နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်သင်္ဘောများ ထိုင်ဝမ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဒီဇင်ဘာလ (၁၀) ရက်၊ ထိုင်ပေ/ဟောင်ကောင်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်ရေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ရေပြင်တွင် ပုံစံမျိုးစုံဖြင့် လှည့်ပတ်နေကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်၏စစ်ရေးလေ့ကျင့်မှုများအတွက် ထိုင်ဝမ်က ပြင်ဆင်မှုများ ပြုလုပ်နေသည်။

တရုပ်စစ်တပ် (PLA) ၏ အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ရေးကွပ်ကဲမှုအဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဗျူရိုတို့၏ သင်္ဘောများကို ယင်းပင်တွင် အတည်ပြုခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်ဒီ (Lai Ching-de) သည် ယခုလ ၆ ရက်နေ့တွင် တောင်ပစိဖိတ်ဒေသသို့ တစ်ပတ်ကြာ ခရီးလှည့်လည်ကာ ဟာဝိုင်ယီနှင့် အမေရိကန်ပိုင်နက် ဂူအမ်တို့တွင် တရားဝင်မဟုတ်သော ရပ်နားမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။

တရုတ်အာဏာပိုင်များက “လိုင်” အား ခွဲထွက်ရေးသမားဟု ခေါ်ဝေါ်ကာ ၎င်း၏ခရီးစဉ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်။ “လိုင်” ၏ခရီးစဉ်မတိုင်မီတွင် အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက်သစ်များ ရောင်းချရန် အတည်ပြုခဲ့ပြီး တရုတ်က “ပြင်းထန်သော တန်ပြန်အရေးယူမှုများ” ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

“PLA လှုပ်ရှားမှုများကို တန်ပြန်ရန်” တိုက်ခိုက်ရေး အဆင်သင့်လေ့ကျင့်မှုကို စတင်ခဲ့ပြီး PLA လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ပြောကြားခဲ့ပါသည်။

အရှေ့တရုတ်ပင်လယ်မှ တောင်တရုတ်ပင်လယ်အထိ တရုတ်၏ ရေတပ်တပ်ဖြန့်မှုသည် ယခုနှစ် ထိုင်ဝမ်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုနှစ်ခုထက် ပိုမိုကြီးမားသည်ဟု ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်တစ်နိုင်ငံတည်းကိုသာမကဘဲ ဂျပန်နိုင်ငံ ကျူရှူးနှင့် အိုကီနာဝါမှ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့အထိ ဖြန့်ကျက်ထားသည့် “ပထမကျွန်းကွင်းဆက်” ကို ထိန်းချုပ်ရန် အခိုင်အမာ ရည်ရွယ်ချက်ရှိပုံရသည်။

ထိုင်ဝမ်၏ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင်ရှိသော တရုတ်အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်နှစ်ခု တို့တွင် PLA မှ ကန့်သတ်လေပိုင်နက်နယ်မြေ ခုနစ်ခုကို သတ်မှတ်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။

နိုင်ငံတကာလေကြောင်းစည်းမျဉ်းများနှင့်အညီ၊ အဆိုပါလေပိုင်နက်အတွင်းရှိ ပျံသန်းမှုများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသောအသုံးပြုသူများအတွက် ကန့်သတ်ထားသော်လည်း အခြားလေယာဉ်များသည် လေကြောင်းထိန်းချုပ်မှုမှ ခွင့်ပြုချက်ဖြင့် ၎င်းတို့ကိုဖြတ်သွားနိုင်သည်။

ထိုင်ဝမ်ကို ကိုးကား၍ သင်္ဘောများနှင့် ဝေဟင်ပိုင်နက်ဆိုင်ရာ ကန့်သတ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကို ၉ ရက်နေ့က မေးမြန်းရာတွင် ”ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်ကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်သည် မေလက သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံး သွားရောက်လည်ပတ်ခြင်း ဖြစ်သည်။ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းအတွက် ဒီမိုကရေစီနိုင်ငံဖြစ်သည့် အမေရိကန်နှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ၎င်း၏ခရီးစဉ်ကို အသုံးပြုခဲ့သည်။

ဂူအမ်တွင် ရှိနေစဉ်တွင် မစ္စတာလိုင်က “အာဏာရှင်စနစ်ကို အရှုံးမပေးကြရန်” တိုက်တွန်းခဲ့သည်။ ဂူအမ်ကျွန်း၌ ရပ်နားထားစဉ်အတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်နှင့်လည်း တယ်လီဖုန်းနှင့် စကားပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အစိုးရသည် လိုင်၏ ပြည်ပခရီးစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ “ကျွန်ုပ်တို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ပြတ်ပြတ်သားသား ခိုင်မာသော အစီအမံများ ဆောင်ရွက်သွားမည်” ဟု ကြေညာခဲ့သည်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ထိုင်ဝမ်တွင် ရပ်နားထားသည့် Mirage 2000 တိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်/I-Hwa Cheng/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက