နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားသူပုန်ခေါင်းဆောင်၏ အောင်ပွဲခံမိန့်ခွန်းသည် အီရန်အတွက်သာမက ထရန့် နှင့် အစ္စရေးအတွက်ပါ သတင်းစကားတစ်ခုပါးလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၉) ရက်။

အဘူမိုဟာမက်အယ်ဂျယ်လာနီ၏ ဒမတ်စကတ်သို့ ချီတက်သွားသောဘဝလမ်းသည် ရှည်လျားသည်။ ထိုလမ်းတလျှောက် သူ့အပြောင်းအလဲအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဖူးသည်။ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုက လူငယ်အယ်လ်ကိုင်ဒါ တိုက်ခိုက်ရေးသမားဘဝမှစတင်၍ မတူကွဲပြာသည့် ဘာသာရေးများ တည်ရှိမှုကို သည်းခံမှုနိုင်မှုကို လိုလားသော သူပုန်တပ်မှူးအထိ သူသည် ရှည်လျားသောလမ်းကို လျှောက်လှမ်းခဲ့ရသည်။

သူအောင်ပွဲရရှိမည့်အချိန်နှင့် နေရာကို ရောက်ရှိလာရန် အချိန်အများကြီး ယူထားရသည့်အပြင် ဤခရီးစဉ်သည် သူက မည်သို့ ချောမွေ့ပြေပြစ်စွာ စကားပြောကြားမည်ဆိုသည့် ခရီးစဥ်တစ်ခုဖြစ်ပြီး သူ့ကို အာဏာပေးလိုက်သည့်သူများ၊ သူကိုဆွဲချချင်သူများနှင့် သူ့ကို အာဏာဆက်ယူထားစေချင်သူတွေကို သူက သတင်းစကား ပေးလိုက်ခြင်း ဖြစ်ပါသည်။

အစ္စလမ္မစ်သူပုန်များသည် တီဗီစတူဒီယို သို့မဟုတ် လူမရှိတော့သည့် သမ္မတနန်းတော် မဟုတ်ဘဲ ဒမတ်စကတ်၏ အထွတ်အမြတ်ထားရာ နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး ဗလီများထဲမှ တစ်ခုဖြစ်သည့် ကြီးမားသော ဘာသာရေးဆိုင်ရာ အရေးပါသည့်အူမေယဒ် (Umayyad) ဗလီနေရာကို သတင်းစကားပါးပြောကြားရန် ရွေးချယ်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။

“ညီအကိုတို့၊ ဒီအောင်ပွဲက အစ္စလမ်မစ်နိုင်ငံတစ်ခုလုံးအတွက် အောင်ပွဲပဲ” ဟု ဗလီ၏ထူးခြားသောအဖြူအမည်းကျောက်တုံးကြီး၏နောက်ကွယ်တွင် သူ့နောက်သို့ လိုက်သွားသည့် ၎င်း၏အဖော်အုပ်စုအား သူပြောခဲ့သည်။

၎င်းသည် သမ္မတ ဘာရှား အယ်လ်အာဆတ်ကို ဖြုတ်ချရန်အတွက် ဆီးရီးယားနိုင်ငံတစ်ဝှမ်းရှိ လျှင်မြန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ၎င်း၏ ဟာရပ်တာရာအယ်ရှမ် (Hayat Tahrir al-Sham (HTS) တိုက်ခိုက်ရေးသမားများအားပါးလိုက်သော သတင်းစကားတစ်ခုဖြစ်သည်။

ဒါဟာ လွတ်မြောက်ခါစ ဆီးရီးယားပြည်သူတွေဆီပေးတဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ “ညီအစ်ကိုတို့၊ အနန္တတန်ခိုးရှင် (ဘုရားသခင်) ရဲ့ ကျေးဇူးတော်ကြောင့် ဒီအောင်ပွဲသည် စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်တွေ၊ မုဆိုးမတွေနဲ့ မိဘမဲ့ကလေးတွေရဲ့ စတေးမှုတွေကနေ ရရှိလာတာဖြစ်ပါတယ်။ ညီအစ်ကိုတို့၊ ဒီအောင်ပွဲက အကျဉ်းချခံထားရသူတွေရဲ့ ဆင်းရဲဒုက္ခကနေ ကြံကြံခံနိုင်ခဲ့တာက နေလာတာပဲ” ဖြစ်တယ်ဟု ဆိုသည်။

ဒီနိုင်ငံမှာ သင်ရွေးချယ်တဲ့ ဘုရားသခင်၊ သင် ဘယ်လို ရှိခိုးဆုတောင်းတယ်ဆိုတာက သင့်ကိုဘယ်လို အဆင့်အတန်းရှိတယ်ဆိုတာကို သတ်မှတ်မှာဖြစ်ပြီး သင့်ရဲ့ပြင်းပြတဲ့ ဆန္ဒကို ကန့်သတ်မှာ ဖြစ်ပါတယ်။ သင့်အိမ်နီးချင်းရဲ့ ဆန့်ကျင်မှုကိုလည်း ရှောင်လွှဲနိုင်မှာ ဖြစ်တယ်ဟု ဂျိုလာနီက အူမေယဒ် (Umayyad) ဗလီကြီးတွင် ရှင်းလင်းစွာ အချက်ပြ သတင်းစာကားကို အိမ်နီးချင်းများသို့ပါးလိုက်သည်။

သူသည် ဆီးရီးယား၏ လူများစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဆွန်နီမွတ်စလင်ဖြစ်သည်။ အာဆတ်သည် အယ်လာဝိုက် (Alawite) တစ်ဦးဖြစ်သည်။ ခရစ်ယာန်များ၊ ဒရူဇယ် (Druze၊) ရှီအာမွတ်စလင်များ၊ အစ်မာလီစ် (Ismailis) နှင့် အခြားမျိုးနွယ်များလည်း ရှိပါသည်။

ဒီအောင်မြင်မှုအသစ်ဟာ ညီအကိုများ ဒီဒေသသမိုင်းအတွက် စာမျက်နှာသစ်တခုအဖြစ် သမိုင်းရေးထိုးလိုက်ပြီ အီရန်တွေရဲ့ ရည်မှန်းချက်အရ ကစားကွင်းဖြစ်နေခဲ့တဲ့ ဆင်းရဲဒုက္ခ အန္တရာယ်များ၊ ဂိုဏ်းဂဏစွဲဝါဒတွေ၊ အကျင့်ပျက်ခြစားမှုလှိုက်စားနေတာတွေရဲ့ သမိုင်းဟာ ကျန်ရစ်ခဲ့ပြီ” ဟု သူကပြောခဲ့သည်။

အီရန်ကို ဖယ်ထုတ်လိုက်ခြင်းသည် တီဟီရန်၏ အုပ်ချုပ်သူ အီရန်ဘာသာရေး ခေါင်းဆောင်များအတွက် သတင်းစကားတစ်ခု ဖြစ်ပုံရပြီး ၎င်းတို့၏ စွက်ဖက်မှုသည်လည်း ပြီးဆုံးသွားကြောင်း၊ လက်ဘနွန်ရှိ ၎င်းတို့၏ ကြီးမားသော ပရောက်စီ ဟစ်ဇ်ဘိုလာထံသို့ ၎င်းတို့၏ အလွယ်တကူ ဝင်ရောက်ခွင့်လည်း ကုန်ဆုံးသွားပြီဖြစ်သလို၊ ဆီးရီးယားရှိ ဟစ်ဇ်ဘိုလာတို့အတွက် ၎င်းတို့၏ ထောက်ပံ့မှုလည်း ပြီးဆုံးသွားခဲ့ပြီး တစ်ချိန်က အီရန်၏ လက်နက်များ သိုလှောင်ရာ၎င်းတို့ နေထိုင်ခဲ့သည့် အိမ်အဖြစ်မှ ဆီးရီးယားသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ဂျိုလာနီသည် တဲလ်အဗစ်နှင့် ဝါရှင်တန်အတွက် ကြားသိရမည့် သတင်းစကားတစ်ခုဖြစ်ပြီး သူ့ကို ဒေါ်လာ ၁၀ သန်း ဆုကြေးငွေ ထုတ်ထားပြီး အကြမ်းဖက် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခြင်း ခံရပါသည်။ သူက ထိုသူများကို ပေးချင်သည့် သတင်းစကားကတော့ ‘ဆီးရီးယားသစ်မှာ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို နားလည်တယ်’ ဟု သတင်းစကားပါးလိုက်ပြီး သူ့အနေနှင့် ထိုအင်အားစုများက သူ့ကို ဖြုတ်ချနိုင်သည့် အင်အားရှိသည်ဆိုခြင်းကို သူဖက်က နားလည်သည်ဆိုခြင်းပဲ ဖြစ်သည်။

ဂျိုလာနီသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ကိုပင် သူ၏ ရည်ရွယ်ချက်ကို သိကြောင်း သေချာစေရန် ဒမတ်စကတ်သို့ ချီတက်ရာလမ်းကြောင်း တွင်စိုးရိမ်မှုရှိနေခဲ့သည်။ အာဆတ်ကို မဖြုတ်ချမီ ရက်ပိုင်းအတွင်းက အဓိကအင်တာဗျူးတစ်ခုအတွက် အာရပ်သတင်းဌာနထက် အမေရိကန်တီဗီ ရုပ်သံ CNN ကို ရွေးချယ်ခဲ့ခြင်းမှာ မတော်တဆဖြစ်မှုမဟုတ်ဘဲ အခြားဂျီဟတ်ဝါဒီများနှင့် လမ်းခွဲခဲ့ရခြင်းမှာ ရက်စက် ကြမ်းကြုတ်သောနည်းဗျူဟာကြောင့်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။

သူ၏ပြောကြားချက်နာရီအနည်းငယ်ကြာပြီးနောက်တွင် သမတဘိုင်ဒင်က ဂျိုလာနီက “မှန်သောအရာပြောခြင်း” ဖြစ်တယ်ဟု မှတ်ချက်ပေးခဲ့ပြီး သူပုန်ခေါင်းဆောင်အား ၎င်း၏ လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျိုလာနီ၏ သတင်းစကားသည် ဒေသဆိုင်ရာအင်အားစုများကို သူသည်မိမိနိုင်ငံတွင်းကိုသာ အာရုံစိုက်သွားမည်ဖြစ်ပြီး အိမ်တွင်းသန့်ရှင်းရေးလုပ်မည်ဟု ကတိပြုခဲ့သည်။ သူက‌ ဒေသတွင်းနာမည်ပျက်နေသောဆီးရီးယားသည် မူးယစ်ဆေးဝါးနိုင်ငံတခုဖြစ်လာနေခြင်းကို ရည်ညွှန်းပြီး “ဆီးရီးယားကို သန့်စင်နေသည်” ဟု ဆိုသည်။ အာဆတ်၏ လက်ထက်တွင် ဆီးရီးယားသည် မက်သာဖက်တမင်း အမျိုးအစား မူးယစ်ဆေးဝါး နှင့် ဒေသတွင်း ရာဇ၀တ်မှု ဆိုင်ရာ အရင်းအမြစ် ဖြစ်လာသည်ဟု သူက‌ပြောခဲ့သည်။

ဂျိုလာနီ၏ ဗလီတွင်ပြောကြားသည့် မိန့်ခွန်းသည် သူရောက်ရှိလာခြင်းနှင့် မည်သို့ရှင်သန်အောင်လုပ်မည်ဆိုသည့်အကြောင်းဖြစ်သည်။ သူ့လုပ်ရပ်က နောက်တွင် သူ့အတွက် လုံခြုံမှုကိုပေးနိုင်ပါလိမ့်မည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက