နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ညီလာခံ ပဉ္စမနေ့ကို CRPH မတက်ရောက်တော့

ဧပြီလ (၉)ရက်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံရဲ့ ဒီကနေ့ ပဉ္စမနေ့ကို CRPH က ပါဝင်မတက်ရောက်နိုင်တော့ကြောင်း NUCC ထံကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

NUCC ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ (၄)ရက်ကစပြီး (၆)ရက်နေ့အထိ (၃)ရက် ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် အခုအခါ ထပ်တိုးရက်တွေနဲ့ (၅)ရက်ကြာ ကျင်းပနေခဲ့တာပါ။

CRPH အနေနဲ့ အရင်က သတ်မှတ်ထားတဲ့ (၃)ရက်နဲ့ ထပ်တိုး(၁)ရက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ထပ်မံခေါ်ယူတဲ့ ညီလာခံ (ပဉ္စမနေ့)မှာ မတက်ရောက်တော့တာလို့ ဆိုပါတယ်။

CRPH ရဲ့ အကြောင်းကြားစာထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၂)ပါ ပြဌာန်းချက်တွေထက် ကျော်လွန်ပြီး ဆွေးနွေးအတည်ပြုချက်ရယူတာတွေရှိလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မူလအစီအစဉ်မှာ ပါဝင်တာမရှိတဲ့ ထပ်မံတင်သွင်းတဲ့ အဆိုပြုချက်တွေဟာ အချိန်ယူဆွေးနွေးဖို့ လိုအပ်တဲ့အပြင် အခုထက် ပိုမိုစုံလင်တဲ့ Stakeholder တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ်လို့ ရေးသားထားပါတယ်။

ညီလာခံမှာ အချို့သော ကိုယ်စားလှယ်တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီးလဲ CRPH က ပြောဆိုထားပါတယ်။

အခုလို ကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံရဲ့ ပဉ္စမနေ့ကို CRPH နဲ့အတူ NUG ဘက်ကလဲ ပါဝင်မတက်ရောက်နိုင်တာကို အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 32 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 32 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ