နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အဆုံးသတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ကြဖို့ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ပြော

ဧပြီလ (၁၀)ရက်။

အဆုံးအသတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြဖို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်မှူးချုပ်က ဒီကနေ့မှာကျရောက်တဲ့ (၁၅)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်တွေ၊ ကျောက်ဖြူတို့က စစ်ကောင်စီထိန်းချုပ်နယ်မြေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ မကြာခင် လွတ်မြောက်နယ်မြေကို လာရောက်နေထိုင်ကြဖို့ အကြံပြုပြောဆိုထားပါတယ်။

ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို အလုံးစုံပျက်သုဉ်းရေးမူဝါဒကို ချမှတ်ပြီး လုပ်ဆောင်နေကာ အခြားဒေသတွေမှာပါ ၁၁/မှတ်ပုံတင်ကိုင်ထားတဲ့ ရခိုင်လူမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ဒေသထဲ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ဖို့အတွက် ARSA၊ ARA တို့နဲ့ ဒေသခံအစွန်းရောက်စစ်သွေးကြွတို့ကို စစ်သင်တန်းပေးပြီး ပြဿနာတွေကို ပိုမိုရှုပ်ထွေးလာအောင် ဖန်တီးနေတယ်လို့ ရေးသားထားပါတယ်။

AA အနေနဲ့ မတရားမှုတွေကို လုံးဝသည်းခံမှာမဟုတ်ဘဲ စစ်ရေးအရ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဆီးအရေးယူကာ ပြည်သူတွေအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မယ်လို့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

ဒါ့ပြင် အစိုးရယန္တရားကို ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် လူသားအရင်းအမြစ်တွေ လိုအပ်ကာ ULA အစိုးရက ချမှတ်ထားတဲ့ မူဝါဒ စည်းကမ်းကျင့်ဝတ်တွေနဲ့အညီ လာရောက်ပူးပေါင်းတာဝန်ထမ်းဆောင်ဖို့ကိုလဲ ဖိတ်ခေါ်ထားပါတယ်။

အခုအောင်မြင်မှုတွေအတွက် ဂုဏ်ယူကြောင်းနဲ့ စစ်ပွဲဒဏ်ကို ကြံ့ကြံ့ခံ ပံ့ပိုးကူညီကြတဲ့ အာရက္ခပြည်သူတွေနဲ့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးနေတဲ့ အဝေးရောက် အာရက္ခမျိုးနွယ်အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဖော်ပြထားချက်အရ သိရပါတယ် (edited)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ