နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဖျက်သိမ်းခံရတဲ့ Move Forward ပါတီ ကနေ People’s Party (လူထုပါတီ) ပါတီအသစ်ဖွဲ့စည်း

သြဂုတ်လ (၉) ရက်။

ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့က ထိုင်းအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းတာခံလိုက်ရတဲ့ Move Forward Party (MFP) ကို ထိုင်းလို “ ဖတ်ပချာချွန်” အင်္ဂလိပ်လို People’s Party မြန်မာလို “ လူထုပါတီ” ဆိုတဲ့ အမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းလွှတ်တော်အတွင်းမှာ ရှိနေတဲ့ တဲ့ Move Forward ပါတီဝင် လွှတ်တော်အမတ် ၁၄၃ ဦးလည်း အဲ့ဒီပါတီအသစ်ကို အားလုံးဝင်ရောက်မှာ ဖြစ်ပါတယ်။

ပါတီသစ် ဖွဲ့စည်းချိန် MFP ပါတီရဲ့ လက်ထောက်အထွေထွေ အတွင်း ရေးမှူးဖြစ်သူ နတ်တာဖုံ (Natthaphong) ကို ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နတ်တာဖုံဟာ အသက် ၃၇ နှစ်သာရှိနေပြီး ချူလာလောင်ကွန်းတက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာနဲ့ ဘွဲ့ရထားပြီး Move Forward ပါတီရဲ့ ကွန်ပျူတာနဲ့ အချက်အလက်နည်းပညာပိုင်းအားလုံးကို တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရတဲ့ နတ်တာဖုံဟာ ဘန်ကောက်မှာရှိတဲ့ Thai Summit တာဝါကို Move Forward ပါတီက ပါတီဝင်များနဲ့အတူ ရောက်ရှိလာပြီး ပါတီအသစ် ထူထောင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

“ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ပြည်သူသာ အဓိကအရေးကြီးဆုံး ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရဲ့အာဏာအရှိဆုံးသူတွေ ဖြစ်ပါတယ်။ လူထုပါတီဟာ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံး အာဏာဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပြီး နိုင်ငံဟာ ပြည်သူတွေအတွက်ပဲ ဖြစ်ရပါမယ်” လို့ ပါတီခေါင်းဆောင်သစ် နတ်တာဖုံက ပြောခဲ့ပါတယ်။

ထိုင်းအခြေခံဥပဒေခုံရုံးက Move Forward ပါတီ ဖျက်သိမ်းဖို့ အမိန့်ချပြီး နောက်တနေ့မှာ ဗိုလ်ချုပ်ကြီးပရာဝိ ခေါင်းဆေင်တဲ့ ပါတီကနေ ပုဒ်မ ၁၁၂ ကိုပြင်ဖို့ လက်သုံးချောင်းထောင်ခဲ့ကြတဲ့ Move Forward ပါတီက နောက်ထပ် ၄၄ ယောက်ကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံးအရေးယူပေးပါဆိုပြီး တရားရုံးကို အမှုထပ်တင်ထားတယ်လို့ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အီရန်အသံလွှင့်ဌာနကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး အတည်ပြု

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 12 Views
ဇွန်လ (၁၇) ရက်။ အီရန်အစိုးရပိုင် ရုပ်မြင်သံကြားဌာန IRINN ၏ စတူဒီယိုများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF) က
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှုသံသယဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 14 Views
ဇွန်လ (၁၆) ရက်။ မင်နီဆိုတာ ဒီမိုကရက်တစ်ပါတီမှ မဲလ်လီစာ ဟော့မန် (Melissa Hortman) နှင့် သူမ၏ခင်ပွန်း မာ့ခ် (Mark) တို့ သေဆုံးပြီးနောက် တနင်္ဂနွေညတွင် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်
နိုင်ငံတကာသတင်း အစ္စရေး အီရန်

အီရန်-အစ္စရေးစစ်ပွဲ အခြေအနေများ

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 40 Views
ဇွန်လ (၁၆) ရက်။ အစ္စရေးက အီရန်၏ South Pars ဓာတ်ငွေ့တွင်းကို မဆင်မခြင် တိုက်ခိုက်မှုကို ပင်လယ်ကွေ့နိုင်ငံရှိတာဝန်ရှိသူက ဝေဖန်ခဲ့သည်။ ပင်လယ်ကွေ့နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ကာတာနှင့် အီရန်ပူးပေါင်းလုပ်ဆောင်သည့် ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံဖြစ်သည့် အီရန်၏ South
နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုအသစ်များထပ်မံ ပြုလုပ်ခဲ့ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 24 Views
ဇွန်လ (၁၅) ရက်။ အစ္စရေးသည် အီရန်နိုင်ငံရှိ မတူညီသော နေရာများကို ပစ်မှတ်ထားပြီး ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု ကြီး ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်နှင့် အီရန်မီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒီဖရင် (Effie
နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 21 Views
ဇွန်လ (၁၅) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း အီရန်နှင့် အစ္စရေးကြား ပဋိပက္ခနှင့်အခြားကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက် ယူရီ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
ဇွန်လ (၁၄) ရက်။ သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အာဖရိက

နိုင်ဂျီးရီးယားတက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ (Ken Saro-Wiwa) ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
နိုင်ဂျီးရီးယားသမ္မတသည် ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာက စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အခြားမဲဆွယ်စည်းရုံးသူ ရှစ်ဦးနှင့်အတူ ကင်ဆာရိုဝီဝါသည် လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ထိုစဉ်က