နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါနယ်ထဲ Star Link Wifi အသုံးပြုတာတွေ ပိတ်သိမ်းဖို့ ခရိုင်ပအဖ အကြောင်းကြားထား

အောက်တိုဘာလ (၉)ရက်။

ဂန့်ဂေါနယ်ထဲ မလိုအပ်တဲ့သူတွေ Star Link Wifi အသုံးပြုတာကို တစ်လပိတ်သိမ်းဖို့ ဂန့်ဂေါခရိုင်ပအဖက အကြောင်းကြားစာ ပေးပို့ထားတယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ အဓိကကတော့ စစ်ရေးသတင်းတွေ ပေါက်ကြားလို့ တစ်လပိတ်တာလို့ ပြောတယ်။ စစ်ရေးလိုအပ်ချက်အရပဲ အသုံးပြုဖို အကြောင်းကြားလာတာ” လို့ ရပ်ကျေးပအဖအဖွဲဝင်တစ်ဦးက ဆိုပါတယ်။

ဂန့်ဂေါနယ်ထဲ စစ်ရေးသတင်းပေါက်ကြားတာတွေ ရှိတဲ့အတွက် Star Link Wifi အသုံးပြုတာကို တစ်လပိတ်သိမ်းပြီး ခရိုင်စစ်ရေးလိုအပ်ချက်အရသာ အသုံးပြုဖို အောက်တိုဘာ (၂) ရက်မှာ အကြောင်းကြားလာခဲ့တာပါ။

နောက်ပြီး မြိုနယ်ထဲ စစ်ရေးသတင်း ပေါက်ကြားတာတွေ မရှိစေဖို့အတွက် ပြည်သူထံက အခကြေးငွေကောက်ခံပြီး Star Link Wifi အသုံးပြုတာတွေကို ပိတ်သိမ်းဆောင်ရွက်ဖိုကိုလဲ ခရိုင်ပအဖက ညွှန်ကြားထားပါသေးတယ်။

“ စစ်ရေးသတင်းပေါက်ကြားတာဆို အဲ့ဒီနေရာကို အဓိကပိတ်ရမှာ၊ အခုက တစ်နေရာဖြစ်‌တာနဲ့ တစ်မြိုနယ်လုံးကို လိုက်ပိတ်တာ မဖြစ်သင့်ဘူး၊ စကစက ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်ထားလို Star Link ကို အားကိုးပြီးသုံးတာ၊ ဒါကိုထပ်ပိတ်ရင် ဘာမှသိရတော့မှာမဟုတ်ဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Wifi ပိတ်သိမ်းဖို အကြောင်းကြားစာကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသရုံးနဲ့ ခရိုင်ပအဖရုံးတို့က ‌ရပ်ကျေးပအဖတွေအပါအဝင် ခရိုင်တပ်ရင်း (၁၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉) နဲ့ ခရိုင်ဒရုန်းတပ်ဖွဲ့အပြင် မြိုနယ်ပကဖတို့ကို ပေးပိုခဲ့တာပါ။

ဂန့်ဂေါနယ်အပါအဝင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေနဲ့ လွတ်မြောက်ဒေသအချို့မှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် Star Link Wifi ကို အသုံးပြုတာတွေ ရှိနေပေမယ့် ထပ်မံပိတ်သိမ်းနေကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့