နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့က စစ်ကောင်စီစခန်း (၅)ခုကို MDY-PDF ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်အပါအ၀င် (၁၅)ဦး အရှင်ဖမ်းမိခဲ့

ဇူလိုင်လ (၉)ရက်။

စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်း (၅)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စဉ့်ကူးစစ်ဆင်ရေးထဲမှာ သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်ထွန်းအောင်(OTC-19)အပါအ၀င် (၁၅)ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ချအလင်း၀င်းတဲ့ ပျူစောထီးတွေလဲရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ စစ်ကောင်စီက လေကြောင်းကနေချပေးတဲ့ လက်နက်ခဲယမ်းအထုပ်တွေအပါအ၀င် အခြားလက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စဉ့်ကူးစစ်ဆင်ရေးထဲ MDY-PDF ကို စဉ့်ကူးမြို့နယ်ပကဖက ထောက်ပို့ဆိုင်ရာလုပ်ငန်းတွေ ပံ့ပိုးကူညီပေးနေကာ စစ်ရေးပတ်မှတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

အခုအခါ စစ်ကောင်စီစခန်း (၅)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့် စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်းစုစုပေါင်း (၁၁)ခုအထိ သိမ်းပိုက်ရရှိထားပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 7 Views
အောက်တိုဘာလ (၂၄) ရက်။ ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့
မြန်မာသတင်း

ဘုတလင်နယ် စိုင်ပြင်လေးရွာထဲက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးကို
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 6 Views
အောက်တိုဘာလ (၂၄)ရက်။ ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က
မြန်မာသတင်း

ဝေါမြို့ X-Ray စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ဝေါမြို့၊ ဗျူဟာလမ်းဆုံအနီးရှိ X-Ray စက် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ X-Ray စက် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသူတွေ အရေးပြားရောဂါခံစားနေကြရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ
မြန်မာသတင်း

ရွှေပြည်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

ဒီပဲယင်းနယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းနယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ သင်္ဃန်းဝတ် ဝါသဝအပါအဝင် စစ်တပ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေတဆင့် လှုံ့ဆော်ရေးသားနေတယ်လို့ သိရပါတယ်။ “ ဒီပဲယင်းကို