နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲသည် အလွန်အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ယူကရိန်းသမ္မတပြော

အောက်တိုဘာလ (၇) ရက်၊ ကိ့ဗ်မြို့ ယူကရိန်း။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက စစ်ပွဲသည် အရေးပါသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့ပြီး ရုရှား၏စစ်ပွဲအတွက် လောင်စာဆီထောက်ပံ့ပေးသည့် ခရိုင်းမီးယားရှိ အဓိကရေနံဆိပ်တစ်ခုကို တနင်္လာနေ့က တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် ၎င်းတို့၏ ငွေကုန်ကြေးကျမှုများပြားသည့်စစ်ကို မည်သို့ထိန်းသိမ်း ရမည်ဆိုသည့်အဖြေမရှိချေ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား၏ ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော်မှုဖြင့် စတင်ခဲ့ကာ ယင်း ပဋိပက္ခသည် ပြေလည်မှု ရစေမည့် အရိပ်အယောင်မျှ မပြနိုင်သေးပေ။

ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်၏ တောင်ဘက်ကမ်းရိုးတန်း ဖီအိုဒိုစီယာ (Feodosia) ရှိ ရေနံဆိပ်ကမ်းသည် ရုရှားစစ်တပ်အား လောင်စာဆီများ ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် စစ်ရေးနှင့် ရုရှားဖက်ဒရေးရှင်း၏ စီးပွားရေးအလားအလာ ပျက်ပြားစေရန် ဆက်လက်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ ပင်လယ်နက်ကမ်းရိုးတန်းရှိ ဖီအိုဒိုစီယာမြို့ရှိ ရုရှားခန့်အပ်ထားသည့်အာဏာပိုင်များသည် တနင်္လာနေ့နံနက်ပိုင်းတွင် ဆိပ်ကမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့ ခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကိုမူ ပြောကြားခြင်းမရှိပေ။

ယူကရိန်းသည် ရုရှား၏တိုက်ခိုက်မှုအတွက် မရှိမဖြစ်လိုအပ်သော အနောက်ဘက် ဒေသများကို ပစ်မှတ်ထားလာခဲ့ပြီး ယခုအခါ တတိယနှစ်အတွင်းသို့ နက်ရှိုင်းစွာ ရောက်ရှိလာခဲ့သည်။ ရေနံချက်စက်ရုံများနှင့် ရေနံသိုလှောင်ကန်များအပြင် လက်နက်တိုက်များကို ထိမှန်စေသည့် တာဝေးပစ်ဒရုန်းများကို တီထွင်ထုတ်လုပ်လာခဲ့သည်။ ယူကရိန်း၏ ရည်ရွယ်ချက်မှာ ၎င်း၏ ရှေ့တန်းတပ်များ အထူးသဖြင့် ရုရှားစစ်မြေပြင်တွင် ဖြန့်ကျက်ထားသည့် အရှေ့ပိုင်း Donetsk ဒေသရှိ ပင်ပန်းနွမ်းနယ်နေသော ယူကရိန်းတပ်ဖွဲ့များနှင့်ရင်ဆိုင်တိုက်နေသည့် ရုရှား၏ ရှေ့တန်းတပ်များ၏ ထောက်ပံ့မှုလမ်းကြောင်းများကို ထိခိုက်စေရန်ဖြစ်သည်။ ကိ့ဗ်သည် ရုရှားမြေပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ တာဝေးပစ်လက်နက်များကို အနောက်အုပ်စု မိတ်ဖက်များထံမှ အသုံးပြုခွင်ရရန် ထပ်ခါတလဲလဲ တောင်းဆိုမှုများအပေါ် ၎င်းတို့က စောင့်ဆိုင်းနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 32 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး