နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဇုန် တိုက်ခိုက်မှုအတွင်း လူ ၄၀ သေဆုံးခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ

စက်တင်ဘာလ (၁၀) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအရပ်သား ကာကွယ်ရေး အာဏာပိုင်များက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို့အနီး မော်ဝါစီတွင် စက်တင်ဘာလ (၉) ရက် ယမန်နေ့က လူ ၄၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာနေရာ၌ အသက်ရှင်လျက်ရှိသည့် ဒေသခံများအား ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တိုက်ခိုက်ခံရသည့် မော်ဝါစီကို လူသားချင်းစာနာထောက်ထားမှုဇုန်အဖြစ် သတ်မှတ်ပြီး ထောင်နှင့်ချီသော ဒေသခံများက နေထိုင်လျက်ရှိသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် လူအများအပြား အိပ်ပျော်နေကြသည်ဟု အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့တွင် စက်ကိရိယာများမရှိဘဲ မီးအလင်းရောင်လည်းမရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခက်ခဲခဲ လုပ်ကိုင်နေရသည်။

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့မှ အကြမ်းဖက်သမားများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သော်လည်း ဟားမတ်စ်က ယင်းဒေသတွင် တိုက်ခိုက်ရေးသမားများမရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အစ္စရေးက ပြောင်ပြောင်တင်းတင်း လိမ်ညာနေပြီး ရက်စက်သည့်ရာဇဝတ်မှု ကျူးလွန်မှုကို တရားဝင်ဖြစ်စေရန် အကြောင်းပြနေခြင်းသာ ဖြစ်သည်ဟု ဟားမတ်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

မော်ဝါစီရှိ ဒုက္ခသည် ရွက်ဖျင်တဲ ၂၀၀ ကျော် အနက် ၂၀ မှ ၄၀ ခန့် ဖျက်ဆီးခံရပြီး မိသားစု တစ်စုလုံး သဲထဲတွင် ပျောက်ကွယ်သွားကြောင်း အရပ်သား ကာကွယ်ရေး အာဏာပိုင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဒုံးကျည်ငါးစင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုများသည် နေရာ ၃ ခုတွင် ကြီးမားသော အပေါက်များ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များသည် ယခင်ကလည်း မော်ဝါစီတွင် ဟားမတ်စ်တပ်မှူးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်း အရပ်သားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လအတွင်းက ဟားမတ်စ်၏ စစ်ဦးစီးချုပ် မိုဟာမက်ဒီ့ဖ် (Mohammed Deif) ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉၀ သေဆုံးခဲ့သည်။ တိုက်ခိုက်မှုအတွင်း Deif သေဆုံးကြောင်း အစ္စရေးက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

Source: CNN

ဓာတ်ပုံ။

စစ်ဘေးဒုက္ခသည်များ တန်းစီထားသော နေရာကို အစ္စရေးက တိုက်ခိုက်ပြီးနောက် အခင်းဖြစ်ပွားရာ နေရာ/Hani Alshaer/Anadolu/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက