နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရာဖာစစ်ဆင်ရေး၊ ကောလိပ်ကျောင်းတွင်း ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖီးလ် မက်ဂရော် (Phil McGraw) နှင့် နေတန်ယာဟု စကားပြောဆိုခဲ့

မေလ ၁၀ ရက်။

နေတန်ယာဟုသည် ရာဖာစစ်ဆင်ရေး၊ ကောလိပ်ကျောင်းတွင်း ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖီးလ် မက်ဂရော် (Phil McGraw) နှင့် စကားပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က မက်ဂရော် နှင့် ၄၆ မိနစ်ကြာ တွေ့ဆုံမေးမြန်းခန်းတွင် ရာဖာ တွင် ၎င်း၏စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ မက်ဂရော် သည် မြို့၏နောက်ခံမြင်ကွင်းဖြင့် ဂျေရုဆလင်မှ နေတန်ယာဟုအား တွေ့ဆုံမေးမြန်းခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်၏ အကြမ်းဖက်တပ်ရင်း ၂၄ ရင်းမှ တပ်ရင်း ၂၀ ကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံး လေးခုမှာ ရာဖာ တွင်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အောင်မြင်ပြီးပါပြီ၊ ဟားမတ်စ်ရဲ့ အကြမ်းဖက်တပ်ရင်း ၂၄ ရင်းက တပ်ရင်း ၂၀ လောက်ကို ဖျက်ဆီးခဲ့ပြီး၊ နောက်ထပ် လေးခုလည်း ရာဖာမှာ ရှိနေတဲ့အတွက်ကြောင့် သူတို့ကို အဲဒီနေရာမှာ မထားခဲ့နိုင်လို့ ရာဖာ ထဲကို သွားချင်တာဖြစ်တယ်” ဟု နေတန်ယာဟုက မက်ဂရော် သို့ ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ကောလိပ်ကျောင်းများတွင် ဆန္ဒပြနေကြသော ကျောင်းသားများကို ပြစ်တင်ဝေဖန်ကာ ၎င်းတို့၏ သမိုင်းကြောင်းကို သိရှိနားလည်မှုသည် နံနက်စာစားသည့် အချိန်လောက်သာ သိရှိခဲ့သည်ဟု ဆိုခဲ့သည်။ “အမေရိကန် ကျောင်းဝင်းတွေနဲ့ အမေရိကန်မြို့ကြီးတွေမှာ ဘာတွေဖြစ်နေလဲ၊ ၊ အဲဒီမှာ မသိနားမလည်တဲ့သူတွေ အများကြီးရှိတယ်” လို့ နေတန်ယာဟုက ဆိုပါတယ်။ “သူတို့ရဲ့ သမိုင်းကြောင်းသိမှုက မနက်ကဘာစားခဲ့တယ်ဆိုတာ လောက်ပဲသိခဲ့တယ် ဒီလိုပြောရတာဝမ်းနည်းပါတယ် ၊ ဒါတောင် ၊ ဟားမတ်စ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာသူတို့မှာ အတိုဆုံး သဲလွန်စတောင် မရှိဘူး”ဟုဆိုသည်။

နေတန်ယာဟုက အမေရိကန်ကောလိပ်ကျောင်းအုပ်တွေရဲ့ အန္တရာယ်ရှိတဲ့ မှတ်ချက်တွေကို ထောက်ပြခဲ့ပါတယ်။ “တက္ကသိုလ် ကျောင်းအုပ်တွေ က ဂျူးလူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ တောင်းဆိုရင် ဘာပြောမလဲ မေးတဲ့အခါ ၊ သူတို့က အကြောင်းအရာ ဆက်စပ်မှု ပေါ် မူတည်တယ် လို့ ပြောတယ် အဲဒါမဟုတ်ဘူး ဒါဟာအမှန်ဘူး“။ ဘယ်နိုင်ငံမှ မထောက်ခံလဲ အစ္စရေးကသူတနိုင်ငံတည်း ရပ်တည်ပြီး ရာဖာကိုဝင်ရောက်ကာဟား မတ်စ်ကို ရှင်းလင်းမည်ဟု နေတင်ယာဟုကဆိုသည်။

ရာဖာကို ကျူးကျော်ရန် လိုအပ်သော လက်နက်များ သူတို့တွင် ရှိသည်ဟု အစ္စရေးကာကွယ်ရေးတပ် (IDF) က ဆိုသည်။

ရာဖာမြို့ကို အပြည့်အဝကျူးကျော်ဝင်ရောက်ပါက အစ္စရေးအား လက်နက်ဖြတ်တောက်ရန် သမ္မတဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုအပြီးတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည်ရာဖာ တွင် စစ်ဆင်ရေးအတွက် လိုအပ်သောလက်နက်များ ရှိသည်ဟု ပြောကြားခဲ့ပါသည်။

“ IDF မှာ စီစဉ်ထားတဲ့ မစ်ရှင်တွေအတွက် လက်နက်တွေ ရှိပြီး ရာဖာ မှာ မစ်ရှင်တွေအတွက် လိုအပ်တာတွေလည်း ရှိပါတယ်။ အမေရိကန်နဲ့ ကြုံလာသမျှ ကိစ္စရပ်တွေမှာ ဒါကို ပြောဖို့ အရေးကြီးပါတယ်” ဟု IDF ၏ ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီ (Hagari) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန်က အစ္စရေးနဲ့ IDF တို့ကို စစ်ပွဲအတွင်း မကြုံစဖူးသော နည်းလမ်းနဲ့ အခုအချိန်အထိ လုံခြုံရေးအကူအညီ ပေးထားပြီး၊ ဒါက အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့ ရဲ့ စစ်ရေးအကူအညီနဲ့ နဲ့ IDF တို့ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်” ဟု ဟာဂါရီ ကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 36 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)