နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ တော်လှန်သင်္ကြန် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်

ဧပြီလ (၁၁)ရက်။

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ရေသဘင်မဏ္ဍပ်တွေမှာ မပါဝင်ကြဖို့ တော်လှန်သင်္ကြန် လှုပ်ရှားမှုတစ်ရပ်ကို မန္တလေးသပိတ်အင်အားစုက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က မတရားအာဏာမှု စတင်သိမ်းလိုက်တာနဲ့ အတာသင်္ကြန် ပျော်ပွဲရွှင်ပွဲတွေ လွတ်လပ်စွာ ကျင်းပခွင့်မရတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခံရတာတွေ နေ့စဉ်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတွေဘက်ကနေ ပါဝင်နေကြတဲ့ ရဲဘော်တွေအနေနဲ့လဲ သင်္ကြန်အမှတ်တရတွေကို လွမ်းဆွတ်တမ်းတနေကာ တော်လှန်သင်္ကြန်၊ တော်လှန်သပိတ်တိုက်ပွဲတွေကို ပါဝင်ဆင်နွှဲကြမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အာရုံလွှဲ ပျော်ပွဲရွှင်ပွဲတွေဟာ တော်လှန်ရေးမှာ ထိခိုက်စေတာမရှိပေမယ့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာတာတွေ ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လူသားဆန်မှုအပြည့်နဲ့ ကိုယ်ချင်းစာတရားနဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး အပျော်အပြတ် ခွဲခြားသတ်မှတ်ပေးနိုင်ကြဖို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးအငွေ့အသက်တွေ မပပျောက်စေနိုင်တဲ့ တော်လှန်သင်္ကြန်၊ တော်လှန်မာန်တွေကို တွေ့မြင်ခံစားလိုတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ။ အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးတဲ့သူတွေပဲ အခု
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့