရှားအပေါ် မူဝါဒက အားနည်းပြီး တုံ့ဆိုင်းနေပါ တယ်။ ပူတင်က အဲဒါကို အခွင့်ကောင်းယူနေပါတယ်” လို့ ထပ်ပြောခဲ့ပါတယ်။

ဒီ တခြား ရီပတ်ဘလစ်ကန်တွေကလည်း ဒီလို စကားလုံးတွေနဲ့ မပြောပေမဲ့ အခြေခံအားဖြင့် တော့ သဘောတူနေကြတာပါပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက