နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်ဂူဒေသတိုက်ပွဲထဲ စစ်ကောင်စီက ဓါတုဗုံးတွေနဲ့ ကြဲချတိုက်ခိုက်

ဒီဇင်ဘာလ (၉)ရက်။

ရပ်စောက်မြို့၊ ကျောက်ဂူဒေသတိုင်ပွဲထဲ စစ်ကောင်စီက ဒရုန်းနဲ့ ဓါတုဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၃၀)ရက်နေ့ကစပြီး ဒီဇင်ဘာလ (၇)ရက်နေ့အထိ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့အကြား နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေ (၄)နာရီအချိန်က စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ ဓါတုဗုံးချတိုက်ခိုက်တာကြောင့် DPLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ဓါတုအဆိပ်သင့်ပြီး မူးဝေအော့အန်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ DPLA ဘက်က ထည့်သွင်းထုတ်ပြန်ထားတာ မရှိပါဘူး။

DPLA အနေနဲ့ ကျောက်ဂူဒေသမှာ စစ်ကောင်စီရဲ့ နယ်မြေခံတပ်တွေဖြစ်တဲ့ ကျောက်ဂူအမြောက်တပ်(အမတ-၃၄၉)နဲ့ နောင်ဝိုးတပ်(ခလရ-၂၇၂)တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရပ်စောက်ဘက်ကနေ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နောင်ချိုမြို့ တောင်ခမ်းဒေသကို စစ်ကူသွားမယ့် စစ်ကောင်စီတပ်တွေနဲ့လဲ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 14 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 16 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 11 Views
ဇူလိုင်လ (၁၄)ရက်။ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF
မြန်မာသတင်း

တောင်ခမ်းကနေ နောင်ချိုထိုးစစ်ထဲ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာခဲ့တယ်လို့ DPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 17 Views
ဇူလိုင်လ (၁၄)ရက်။ ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ  နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 33 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 26 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီက ဝါဒဖြန့်ချီထားတဲ့ ဥကရစ်ထဗျူဟာစခန်းကုန်းကို KNLA
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 30 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 23 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ