နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရာဖာစစ်ဆင်ရေး၊ ကောလိပ်ကျောင်းတွင်း ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖီးလ် မက်ဂရော် (Phil McGraw) နှင့် နေတန်ယာဟု စကားပြောဆိုခဲ့

မေလ ၁၀ ရက်။

နေတန်ယာဟုသည် ရာဖာစစ်ဆင်ရေး၊ ကောလိပ်ကျောင်းတွင်း ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖီးလ် မက်ဂရော် (Phil McGraw) နှင့် စကားပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က မက်ဂရော် နှင့် ၄၆ မိနစ်ကြာ တွေ့ဆုံမေးမြန်းခန်းတွင် ရာဖာ တွင် ၎င်း၏စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ မက်ဂရော် သည် မြို့၏နောက်ခံမြင်ကွင်းဖြင့် ဂျေရုဆလင်မှ နေတန်ယာဟုအား တွေ့ဆုံမေးမြန်းခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်၏ အကြမ်းဖက်တပ်ရင်း ၂၄ ရင်းမှ တပ်ရင်း ၂၀ ကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံး လေးခုမှာ ရာဖာ တွင်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အောင်မြင်ပြီးပါပြီ၊ ဟားမတ်စ်ရဲ့ အကြမ်းဖက်တပ်ရင်း ၂၄ ရင်းက တပ်ရင်း ၂၀ လောက်ကို ဖျက်ဆီးခဲ့ပြီး၊ နောက်ထပ် လေးခုလည်း ရာဖာမှာ ရှိနေတဲ့အတွက်ကြောင့် သူတို့ကို အဲဒီနေရာမှာ မထားခဲ့နိုင်လို့ ရာဖာ ထဲကို သွားချင်တာဖြစ်တယ်” ဟု နေတန်ယာဟုက မက်ဂရော် သို့ ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ကောလိပ်ကျောင်းများတွင် ဆန္ဒပြနေကြသော ကျောင်းသားများကို ပြစ်တင်ဝေဖန်ကာ ၎င်းတို့၏ သမိုင်းကြောင်းကို သိရှိနားလည်မှုသည် နံနက်စာစားသည့် အချိန်လောက်သာ သိရှိခဲ့သည်ဟု ဆိုခဲ့သည်။ “အမေရိကန် ကျောင်းဝင်းတွေနဲ့ အမေရိကန်မြို့ကြီးတွေမှာ ဘာတွေဖြစ်နေလဲ၊ ၊ အဲဒီမှာ မသိနားမလည်တဲ့သူတွေ အများကြီးရှိတယ်” လို့ နေတန်ယာဟုက ဆိုပါတယ်။ “သူတို့ရဲ့ သမိုင်းကြောင်းသိမှုက မနက်ကဘာစားခဲ့တယ်ဆိုတာ လောက်ပဲသိခဲ့တယ် ဒီလိုပြောရတာဝမ်းနည်းပါတယ် ၊ ဒါတောင် ၊ ဟားမတ်စ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာသူတို့မှာ အတိုဆုံး သဲလွန်စတောင် မရှိဘူး”ဟုဆိုသည်။

နေတန်ယာဟုက အမေရိကန်ကောလိပ်ကျောင်းအုပ်တွေရဲ့ အန္တရာယ်ရှိတဲ့ မှတ်ချက်တွေကို ထောက်ပြခဲ့ပါတယ်။ “တက္ကသိုလ် ကျောင်းအုပ်တွေ က ဂျူးလူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ တောင်းဆိုရင် ဘာပြောမလဲ မေးတဲ့အခါ ၊ သူတို့က အကြောင်းအရာ ဆက်စပ်မှု ပေါ် မူတည်တယ် လို့ ပြောတယ် အဲဒါမဟုတ်ဘူး ဒါဟာအမှန်ဘူး“။ ဘယ်နိုင်ငံမှ မထောက်ခံလဲ အစ္စရေးကသူတနိုင်ငံတည်း ရပ်တည်ပြီး ရာဖာကိုဝင်ရောက်ကာဟား မတ်စ်ကို ရှင်းလင်းမည်ဟု နေတင်ယာဟုကဆိုသည်။

ရာဖာကို ကျူးကျော်ရန် လိုအပ်သော လက်နက်များ သူတို့တွင် ရှိသည်ဟု အစ္စရေးကာကွယ်ရေးတပ် (IDF) က ဆိုသည်။

ရာဖာမြို့ကို အပြည့်အဝကျူးကျော်ဝင်ရောက်ပါက အစ္စရေးအား လက်နက်ဖြတ်တောက်ရန် သမ္မတဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုအပြီးတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည်ရာဖာ တွင် စစ်ဆင်ရေးအတွက် လိုအပ်သောလက်နက်များ ရှိသည်ဟု ပြောကြားခဲ့ပါသည်။

“ IDF မှာ စီစဉ်ထားတဲ့ မစ်ရှင်တွေအတွက် လက်နက်တွေ ရှိပြီး ရာဖာ မှာ မစ်ရှင်တွေအတွက် လိုအပ်တာတွေလည်း ရှိပါတယ်။ အမေရိကန်နဲ့ ကြုံလာသမျှ ကိစ္စရပ်တွေမှာ ဒါကို ပြောဖို့ အရေးကြီးပါတယ်” ဟု IDF ၏ ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီ (Hagari) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန်က အစ္စရေးနဲ့ IDF တို့ကို စစ်ပွဲအတွင်း မကြုံစဖူးသော နည်းလမ်းနဲ့ အခုအချိန်အထိ လုံခြုံရေးအကူအညီ ပေးထားပြီး၊ ဒါက အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့ ရဲ့ စစ်ရေးအကူအညီနဲ့ နဲ့ IDF တို့ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်” ဟု ဟာဂါရီ ကဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 62 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား