နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်

ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler Robinson) တစ်ယောက်တည်းက လုပ်ကြံမှုကို ကျူးလွန်ခဲ့တာလား” ဟု မေးမြန်းခဲ့ရာ ကော့စ်က “ဟုတ်တယ် ဒါပေမဲ့ စုံစမ်း စစ်ဆေးမှုက ဆက်လက်လုပ်နေတယ်” ဟု ဆိုသည်။

“ကျွန်တော်တို့ အခုအချိန် အခြားထပ်မံဖမ်းဆီးရမဲ့သူတွေ လုပ်ဖို့အတွက် သတင်းအချက်အလက်တွေ မရှိသေးပါဘူး” ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ပစ်ခတ်သူ တောလာရော်ဘင်ဆင်သည် ချာတီကာ့ခ်အသတ်ခံခဲ့ရသည့် ယူတာ့ဗဲလီးယူနီဗာစီတီမှ ကျောင်းသား တယောက်မဟုတ်” ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

သူက “ဝါရှင်တန်ကောင်တီမှာ သူ့မိသားစုနဲ့ ကြာမြင့်စွာ နေထိုင်နေခဲ့သူဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးစပင်ဆာက ဆိုသည်။

ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်သည် ချာလီကတ်ခ်ကို အားကျသူ ငယ်ရွယ်ပြီး နိုင်ငံရေးအရ တက်ကြွသည့်လူငယ်များကို အကြမ်းဖက်မှုများကို ဆန့်ကျင်ကြရန် ချာလီကတ်ခ် လုပ်ကြံခံရပြီးနောက် ပြောကြားခဲ့သည်။

“နိုင်ငံရေးဟာ‌ ဒေါသအမျက်ထွက်စရာဖြစ်တယ်ဆိုတဲ့ ခံစားရတဲ့နိုင်ငံရဲ့အမွေကို သင်တို့ ဆက်ခံခဲ့ကြရတယ်။ သင်တို့အနေနဲ့ အမျက်ဒေါသထွက်ခြင်းဟာ တခုတည်းသော ရွေးချယ်စရာလို ဖြစ်နေခဲ့တယ်” ဟု ကော့စ်ကဆိုသည်။

သို့ရာတွင် အုပ်ချုပ်ရေးမှူးက သူတို့ကို “သေနတ်ခလုပ်ကို ဆွဲလိုက်သူကို ဘယ်သူက တာဝန်ပေးလိုက်သလဲဆိုခြင်းကို အာရုံစိုက်ကြရန်” ပြောခဲ့သည်။

ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာမှာ တာဝန်ရှိသူတယောက်ရှိတယ်။ အခုဒီလူဟာ ထိန်းသိမ်းခံထားရပြီး မကြာခင် အမှုစွဲခံရတော့မှာဖြစ်ပါတယ်။ သူလုပ်သမျှအတွက် ပေးဆပ်ရတော့မှာ ဖြစ်တယ်။

“မင်းတို့မျိုးဆက်မှာ အခုငါတို့ခံစားနေရတဲ့အခြေအနေနဲ့ လုံးဝမတူညီတဲ့ ယဥ်ကျေးမှုကို တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်” ဟု ကော့စ်က ဆိုသည်။ မတူညီမှုတွေရှိနေတာ ပြဿနာ မဟုတ်ပါဘူး။ ဒါကို ဟန်ဆောင်မနေဘဲ ခက်ခဲတဲ့ ပြန်လှန်ပြောဆိုမှုတွေနဲ့ မတူညီမှုတွေကို လက်ခံပေးလိုက်ပါ။


အုပ်ချုပ်ရေးမှူးက နိုင်ငံရေးအရဆွဲဆောင်နေသူများအားလုံး စကားအခြေအတင် စစ်ထိုးသည့်စကားရည်လုပွဲများကို မပိတ်ပစ်ရန်လိုကြောင်း ဆိုခဲ့သည်။

စကားလုံးများသည်အကြမ်းဖက်ခြင်းမဟုတ်ပါ။ အကြမ်းဖက်ခြင်းသည်သာ အကြမ်းဖက်ခြင်းမှုဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက