ဧပြီလ (၁၀) ရက်။
ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့ဟာ ချင်းညီနောင်အဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီလို့ ထုတ်ပြန်ကြပါတယ်။
ချင်းညီနောင် အဖွဲ့၀င်တွေဖြစ်တဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (PDF Zoland), ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF), ချင်းအမျိုးသားကောင်စီ (CDF မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ၊ CDF – ကန်ပက်လက်တို့အပြင် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့ ကို ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဒီနေ့ ဧပြီလ (၁၀) ရက်နေ့မှာ အတည်ပြုထုတ်ပြန်လာပါတယ်။
CDF – မတူပီ တပ်မဟာ (၁) နဲ့ ချင်းညီနောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီနောက်မှာ အခုလို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
CDF-မတူပီ တပ်မဟာ (၁) မှာ တပ်ရင်း အမှတ် (၁) နဲ့တပ်ရင်း အမှတ် (၅) တို့ပါဝင်ပြီး တပ်မဟာ (၂) မှာတော့ တပ်ရင်း အမှတ် (၂)၊ တပ်ရင်း အမှတ် (၃)၊ တပ်ရင်း အမှတ် (၄) နဲ့ တပ်ရင်း အမှတ် (၆) တို့ ပါဝင်ပြီး တပ်မဟာ (၂) ကတော့ ချင်းကောင်စီ၊ ချင်းပြည်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ချင်းတော်လှန်ရေးဟာ အမြန်ဆုံးအောင်မြင်မယ်လို့ အားလုံးက မျှော်မှန်းထားကြပေမယ့် အဖွဲ့တွေ မညီညွတ်ကြလို့ ကြာနေရတာလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။