နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

MNDAA အပါအဝင် ညီနောင်(၃)ဖွဲ့ရဲ့ သမိုင်းတွင်မယ့် အောင်ပွဲတွေကို ရရှိခဲ့တဲ့အပေါ် လေးစားဂုဏ်ယူတယ်လို့ NUG ယာယီသမ္မတပြော

မတ်လ (၁၁)ရက်။

ကိုးကန့်တပ်(MNDAA)အပါအဝင် ညီနောင်(၃)ဖွဲ့ ဦးဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ သမိုင်းတွင်မယ့် အောင်ပွဲတွေကို ရရှိခဲ့တဲ့အပေါ် လေးစားဂုဏ်ယူတယ်လို့ NUG ယာယီသမ္မတက ဒူဝါလရှီးလက ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

NUG ယာယီသမ္မတက ကိုးကန့်တပ်မတော် တည်ထောင်တာ (၃၅)နှစ်မြောက်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကာ တော်လှန်ရေးယုံကြည်ချက်ကို (၃၅)နှစ်တိုင်တဲ့အထိ မဆုတ်မနစ် ကိုင်စွဲလျှောက်လှမ်းမှုအပေါ် လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတဲ့ဖြစ်စဉ်နောက်ပိုင်းမှာလဲ ဖက်ဆစ် စစ်အုပ်စု ပြုတ်ကျဖို့၊ နိုင်ငံတဝန်း ပြည်သူအားလုံး လွတ်မြောက်ဖို့အတွက် ပြတ်သားစွာ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့အပေါ် အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

MNDAA အပါအဝင် ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်ပြီး စတင်ခဲ့တဲ့ စစ်ဆင်ရေးကြီးဟာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ပြည်ထောင်စုတဝန်းလုံး မျှော်ရည်ချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် သမိုင်းဝင် စစ်ဆင်ရေးကြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒ့ါပြင် တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားကြတဲ့ ကိုးကန့်ရဲဘော်ရဲဘက် တစ်ဦးချင်းစီကို လေးနက်စွာ ဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။

NUG အနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ဖို့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 28 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 43 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို