နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီဘက်က (၈)ဦးသေပြီး (၂၆)ဦးဖမ်းဆီးခံရ

မေလ (၉)ရက်။

မေလ (၈)ရက်နေ့ နံနက်(၈)နာရီ (၁၅)မိနစ်အချိန်မှာ သရက်ချောင်းမြို့ရှိ စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သရက်ချောင်းမြို့၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာစစ်ကောင်စီတပ်စခန်းနဲ့ ကျောက်ဆည်ကျေးရွာထဲက ပျူစောထီးစခန်းကို KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက မေလ (၅)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာမှာ ပဲဒက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၈)ဦးသေဆုံးကာ (၂၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး ရေတပ်ကနေ လက်နက်ကြီးပစ်ကူ (၁၃)ကြိမ်နဲ့ လေကြောင်းပစ်ကူ (၂၀)ကြိမ်ပြုလုပ်ကာ ဗုံးသီးအလုံး (၁၀၀)ခန့် ကြဲချပြီး ခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ရေးသားထားပါတယ်။

တိုက်ပွဲကနေ စစ်ကောင်စီထံက လက်နက်မျိုးစုံ (၃၀)လက်နဲ့ ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က (၂)ဦးကျဆုံးကာ (၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက စွန့်လွှတ်လိုက်ရတဲ့ ပဲဒက်စခန်းကို ပြန်လည်ရရှိဖို့အတွက် ကြည်း/ရေ/လေတပ်မှာ ရှိတဲ့အင်အားနဲ့ နည်းပေါင်းစုံသုံးကာ ကြိုးစားနေပြီး တော်လှန်ရေးတပ်တွေကလဲ နယ်မြေစိုးမိုးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေ ဆက်တိုက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် တနင်္သာရီတိုင်းထဲ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်တာကို ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေ လုံခြုံထိရောက်စွာ လုပ်ဆောင်ကြဖို့ အသိပေးထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ထားဝယ်ခရိုင်အမှတ်(၁)၊(၂)တပ်ရင်း၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ ဒေါနဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့နဲ့ KNLA တပ်မဟာ(၆) တပ်ရင်း)၂၇)၊ တပ်မဟာ(၄) တပ်ရင်း(၁၂)၊ ဖက်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 125 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို