နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗန်းမော််မြို့ရှိ စကခ(၂၁)ကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာလ (၉)ရက်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ စကခ(၂၁)ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ မနေ့ညပိုင်းအချိန်က ပြောဆိုထားချက်အရ သိရပါတယ်။

“စကခ(၂၁)ကို ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် အဲ့ဒီနားဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ။ နောက်ပြီး မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေက စခတွေ အထိနာပြီး စကခ(၂၁)ထဲကို ဝင်ပြေးတာတွေရှိတယ်”လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ထဲမှာ သိမ်တော်ကြီးရှေ့ မြို့မရဲစခန်းနဲ့ ထွေ/အုပ်ရုံးတို့က စစ်ကောင်စီတပ်တွေ အထိနာနေတာကြောင့် စကခ(၂၁)ထဲကို ဆုတ်ခွာထွက်ပြေးတာတွေရှိနေတယ်လို့ သိရပါတယ်။

နောက်ပြီး ဗန်းမော်ထောင်ပွင့်ကာ အကျဉ်းသားတွေ လွတ်မြောက်တယ်ဆိုတဲ့သတင်းကို မြေပြင်သတင်းတပ်ဖွဲ့တွေအနေနဲ့ အတည်မပြုနိုင်သေးပေမယ့် အကျဉ်းသားအချို့နဲ့ မိသားစုဝင်တွေ အဆက်အသွယ်ရရှိကြတယ်လို့ ဖော်ပြထားပါတယ်။

“ဗန်းမော်ထောင်ပွင့်ပြီး အကျဉ်းသားတွေ လွတ်တယ်ဆိုပြီး သတင်းတက်နေပေမယ့် အတည်တော့မပြုနိုင်သေးပါဘူး။ ဒါပေမယ့် အကျဉ်းသားအချို့ မိသားစုနဲ့ ဆက်သွယ်ပြောဆိုပြီး လာခေါ်ဖို့ အကြောင်းကြားတာတွေရှိတယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ဆက်သွယ်အကြောင်းကြားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး”လို့ မြေပြင်သတင်းတပ်ဖွဲ့က ဆက်ပြောပါတယ်။

ဒီကနေ့အထိ ဗန်းမော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ထဲက နေရာအနှံ့ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားအများအပြား ထိခိုက်ခဲ့ကာ မြို့ထဲကနေ ထွက်ပြေးလွတ်မြောက်လာသူတွေရှိသလို ပိတ်မိနေသူတွေလဲရှိတယ်လို့ သိရပါတယ်။

နောက်ပြီး ခလရ(၄၇)တပ်ရင်းဘက်မှာလဲ တိုက်ပွဲတွေ ဖြစ်ပွားနေသလို မန်စီမြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာဟာ (၃)-(၄)မိုင်၊ (၆)မိုင်၊ တပ်ကလေး၊ ညောင်ပင်သာ၊ ဖန်းခါးကုန်း၊ နမ့်ဖားနဲ့ တာမိုင်းလုံအနီးဝန်းကျင်တို့မှာ အများဆုံးဖြစ်ပြီး မြို့ပေါ်ရှိ ရပ်ကွက်တွေကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 129 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို