နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇနီးသည်ကို သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့သူကို Lion Battalion စစ်ကြောင်းက ထိုင်းရဲထံအပ်နှံ

ဇူလိုင်လ (၉) ရက်။

လွန်ခဲ့တဲ့ ဧပြီလက စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာဆီကို လာရောက်တွေ့ဆုံချိန်မှာ ခင်ပွန်းဖြစ်သူက ပြင်းထန်စွာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုဒဏ်ကြောင့် ဦးခေါင်းထိပြီး ဧပြီ ၆ ရက်က သေဆုံးခဲ့ရပါတယ်။

မျက်နှာကို လက်သီးနဲ့ အချက်ပေါင်းများစွာအထိုးခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသဖို့ မထက်ထက်ဇော်ကို မယ်တော်ဆေးခန်းကတဆင့် မဲဆောက်ဆေးရုံကြီး၊ အဲဒီကတဆင့် တာ့ခ်ဆေးရုံအထိ ပို့ဆောင်ခဲ့ပြီး ဦးနှောက်သွေးယိုစီးမှုနဲ့ ခွဲစိတ်ဖို့ တွေကြိုးစားခဲ့ပေမဲ့ အဲဒီတာ့ခ်ဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ မထက်ထက်ဇော် ရုပ်အလောင်းကို ဆေးရုံမှာ ပစ်ထားပြီး ဇော်ဝင်းထွဋ် (ခ) ဝဠာဟာ ပြည်တွင်းကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် Sisters 2 Sisters အဖွဲ့နဲ့ Lion Battalion စစ်ကြောင်းတို့က ကျူးလွန်သူကို ဖမ်းမိရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

မထက်ထက်ဇော် သေဆုံးပြီး သုံးလအကြာ အခုလ ဇူလိုင် ၇ ရက်မှာ ဇော်ဝင်းထွဋ် (ခ) ဝဠာကို ထိုင်း−မြန်မာနယ်စပ် ကျောက်ခတ်ကျေးရွာကနေတဆင့် မဲဆောက်ခရိုင် ဖုတ်ဖရမြို့ရဲစခန်းကနေ မဲဆောက်ရဲစခန်းကို လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မထက်ထက်ဇော်ရဲ့ ရုပ်အလောင်းဟာ လာရောက်ထုတ်ယူသူ မရှိသေးတာကြောင့် လက်ရှိအချိန်ထိ မဲဆောက်ဆေးရုံမှာပဲရှိနေသေးပြီး သူမရဲ့ မိသားစုကလည်း ပြည်တွင်းကနေ ထွက်လာဖို့ ခက်ခဲတာကြောင့် အလောင်းထုတ်ယူတာနဲ့ နာရေးကိစ္စတို့ကို Sisters 2 Sisters အဖွဲ့က ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။

မထက်ထက်ဇော်ရဲ့ ရုပ်အလောင်း ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး မထက်ထက်ဇော်ရဲ့ မိသားစု၊ဆွေမျိုးတွေအနေနဲ့ ဆက်သွယ်လာကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း ကြေညာထားပါတယ်။

ခင်ပွန်းသည်ရဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော်မှာ အသက် (၁၀) နှစ်အောက် ကလေးနှစ်ယောက်လည်း ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တာဝန်ယူမှုအပြည့်နဲ့ လူသတ်မှု ကျူးလွန်သူကို ရဲလက်အပ်ပေးနိုင်တာဟာ အဖွဲ့အစည်းအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ယင်းမာပင်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ (၂၁) ဦး အစုလိုက် အပြုံလိုက် ကွင်းဆက်လူသတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို အခုထိ အရေးမယူပေးနိုင်တာကို စိတ်ပျက်မိတယ်လို့ အသတ်ခံရတဲ့မိသားစုတွေအတွက် ဆောင်ရွက်ပေးနေတဲ့သူက ပြောပါတယ်။ ဒါ့အပြင် ပါဝင်ပတ်သက်နေတဲ့သူအချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲမှာ ထွက်ပြေးပုန်းရှောင်နေတာကို အဲ့ဒီအဖွဲ့က ကာကွယ်ပေးထားတာကိုလည်း အလွန်စိတ်ပျက်ဒေါသထွက်ရတယ်လို့ အဲ့ဒီတိုင်းရင်းသားနယ်မြေမှာ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့သူက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 34 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို