နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီ ခမရ (၂၇၅) နယ်မြေကို စွန့်ခွာထွက်ပြေး

ဧပြီလ (၁၁) ရက်။

နောက်ဆုံးရသတင်း။

မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၅)တပ်စခန်းကို ဒီကနေ့ နံနက်(၄)နာရီ (၂၀)မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရင်း ခမရ (၂၇၅) နယ်မြေကို စွန့်ခွာထွက်ပြေးသွားပြီး မြဝတီမြို့ထဲကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်နေပြီ ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းထောက်ဆီမှ သိရှိရပါတယ်။

ခလရ-၂၇၅ ကျသွားပြီး မြဝတီတွင် စကစ တပ်မရှိတော့ဘဲ စစ်ကောင်စီကင်းစင်သွားပြီလို့ မြေပြင်စစ်ရေးသတင်းထောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီ ဖြစ်ကြောင်း KNU တပ်မဟာ ၆ ရဲ့ စစ်ရေးခေါင်းဆောင်တဦးကလည်း အတည်ပြုပါတယ်။

ခလရ (၂၇၅) တပ်ဟာ လက်နက်ချမယ်လို့ ပြောဆိုပြီး အမှန်တကယ် လက်နက်မချဘဲ စစ်ကူလာဖို့ အချိန်ဆွဲနေတဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုက ဧပြီလ (၈) ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၅)တပ်စခန်းကို ဒီကနေ့ နံနက်(၄)နာရီ (၂၀)မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်ပြီး KNDO နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ (၈)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီစခန်းကနေ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး မြဝတီမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒါ့ပြင် ကျန်ရှိနေတဲ့ စစ်ကောင်စီ အကြွင်းအကျန်တွေကို ရှင်းလင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေ ကြောက်ရွံ့တာတွေမရှိဘဲ ပူးပေါင်းလုပ်ဆောင်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သား (၂၀)ကျော်ကိုဖမ်းဆီးကာ တစ်ဦးကိုသတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 12 Views
ဇူလိုင်လ (၁၇)ရက်။ မနေ့က နံနက်(၈)နာရီအချိန်မှာ မြင်းခြံမြို့၊ တူရွင်းဘို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်စစ်ကြောင်းက ၀င်ရောက်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီရဲ့
1027 Operations မြန်မာသတင်း

လားရှိုးမြို့က စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကို MNDAA သိမ်းပိုက်ရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 10 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ နန်ကျိုင်းစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ ဗဟိုတပ်ထိန်းတပ်ဂိတ်ကင်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 9 Views
ဇူလိုင်လ (၁၇)ရက်။ မနေ့က ည(၈)နာရီ၀န်းကျင်ခန့်မှာ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗဟိုတပ်ထိန်းတပ်(ဝါယာလက်)ရှိ ဂိတ်ကင်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုတပ်ထိန်းတပ်ရှိ ဂိတ်ကင်းကို Yangon Army
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

နယ်စပ်ဒေသတည်ငြိမ်ဖို့ အိန္ဒိယသံအမတ်က စစ်ကောင်စီအကြံပေးအပါအ၀င် ၀န်ကြီးအချို့နဲ့တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 6 Views
ဇူလိုင်လ (၁၇)ရက်။ မနေ့က နေပြည်တော်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Mr. Abhay Thakur က စစ်ကောင်စီအကြံပေး မိုးအောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံပွဲထဲ လုံခြုံရေးဆိုင်ရာကိစ္စတွေအပါအ၀င်
မြန်မာသတင်း

အာဇာနည်နေ့မှာ လာရောက်မယ့်ပြည်သူတွေ ဖုန်းနဲ့ ဒရုန်းတွေ မယူလာဖို့ စစ်ကောင်စီတားမြစ်ထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 8 Views
ဇူလိုင်လ (၁၇)ရက်။ အာဇာနည်ဗိမာန်အပါအ၀င် ၀န်ကြီးများရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကို လာရောက်မယ့်ပြည်သူတွေအနေနဲ့ ဒရုန်းအပါအ၀င် ယူဆောင်ခွင့်မပြုတဲ့ ပစ္စည်းစာရင်းတွေကို စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အထက်ပါနေရာတွေကို လာရောက်မယ့်ပြည်သူတွေအနေနဲ့ ယူဆောင်ခွင့်မပြုတဲ့ ပစ္စည်းစာရင်း (၁၀)မျိုးအထိ တားမြစ်ထားကာ အဲ့ဒီစာရင်းထဲ ဒရုန်းနဲ့
မြန်မာသတင်း

မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 6 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီ (၂၀)မိနစ်အချိန်က မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ပဲခူးရိုးမပေါ်ကို စမ်းဘုတ်အုပ်စု၊
မြန်မာသတင်း

နေပြည်တော် ဧလာလေဆိပ် တိုက်ခိုက်ခံရတဲ့အထဲ လေတပ်အရာရှိ (၁၆)ဦးသေဆုံးပြီး ဂျက်ဖိုက်တာနဲ့ Y12 လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 10 Views
ဇူလိုင်လ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီခန့်မှာ နေပြည်တော်ရှိ ဧလာလေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၇)လုံးနဲ့ ပစ်ခတ်ခဲ့ရာ (၅)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ Mountain Knights Civilian Defense Force(MKCDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲကြောင့် တားမြစ်ထားတဲ့ ရေဦး-ကလေး၀လမ်းပိုင်းမှာ ကုန်ကားသမားတွေက ဆူပူပြီး တော်လှန်ရေးရဲဘော်တွေကို ဝိုင်း၀န်းထိုးကြိတ်ရိုက်နှက်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 11 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၈)ရက်နေ့က ရေဦး-ကလေး၀လမ်းပိုင်းမှာ ကုန်တင်ကားသမားတွေက တော်လှန်ရေးရဲဘော်တွေကို ထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ မြို့နယ်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သထရပါတယ်။ ရေဦး-ကလေး၀ ကားလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ အောင်ချမ်းသာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဇွန်လဆန်းကစပြီး ထိုးစစ်ဆင်နေတာကြောင့်