နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကျဆုံးရေးအဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု BPLA ပြော

ဧပြီလ (၁၀) ရက်။

ဒီနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ရက္ခိုင့်တပ်တော် (ULA/AA) တည်ထောင်ခြင်း (၁၅) နှစ်ပြည့် အခမ်းအနားကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကျဆုံးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ကို အပြည့်အဝ အာမခံနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် ရက္ခိုင့်တပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးနဲ့ ဟန်ချက်ညီစွာ လက်တွဲပြီး အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သဝဏ်လွှာမှာ BPLA က ဖော်ပြထားပါတယ်။

AA က မဟာမိတ်အဖွဲ့တွေနဲ့အတူ BPLA အား စစ်ပညာသင်ကြားပေးခြင်း၊ လိုအပ်တဲ့ အကြံဥာဏ်တွေ အကူအညီ ပေးအပ်နေတာတွေအတွက် ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ရေးသားထားပါတယ်။

မြို့ကြီး ၉ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိကာ ရခိုင်ပြည်သူများ လိုလားတောင်းတနေကြသည့် အာရက္ခအိပ်မက်ကို ရက္ခိတလမ်းစဉ်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေပါကြောင်း BPLA က ဆုမွန်ကောင်းတောင်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 15 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 23 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 22 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖအသံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစအတွက် ဗျူဟာမြောက်အရေးပါတဲ့ ကလေးဝနယ် အောင်ချမ်းသာအထိုင်စခန်းကို
မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 24 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်က အကြမ်းဖက်စစ်အုပ်စုတပ်စခန်းကို ၇၉မမ အလုံး
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 19 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံက မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တာနဲ့
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 21 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 23 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူဟာ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 24 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို