နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့က စစ်ကောင်စီဝန်ထမ်းတွေ အခုလကုန်နောက်ဆုံးထား အလင်းဝင်ဖို့ မြို့နယ်ပအဖသတိပေး

ဇန်နဝါရီလ (၁၀)ရက်။

ရေစကြိုမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အခုဇန်နဝါရီလကုန် နောက်ဆုံးထားပြီး အလင်းဝင်ရောက်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(၂၀၂၁)ခုနှစ် ဧပြီလ(၃၁)ရက်မတိုင်မီအချိန်အထိ CDM ပြုလုပ်တာမရှိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေ၊ လာရောက်မှီခိုနေထိုင်တဲ့ ဒေသခံနဲ့ အခြားတာဝန်ကျ Non-CDM ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

(၂၀၂၁)ခုနှစ် ဧပြီလ(၃၀)ရက်အထိ CDM ပြုလုပ်တာမရှိဘဲ စစ်ကောင်စီလက်အောက်မှာ ပင်စင်ယူခဲ့ပြီးတဲ့ Non-CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်ထက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ Non-CDM ဝန်ထမ်းတွေကိုလည်း NUG ထံ အလင်းဝင်ဖို့ သတိပေးထားပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ အလင်းဝင်ရောက်ခဲ့တဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့လည်း အခုအလင်းဝင်ရောက်ရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း ထပ်မံအလင်းဝင်ရောက်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အလင်းဝင်ရောက်မယ့် Non-CDM ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်စဲ စစ်ကောင်စီရုံးလုပ်ငန်းတွေကို ရပ်တန့်ပြီး ဌာနဆိုင်ရာစာရွက်စာတမ်းတွေ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့အတူ NUG ထံ အလင်းဝင်ကြဖို့ သတိပေးထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးမှာ ပါဝင်ကူညီခဲ့တယ်ဆိုတဲ့ အထောက်အထားခိုင်လုံတဲ့ Non-CDM ဝန်ထမ်းတွေက မြို့နယ်ပအဖထံ တာဝန်ထမ်းဆောင်ဖို့ လျောက်ထားရင် CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းနဲ့အညီ ကာလတိုစာချုပ်နဲ့ တာဝန်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အခုလကုန်အထိ အလင်းဝင်ရောက်တာမရှိတဲ့ Non-CDM ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမှာဖြစ်တာကြောင့် ပြည်သူလူထုဘက်က ရပ်တည်ပြီး အလင်းဝင်ဖို့ ပြင်းထန်စွာ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 3 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 11 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ