နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဖျက်သိမ်းခံရတဲ့ Move Forward ပါတီ ကနေ People’s Party (လူထုပါတီ) ပါတီအသစ်ဖွဲ့စည်း

သြဂုတ်လ (၉) ရက်။

ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့က ထိုင်းအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းတာခံလိုက်ရတဲ့ Move Forward Party (MFP) ကို ထိုင်းလို “ဖတ်ပချာချွန်” အင်္ဂလိပ်လို People’s Party မြန်မာလို “လူထုပါတီ” ဆိုတဲ့ အမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းလွှတ်တော်အတွင်းမှာ ရှိနေတဲ့ တဲ့ Move Forward ပါတီဝင် လွှတ်တော်အမတ် ၁၄၃ ဦးလည်း အဲ့ဒီပါတီအသစ်ကို အားလုံးဝင်ရောက်မှာ ဖြစ်ပါတယ်။

ပါတီသစ် ဖွဲ့စည်းချိန် MFP ပါတီရဲ့ လက်ထောက်အထွေထွေ အတွင်း ရေးမှူးဖြစ်သူ နတ်တာဖုံ (Natthaphong) ကို ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နတ်တာဖုံဟာ အသက် ၃၇ နှစ်သာရှိနေပြီး ချူလာလောင်ကွန်းတက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာနဲ့ ဘွဲ့ရထားပြီး Move Forward ပါတီရဲ့ ကွန်ပျူတာနဲ့ အချက်အလက်နည်းပညာပိုင်းအားလုံးကို တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရတဲ့ နတ်တာဖုံဟာ ဘန်ကောက်မှာရှိတဲ့ Thai Summit တာဝါကို Move Forward ပါတီက ပါတီဝင်များနဲ့အတူ ရောက်ရှိလာပြီး ပါတီအသစ် ထူထောင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

“ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ပြည်သူသာ အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရဲ့အာဏာအရှိဆုံးသူတွေ ဖြစ်ပါတယ်။ လူထုပါတီဟာ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံး အာဏာဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပြီး နိုင်ငံဟာ ပြည်သူတွေအတွက်ပဲ ဖြစ်ရပါမယ်” လို့ ပါတီခေါင်းဆောင်သစ် နတ်တာဖုံက ပြောခဲ့ပါတယ်။

ထိုင်းအခြေခံဥပဒေခုံရုံးက Move Forward ပါတီ ဖျက်သိမ်းဖို့ အမိန့်ချပြီး နောက်တနေ့မှာ ဗိုလ်ချုပ်ကြီးပရာဝိ ခေါင်းဆေင်တဲ့ ပါတီကနေ ပုဒ်မ ၁၁၂ ကိုပြင်ဖို့ လက်သုံးချောင်းထောင်ခဲ့ကြတဲ့ Move Forward ပါတီက နောက်ထပ် ၄၄ ယောက်ကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံးအရေးယူပေးပါဆိုပြီး တရားရုံးကို အမှုထပ်တင်ထားတယ်လို့ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 31 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 36 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက