နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA ပိတ်ဆို့ထားတဲ့ မောင်တော နခခ(၅)ထဲက စစ်ကာင်စီတပ်ဖွဲ့ဝင်တွေ ငိုယိုအကူအညီတောင်းတဲ့ ရုပ်သံဖိုင်ထွက်ပေါ်

ဒီဇင်ဘာလ (၈)ရက်။

AA ရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံနေရတဲ့ မောင်တော နခခ(၅)ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငိုယိုအကူညီတောင်းတဲ့ ရုပ်သံဖိုင်တွေ ဒီကနေ့မှာ လူမှုကွန်ရက်စာမျက်နှာကနေ ထွက်ပေါ်လာချက်အရ သိရပါတယ်။

အဲ့ဒီရုပ်သံဖိုင်မှာ နခခ(၅)ထဲ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် (၅၀)ကျော်ရှိတာကို တွေ့ရပြီး သူတို့တွေဟာ ဩဂုတ်လ (၄)ရက်နေ့ကစပြီး ပိတ်မိနေခဲ့တာလို့ ပြောဆိုထားကြပါတယ်။

ပိတ်မိနေတဲ့ နခခ(၅)ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စားဖို့သောက်ဖို့မရှိတော့သလို စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေဘက်ကလဲ ကူညီကယ်ထုတ်ပေးတာတွေ မရှိတော့တဲ့အတွက်ကြောင့် ဒုက္ခရောက်နေကြရကာ ကယ်ကြဖို့ တောင်းပန်ပြောဆိုနေကြပါတယ်။

“ ဘယ်မှလဲ ထွက်လို့မရဘူး၊ ဘယ်မှလဲ သွားလို့မရတော့ဘူး၊ အကုန်လုံးက ပိတ်မိနေပြီ၊ အခု တပ်က တတပ်လုံး ကျသွားပြီ၊ ကျွန်တော်တို့ တစ်စုလေးပဲကျန်တော့တာ။ တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ပေးပါ၊ ကူညီပေးပါ” လို ရုပ်သံဖိုင်ရိုက်ကူးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ငိုသံပါပါနဲ့ ပြောဆိုထားတာကို တွေ့ရပါတယ်။

နောက်ပြီး ပိတ်ဆို့ခံထားရတဲ့ နခခ(၅)က တပ်ဖွဲ့မှူးအပါအဝင် အရာရှိတွေအားလုံး ထွက်ပြေးသွားကြကာ ပိတ်မိနေသူတွေဟာ အောက်ခြေတပ်သားအဆင့်တွေသာ ဖြစ်ပြီး လက်နက်ခဲယမ်းတွေလဲ မရှိတော့တာကြောင့် ကူညီကယ်ဆယ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။

အခုလို ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီတောင်းခံ‌နေတဲ့ ရုပ်သံဖိုင်ထဲမှာ ပစ်ခတ်သံတွေကိုလဲ ကြားနေရပြီး လက်နက်ချအလင်းဝင်ဖို့ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

အခုအချိန်မှာ မောင်တော နခခ(၅)ထဲက ခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းကနေသာ ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းပေးတာကလွဲပြီး ဘယ်လိုစစ်ကူမ်ျုးမှ လာရောက်ဖြည့တင်းပေးနိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ AA က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် နခခ(၅)စခန်းဟာ AA ရဲ့ ထိုးစစ်အောက်မှာ မကြာမီ သိမ်းပိုက်ရရှိတော့မယ့် မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တယ်လို့ ဒီဇင်ဘာလ (၆)ရက်နေ့မှာ အသိပေးထားချက်အရ သိရပါတယ်။

https://t.me/eraseye/2460

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့