နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 10 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကိုးကန့်တပ်(MNDAA)တည်ထောင်တဲ့ (၃၅)နှစ်မြောက်အခမ်းအနားနေ့ကို PSLF နဲ့ AA ဂုဏ်ပြုသဝဏ်လွှာပေးပို့

မတ်လ (၁၁)ရက်။

ဒီကနေ့မှာကျရောက်တဲ့ ကိုးကန့်တပ်မတော်(MNDAA)တည်ထောင်တဲ့ (၃၅)နှစ်မြောက် ကျောက်စိမ်းရတု အခမ်းအနားကို PSLF နဲ့ AA တို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အရင်နှစ်တွေထက် ပိုပြီး ထူးခြားလေးနက်နေတာဟာ ကိုးကန့်တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ မင်္ဂလာရှိတဲ့ နေ့ရက်ကို ကိုးကန့်ဒေသတစ်ခွင်မှာ အခုနှစ်ကစပြီး ပြန်လည်ကျင်းပခွင့်ရလာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၁၄)နှစ်တာကာလထဲ ကိုးကန့်တပ်မတော်ဟာ ညီနောင်မဟာမိတ် (၂)ဖွဲ့အပြင် ဘဝတူ ဘုံရည်မှန်းချက်တူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း အတူတိုက်ပွဲဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေရှည်တော်လှန်ရေးကို ဆင်နွှဲရင်း ၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်အဖွဲ့အနေနဲ့ စစ်ရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တာကြောင့် အခုအခမ်းအနားကို ဇာတိမြေ၊ ဘိုးဘွားမြေတွေထက်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ကျင်းပနိုင်ခွင့်ရခဲ့တာလို့ ရေးသားထားပါတယ်။

ညီနောင်မဟာမိတ် (၂)ဖွဲ့အနေနဲ့ ကိုးကန့်အဖွဲ့ရဲ့ ဖြတ်သန်းခဲ့တဲ့သမိုင်းအပေါ်အခြေခံပြီး စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ကာ တစ်ခတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေကို ပြန်ရောက်လာနိုင်မယ်ဆိုတာကို အပြည့်အဝ ယုံကြည်တယ်လို့ ပြောဆိုထားပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေမှာ အတုယူစရာနဲ့ သတိမူစရာ သင်ခန်းစာတွေကို ပြသထားခဲ့ပြီဖြစ်သလို တော်လှန်ရေးအဖွဲ့တွေအတွက် အတုယူစရာ နမူနာကောင်းတွေကိုလဲ လမ်းညွှန်ပြသထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကိုးကန့်အဖွဲ့က လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်ဝနိုင်စေဖို့နဲ့ ကိုးကန့်ရွှေရောင်နေ့ရက်တွေ ပြန်လည်ရောက်ရှိဖို့ ဆုမွန်ကောင်းတောင်းထားကာ ကိုးကန့်တော်လှန်ရေးထဲ ပေးဆပ်အနစ်နာခံသူတွေကို ဂုဏ်ယူကြောင်း ညီနောင်(၂)ဖွဲ့က သဝဏ်လွှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 69 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 59 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 62 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 65 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 61 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ