နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ စစ်ကောင်စီအရာရှိတွေက သင်္ဘောပေါ်တက်ပြေးပြီး နောက်ကျန်ရဲဘော်နဲ့မိသားစုတွေရဲ့စက်လှေကို အကပ်မခံဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့

ရခိုင်မှာ စစ်ကောင်စီအရာရှိတွေက သင်္ဘောပေါ်တက်ပြေးပြီး နောက်ကျန်ရဲဘော်နဲ့မိသားစုတွေရဲ့စက်လှေကို အကပ်မခံဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့

ဇွန်လ (၁၀)ရက်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့မှာ ရေလမ်းကနေထွက်ပြေးချိန် စစ်ကောင်စီအရာရှိတွေဟာ သင်္ဘောပေါ်တက်ပြီးနောက် နောက်ကျန်ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ စက်လှေကို အကပ်မခံဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“နယ်ခြားစောင့်(၄)နဲ့ ကျန်ရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ စက်လှေနဲ့ကဲ့ပေးမယ်လို့ မောရဝတီဗျူဟာက ချိတ်ပေးတာ။ အဲ့ဒီမှာ သူတို့အရင် သင်္ဘောဆီကိုသွားတယ်၊ သူတို့ရောက်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ ကလေးတွေ၊ ဒဏ်ရာရသူတွေကို သွားပို့တဲ့အချိန်မှာ သေနတ်နဲ့ပစ်လွှတ်ပါတယ်”လို့ စစ်ကောင်စီရဲဘော်က ရုပ်သံဖိုင်နဲ့ ပြောဆိုထားပါတယ်။

စခန်းစွန့်ခွာထွက်ပြေးကြတဲ့ စစ်ကောင်စီအရာရှိတွေဟာ လာကယ်တဲ့ သင်္ဘောပေါ်ကို တက်သွားခဲ့ပြီးနောက် စက်လှေပြန်လွှတ်ခဲ့ပေမယ့် ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေ၊ မိန်းမတွေ၊ ကလေးတွေနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်တဲ့အချိန်မှာ သင်္ဘောပေါ် အတက်မခံဘဲ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒီလိုစစ်ကောင်စီအရာရှိတွေက သင်္ဘောပေါ်အတက်မခံဘဲ သေနတ်နဲ့ပစ်ခတ်တာကြောင့် ပြန်လှည့်လာတဲ့အချိန် လှိုင်းကြီးကာ စက်လှေတိမ်းမှောက်ခဲ့ရပြီး ရဲမိန်းမနှစ်ဦးနဲ့ ကလေးနှစ်ယောက် ပျောက်ဆုံးနေတယ်လို့ ပြောဆိုထားပါတယ်။

လှိုင်းကြီးကာ စက်လှေတိမ်းမှောက်ခဲ့တဲ့အတွက် ကျန်ကလေးငယ်အချို့ဟာလဲ ရေမွန်းတာတွေနဲ့ အသက်ရှုမဝတာတို့ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ မိသားစု၀င် အများအပြား ကမ်းခြေမှာ သောင်တင်ကျန်ရစ်နေတဲ့ ရုပ်သံဖိုင်ကို AA က ဒီကနေ့မှာ ထုတ်ပြန်လာခဲ့တာပါ။

အခုရုပ်သံဖိုင်က တပ်ပျက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့တာ၊ စစ်ခေါင်းဆောင်တပ်မှူးကြီးတွေရဲ့ ခေါင်းဆောင်မပီသတာ၊ ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ လူအသိစိတ်ဓါတ် ပျောက်ဆုံးနေတာကို ဖော်ပြနေတာလို့ AA က ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွက် ဇွန်လ (၂)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ပထမအပတ်ထဲမှာပဲ စစ်ကောင်စီရဲ့ နခခ(၉)အပါအဝင် စခန်း(၆)ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို