နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

တောင်ကိုးရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီးပွားရေးစီမံကိန်းတွေ မြောက်ကိုရီးယား ဖျက်သိမ်း

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကန်ဂမ်တောင် ခရီးသွားလုပ်ငန်းအပါအဝင် စီးပွါးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် အားလုံးကို ရပ်တန့်လိုက်ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ပစ်ဖို့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ဆက်ဆံရေး ဆိုးရွားလာချိန်မှာ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အံ့ဩစရာမရှိကြောင်းနဲ့ ဒါဟာ မြောက်ကိုရီးယားကို ပိုပြီး အထီးကျန်ဆန်မှုကို ပိုပြီးနက်ရှိုင်းစေတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ပါတယ်။ တောင်ကိုရီးယားက အရာရှိတစ်ဦးကလည်း မြောက်ကိုရီးယားရဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို ဆိုးလ်အစိုးရက အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့တောင်ကိုရီးယား နှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်ဆောင်နေတဲ့ ကန်ဂမ်တောင် ခရီးသွားလုပ်ငန်းဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ အဲဒီခရီးသွားလုပ်ငန်းဟာ တောင်နဲ့မြောက် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီးပွါးရေးစီမံကိန်း နှစ်ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ ကေဆန်းစက်မှုဇုန်ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေဟာ 1950-53 ကိုရီးယားစစ်ပွဲအပြီး တင်းမာမှုတွေကြားက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အရေးပါခဲ့ပါတယ်။

ကန်ဂမ်တောင်ခရီးသွားလုပ်ငန်းအတွင် ဟွန်ဒိုင်းစီးပွါးရေးလုပ်ငန်းစုက ဒေါ်လာ 564 သန်းကျော် ရင်းနှီးမြုပ်နှံထားခဲ့တာဖြစ်ပြီး အခု မြောက်ကိုရီးယားရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့တော့ မှတ်ချက်ပေးဖို့ ဟွန်ဒိုင်းစီးပွါးရေးလုပ်ငန်းစုက ငြင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ KCNA က တောင်ကိုရီးယားနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေရပ်တန့်လိုက်ပြီလို့ ကြေညာပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် စက်ရုံအလုပ်ရုံတွေကို သွားရောက်လည်ပတ်တဲ့သတင်းတွေကို ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို နည်းလမ်းရှာဖွေပြီး မြှင်တင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက