နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘတ် ၂ သန်း လိမ်လည်မှုဖြင့် ထိုင်းနာမည်ကြီး အမျိုးသမီးစားဖိုမှူးကို ထိုင်းရဲ ဖမ်းဆီး

အောက်တိုဘာလ (၉) ရက်။

ထိုင်းနာမည်ကြီးခေါက်ဆွဲဆိုင်ပိုင်ရှင် နာမည်ကြီး အမျိုးသမီး စားဖိုမှူးတစ်ဦးသည် ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိသည့် ရွှေနှင့် စိန်လက်ဝတ်ရတနာတွေကို လိမ်လည်ရောင်းချမှုနှင့် အဖမ်းခံခဲ့ရပါသည်။

သံသယရှိသူသည် အသက် ၅၄ နှစ်အရွယ် ယုဝါဒီ ချိုင်းစီရီပန်နစ်ချ် (Yuwadee Chaisiripanich ) ဖြစ်ပြီး သူမကို စားဖိုမှူး အွိုင်း (Chef Aoi) ဟုလည်း လူသိများသည်။

ပရာဝက် (Prawet) ခရိုင် စရင်နာကရင် (Srinakarin) လမ်းမပေါ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အစားအသောက် ရောင်းချနေစဉ် ဘန်ကောက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သူမ ဖမ်းဆီးခံရမှုသည်မှာ ဘန်ဘွန် (Bang Bon) ဘူတာရှိ ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ တိုင်ကြားသူ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အလိမ်ခံရသူသည် စားဖိုမှူး အွိုင်း ၏ ပရိတ်သတ်တစ်ဦးဖြစ်ကြောင်း အခိုင်အမာဆိုကာ စားသောက်ဆိုင်တစ်ခုအတွက် ၎င်း၏ဖရန်ချိုက်ကိုယ်စားလှယ် (franchise) ဝယ်ယူခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် သူမအား ဆက်သွယ်ခဲ့သည်။ အချိန်အတော်ကြာ စကားပြောပြီးနောက် ရင်းနှီးလာသည်ဟု တိုင်ကြားသူက ပြောသည်။

ကျူးလွန်ခံရသူသည် ဖရန်ချိုက်လုပ်ငန်းအတွက် ငွေရှာရန်အတွက် ဘတ်ငွေ ၂ သန်းခန့် တန်ဖိုးရှိ သူတို့ပိုင်ရွှေနှင့် စိန်လက်ဝတ်ရတနာများနှင့် အဆောင်လက်ဖွဲ့များကို ရောင်းချရန် လိုအပ်ကြောင်း စားဖိုမှူး အွိုင်း ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

စားဖိုမှူး အွိုင်းက အရောင်းပွဲစားလုပ်ဖို့ ကမ်းလှမ်းခဲ့သည်။ တရားခံ စားဖိုမှူး အွိုင်းသည် ထိုင်းနိုင်ငံတွင် ထိပ်တန်းစားဖိုမှူးနှင့် Iron Chef တွင် ပါဝင်ခဲ့သည့် နာမည်ကြီးစားဖိုမှူးတစ်ဦးဖြစ်သောကြောင့် သူမအား ယုံကြည်ခဲ့သည်။

လအတော်ကြာပြီးနောက်တွင် အလိမ်ခံရသူသည် စားဖိုမှူးသည် ၎င်း၏ကိုယ်ပိုင် စားသောက် ကုန်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် အဆိုပါ အဖိုးတန်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း ရဲများက တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စားဖိုမှူး အွိုင်းသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။ လက်ဝတ်ရတနာတွေကို တီဗီထုတ်လုပ်သူထံ ရောင်းချခဲ့သော်လည်း ငွေမရရှိသေးဘူးဟု ထွက်ဆိုခဲ့သည်။ သူမ၏ အိတ်ကပ်ထဲက ဘတ်ငွေ ၅၀၀,၀၀၀ ကို တရားလိုထံ ကနဦး စိုက်ထုတ်ပေးခဲ့တယ်ဟု သူမက ဆိုပါသည်။

ဖရန်ချိုက်လုပ်ငန်းပိုင်ရှင်ဟောင်းတစ်ဦးနှင့် အငြင်းပွားမှုနှင့်ပတ်သက်၍ “ Hone Krasae” ဆိုသည့် တင်ဆက်‌ထုတ်လွှင့်ပြသခဲ့သော တီဗီပြသချက်တစ်ခုကြောင့် ဆိုရှယ်မီဒီယာတွင် အများအာရုံစိုက်ခြင်းခံရပြီးနောက် သူမ၏လုပ်ငန်းသည် ငွေကြေးအရ ထိခိုက်ခဲ့ရပြီး ဒုက္ခရောက်နေသောကြောင့် နစ်နာသူအား ပေးဆောင်ရန် ငွေမရှိခဲ့ပေ။

စားဖိုမှူးအွိုင်းက သူမသည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ပြီး တိုင်ကြားသူအား ပေးဆောင်ရန် ငွေရှာရန် ကြိုးစားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Source: Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်အပေါ် တင်ထားသည့်စွဲချက်ကို ရုတ်သိမ်းရန် အမေရိကန် အထူးအစိုးရရှေ့နေက တရားရေး ထိပ်တန်းအရာရှိများနှင့် ဆွေးနွေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇) ရက်၊ CNN ဂျပန်။ ၂၀၂၁ ခုနှစ် အမေရိကန်လွှတ်တော် တိုက်ခိုက်မှုကို တာဝန်ခံသည့် အထူးအစိုးရရှေ့နေ စမစ်
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုး‌ပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းကပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ
နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး ထောက်ခံသူများကို မိန့်ခွန်းပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး လွန်ခဲ့သော လေးနှစ်က သူမ ကတိပြုထားသည့်ထက် များစွာကွဲပြားသည့် နည်းလမ်းဖြင့် တိုင်းပြည်အကျိုးအတွက် “ တိုက်ပွဲဝင်သွားမည်” ဟု ကတိပြုကာ ဒုတိယသမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်များ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
++++++++++++++ နိုဝင်ဘာလ 5 ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်ပါတီက ကာမယ်လာဟဲရစ်ကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်နိုင်ငံရဲ့ 47 ဦးမြောက်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒေါ်နယ်ထရန့်ဟာ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက်
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 5 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို
နိုင်ငံတကာသတင်း အမေရိကန်

Breaking News!

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 3 Views
ဒေါ်နယ်ထရန့် အနိုင်ရရှိသွားပြီလို့ FOX ကြေညာ +++++++++++++++++ နိုဝင်ဘာလ (၆) ရက်။ အမေရိကန်သမတ ရွေးကောက်ပွဲ electoral votes ကိုယ်စားလှယ်အရေအတွက် ၂၇၇ ဦး ရရှိသွားပြီ ဖြစ်လို့ ဒေါ်နယ်ထရန့် အနိုင်ရရှိသွားပြီလို့ အမေရိကန်
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် ထောက်ခံသူတွေရှေ့မှာ အောင်မြင်မှုမိန့်ခွန်းပြောဆို၊ ကာမရာဟားရစ် ရှုံးနိမ့်ကြောင်း မကြေညာသေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 4 Views
နိုဝင်ဘာလ (၆) ရက်။ လက်ရှိအချိန် အတည်ပြုနိုင်သည့် ကိုယ်စားလှယ်မဲအရေအတွက်မှာ ဟားရစ်က ၂၂၄ ဒေါ်နယ်ထရန့်က ၂၆၇ ဖြစ်ပေမယ့် Swing ပြည်နယ်တွေဖြစ်ကြတဲ့ ပြည်နယ် ၇ ခုမှာ ဒေါ်နယ်ထရန့်က အသာရနေတယ်ဆိုတဲ့အချက်တွေကြောင့် ဒေါ်နယ်ထရန့်က သူ
နိုင်ငံတကာသတင်း အမေရိကန်

Breaking News!

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 6 Views
ဒေါ်နယ်ထရန့် အနိုင်ရရှိသွားပြီ! +++++++++++++++++ အမေရိကန်သမတ ရွေးကောက်ပွဲ electoral votes ကိုယ်စားလှယ်အရေအတွက် ၂၇၇ ဦး ရရှိသွားပြီ ဖြစ်လို့ ဒေါ်နယ်ထရန့် အနိုင်ရရှိသွားပြီလို့ အမေရိကန် မီဒီယာ FOX က ကြေညာသွားပါတယ်။