နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ရုရှား-ယူကရိန်းအရေး ပြင်သစ်၊ ယူကရိန်း သမ္မတတို့နှင့် ထရမ့် ဆွေးနွေး

ဒီဇင်ဘာလ (၉) ရက်။

ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်ဟာ မနေ့က စနေနေ့မွန်းလွဲပိုင်းမှာ ပါရီကို အလည်အပတ်ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ်က မီးလောင်ပျက်စီးသွားတဲ့ နိုထရာဒမ်ဒယ်ပါရီဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်ပြီး ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ နိုင်ငံတကာက နိုင်ငံတော်အကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖိတ်ကြားထားခဲ့ပြီး အဲ့ဒီဖွင့်ပွဲမတိုင်မိ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

“အမေရိကန်၊ ယူကရိန်းနဲ့ ပြင်သစ်တို့ဟာ သမိုင်းဝင်နေ့တစ်နေ့မှာ နိုထရာဒမ်မှာ ဆုံ‌တွေ့ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပူးတွဲကြိုးပမ်းကြမယ်” လို့ မက်ခရွန်ကပြောကြားခဲ့ပါတယ်။

ဇလန်းစကီးကလည်း အရေးကြီးတဲ့ အစည်းအဝေးကို အခုလို စီစဉ်ကျင်းပပေးတဲ့အတွက် မက်ခရွန်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံး ဒီစစ်ပွဲကို အမြန်ဆုံးနဲ့တရားအမျှတဆုံးနည်းလမ်းနဲ့ အဆုံးသတ်စေချင်ပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ထရမ့်ဟာ ယူကရိန်းကို ဒေါ်လာဘီလျံချီ စစ်ဘက်အကူအညီတွေ ပေးပို့နေတာကို ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့သူလည်း ဖြစ်ပြီး ၂၄ နာရီအတွင်း ပဋိပက္ခကို အဆုံးသတ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

“ဇယ်လန်စကီးနဲ့ ယူကရိန်းအနေနဲ့ စစ်ပွဲကို ရပ်တန့်ဖို့ စေ့စပ်ဆွေးနွေးတာတွေကို လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အသက်ပေါင်းများစွာ မလိုအပ်ဘဲ သေဆုံးနေရပါတယ်” လို့ ထရန့်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်တို့က အမျိုးသမီး ဓားစာခံ ၃ ဦး ပထမဆုံး ပြန်လွှတ်မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 1 Views
ဇန်နဝါရီလ (၁၉) ရက်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အထူးသတင်း-အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး စတင်လိုက်ပြီ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 8 Views
ဇန်နဝါရီ (၁၉) ရက်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန်စံတော်ချိန် ညနေ
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 15 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက
နိုင်ငံတကာသတင်း အမေရိကန်

ရှီနှင့် ဖုန်းပြောဆိုမှု အလွန်ကောင်းမွန်ခဲ့တယ်လို့ ထရမ့်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 15 Views
ဇန်နဝါရီလ (၁၈) ရက်။ လာမည့်သီတင်းပတ်မှာ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိတော့မယ့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီးမှာ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောဆိုမှုမှာ ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်အကောင့်ဖြစ်တဲ့ Truth
နိုင်ငံတကာသတင်း အမေရိကန်

ကျမ်းသစ္စာဆိုပြီးနောက်တစ်နေ့မှာ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့ရေး ထရမ့်အစိုးရ စတင်မယ်ဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 15 Views
ဇန်နဝါရီလ (၁၈) ရက်။ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့မှာ အမေရိကန်ကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ် ပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးစဥ်က ကတိကဝတ်ကို ထရမ့်အစိုးရအဖွဲက ဆောင်ရွက်သွားမယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ “အကြီးစား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးနှင့် ဟားမက်စ် ဂါဇာအပစ်ရပ်ရေး၊ ဓားစာခံ-အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
ဇန်နဝါရီလ (၁၇) ရက်။ အစ္စရေးဓားစာခံများ သဘောတူညီချက်အတိုင်း ဇန်နဝါရီလ (၁၉) ရက်တွင် လွတ်လာတော့မည် ဖြစ်သည်။ အစ္စရေးနှင့် အစ္စလာမ်မစ် ဟားမက်စ်အဖွဲ့တို့အကြား အပစ်ရပ်ရေး၊ ဓားစာခံ-အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် လက်ရေးထိုးခဲ့ကြောင်း အစ္စရေးသတင်းစာ The Times
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းဝန်ကြီးချုပ်ကို လိမ်လည်ဖို့ ကျားဖြန့်က AI နဲ့ ဖုန်းခေါ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 18 Views
+++++++++++++++++++++++++++++ ဇန်နဝါရီလ (၁၇) ရက်။ ဒီကနေ့ ကမ္ဘာမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ဖုန်းလိမ်လည်မှုခေါ်ဆိုမှုတွေ လျင်မြန်စွာ ပျံ့နှံ့တိုးပွားလာမှုကြောင့် ထိခိုက်နေကြရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ AI စနစ်တစ်ခုကနေ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီး အဲ့ဒီဖုန်းက ထင်ရှားတဲ့ အခြားအစိုးရအကြီးအကဲတစ်ဦးရဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာမှာ ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ရလဲ။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 14 Views
စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ရတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ အခုအခါမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမယ့် ပျက်ဆီးဆုံးရှုံးမှုတွေကို ဘယ်အချိန်မှာ ပြန်တည် ဆောက်မယ်၊ ရန်ပုံငွေ ဘယ်လို ရှာဖွေမလဲ ဆိုတာတွေကိုတော့