နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘတ် ၂ သန်း လိမ်လည်မှုဖြင့် ထိုင်းနာမည်ကြီး အမျိုးသမီးစားဖိုမှူးကို ထိုင်းရဲ ဖမ်းဆီး

အောက်တိုဘာလ (၉) ရက်။

ထိုင်းနာမည်ကြီးခေါက်ဆွဲဆိုင်ပိုင်ရှင် နာမည်ကြီး အမျိုးသမီး စားဖိုမှူးတစ်ဦးသည် ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိသည့် ရွှေနှင့် စိန်လက်ဝတ်ရတနာတွေကို လိမ်လည်ရောင်းချမှုနှင့် အဖမ်းခံခဲ့ရပါသည်။

သံသယရှိသူသည် အသက် ၅၄ နှစ်အရွယ် ယုဝါဒီ ချိုင်းစီရီပန်နစ်ချ် (Yuwadee Chaisiripanich ) ဖြစ်ပြီး သူမကို စားဖိုမှူး အွိုင်း (Chef Aoi) ဟုလည်း လူသိများသည်။

ပရာဝက် (Prawet) ခရိုင် စရင်နာကရင် (Srinakarin) လမ်းမပေါ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အစားအသောက် ရောင်းချနေစဉ် ဘန်ကောက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သူမ ဖမ်းဆီးခံရမှုသည်မှာ ဘန်ဘွန် (Bang Bon) ဘူတာရှိ ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ တိုင်ကြားသူ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အလိမ်ခံရသူသည် စားဖိုမှူး အွိုင်း ၏ ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း အခိုင်အမာဆိုကာ စားသောက်ဆိုင်တစ်ခုအတွက် ၎င်း၏ဖရန်ချိုက်ကိုယ်စားလှယ် (franchise) ဝယ်ယူခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် သူမအား ဆက်သွယ်ခဲ့သည်။ အချိန်အတော်ကြာ စကားပြောပြီးနောက် ရင်းနှီးလာသည်ဟု တိုင်ကြားသူက ပြောသည်။

ကျူးလွန်ခံရသူသည် ဖရန်ချိုက်လုပ်ငန်းအတွက် ငွေရှာရန်အတွက် ဘတ်ငွေ ၂ သန်းခန့် တန်ဖိုးရှိ သူတို့ပိုင်ရွှေနှင့် စိန်လက်ဝတ်ရတနာများနှင့် အဆောင်လက်ဖွဲ့များကို ရောင်းချရန် လိုအပ်ကြောင်း စားဖိုမှူး အွိုင်း ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

စားဖိုမှူး အွိုင်းက အရောင်းပွဲစားလုပ်ဖို့ ကမ်းလှမ်းခဲ့သည်။ တရားခံ စားဖိုမှူး အွိုင်းသည် ထိုင်းနိုင်ငံတွင် ထိပ်တန်းစားဖိုမှူးနှင့် Iron Chef တွင် ပါဝင်ခဲ့သည့် နာမည်ကြီးစားဖိုမှူးတစ်ဦးဖြစ်သောကြောင့် သူမအား ယုံကြည်ခဲ့သည်။

လအတော်ကြာပြီးနောက်တွင် အလိမ်ခံရသူသည် စားဖိုမှူးသည် ၎င်း၏ကိုယ်ပိုင် စားသောက် ကုန်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် အဆိုပါ အဖိုးတန်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း ရဲများက တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စားဖိုမှူး အွိုင်းသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။ လက်ဝတ်ရတနာတွေကို တီဗီထုတ်လုပ်သူထံ ရောင်းချခဲ့သော်လည်း ငွေမရရှိသေးဘူးဟု ထွက်ဆိုခဲ့သည်။ သူမ၏ အိတ်ကပ်ထဲက ဘတ်ငွေ ၅၀၀,၀၀၀ ကို တရားလိုထံ ကနဦး စိုက်ထုတ်ပေးခဲ့တယ်ဟု သူမက ဆိုပါသည်။

ဖရန်ချိုက်လုပ်ငန်းပိုင်ရှင်ဟောင်းတစ်ဦးနှင့် အငြင်းပွားမှုနှင့်ပတ်သက်၍ “ Hone Krasae” ဆိုသည့် တင်ဆက်‌ထုတ်လွှင့်ပြသခဲ့သော တီဗီပြသချက်တစ်ခုကြောင့် ဆိုရှယ်မီဒီယာတွင် အများအာရုံစိုက်ခြင်းခံရပြီးနောက် သူမ၏လုပ်ငန်းသည် ငွေကြေးအရ ထိခိုက်ခဲ့ရပြီး ဒုက္ခရောက်နေသောကြောင့် နစ်နာသူအား ပေးဆောင်ရန် ငွေမရှိခဲ့ပေ။

စားဖိုမှူးအွိုင်းက သူမသည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ပြီး တိုင်ကြားသူအား ပေးဆောင်ရန် ငွေရှာရန် ကြိုးစားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Source: Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။