နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်များ ပိုမိုဝေဖန်လာ။

ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ဗဟိုမီးဖိုချောင် (World Central Kitchen) မှ အကူအညီပေးရေးလုပ်သား ခုနစ်ဦးသေဆုံးပြီးနောက် အောက်လွှတ်တော်ဒီမိုကရက်တစ်အမတ်အချို့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ပိုမိုဝေဖန်လာကြသည်။

အမေရိကန် ကိုယ်စားလှယ် ဂျေဆန် ခရိုး (Jason Crow) နှင့် ဂျိမ်း ကလိုင်းဘန်း (James Clyburn) တို့သည် နေတန်ယာဟု “ထွက်ရမည်” ဟု ယုံကြည်ကြောင်း ယနေ့ CNN ၏ Wolf Blitzer သို့ ပြောကြားခဲ့သည်။

“ ဒီမနက်မှာ တွေ့ခဲ့ရတဲ့ သတင်းခေါင်းကြီးပိုင်းကို ကျွန်တော်သဘောတူပါတယ် အစ္စရေးက အနိုင်ရမယ်။ ဒါပေမယ့် နေတန်ယာဟုက တော့ထွက်ရမယ်။ အစ္စရေးက နေတန်ယာဟုကို ဖြုတ်လိုက်ရင် အမှားအားလုံးကို ပြင်သွားနိုင်လိမ့်မယ်။ သူက အမှားလုပ်နေသူပဲ” ဟု ကလိုင်းဘန်းက ပြောကြားခဲ့သည်။

ခရိုးသည် စိတ်ကို စက္ကန့်ပိုင်းလောက် ထိန်းပြီးနောက် “သူဟာ အစ္စရေးကို ရှေ့တန်းတင်မယ့် ခေါင်းဆောင်မဟုတ်ပါဘူး။ သူက နယ်ပယ်တိုင်းမှာ မအောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူက အစ္စရေးကို ပိုလုံခြုံအောင် မလုပ်နိုင်ဘူး၊ ဒေသတွင်း တင်းမာမှုတွေ တိုးလာအောင် သူကလုပ်ခဲ့တယ်။ သူက ကကျွန်တော်တို့ပြောတာကို နားမထောင်ဘူး၊ သူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့အမြင်ကတော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဒီကြီးမားတဲ့လူသားချင်းစာနာမှု ကပ်ဘေးအတွက် နေတန်ယာဟုမှာ တာဝန်ရှိပါတယ်” ဟု ခရိုးက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 6 Views
မဲဆန္ဒရှင်တွေကို ဒေါ်လာ တစ်သန်းမဲဖောက်ပေးမယ့် အစီအစဉ် အီလွန်မက်စ် ဆက်လုပ်ခွင့်ရ +++++++++++++++++++++++ အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲကာလအတွင်း မဲပေးသူတွေအတွက် တစ်ရက် ဒေါ်လာတစ်သန်း မဲဖောက်ပေးတဲ့
နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးရစစ်တမ်းများ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
အောက်တိုဘာလ (၄) ရက်။ ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ဆုံးဖြတ်ရန် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ခုနစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန်

လစဥ်ကြေးပေးသွင်းသူများ ရုတ်သိမ်းသွားခြင်းနှင့်အတူ ဝန်ထမ်းများ နုတ်ထွက်ပြီးနောက် ဝါရှင်တန်ပို့စ်သတင်းစာကို ထောက်ခံခြင်းမရှိတော့သည့်အခြေအနေကို ဂျက်ဖ်ဘီဇို့စ်က ခုခံကာကွယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 7 Views
အောက်တိုဘာလ (၃၀) ရက်။ ဝါရှင်တန်ပို့စ်ပိုင်ရှင် ဂျက်ဖ်ဘီဇို့စ်သည်သူ၏ သမ္မတရွေးကောက်ပွဲတွင် သူ့သတင်းစာက မည်သူ့ကို ထောက်ခံကြောင်း ဆုံးဖြတ်မှုအတွက် လူအများအကြား အကြီးအကျယ် ဝေဖန်မှုများ ပြင်းထန်လာခဲ့ခြင်းကြောင့် သူ့ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်ဆွဲထားရန် ကာကွယ်သည့် ရေးသားမှုကို တနင်္လာနေ့ ထုတ်
နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မြို့သည် လမ်းသွားလမ်းလာများ မီးပွိုင့်များကို လျစ်လျူရှုပြီး လမ်းဖြတ်ကူးခြင်းနှင့် လူကူးမျဉ်းကျားမှ မဖြတ်ကူးခြင်းကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 9 Views
နိုဝင်ဘာလ (၄) ရက်၊ CNN ဂျပန်။ လမ်းသွားလမ်းလာများသည် မီးပွိုင့်များကို လျစ်လျူရှုကာ လမ်းဖြတ်ကူးသည့် အလေ့အကျင့်ကို တရားဝင် ဖြစ်စေမည့် လမ်းဖြတ်ကူးခြင်းကို တရားဝင်ဖြစ်စေမည့် ဥပဒေကြမ်းတစ်ရပ်ကို နယူးယောက်မြို့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ စက်တင်ဘာလတွင် နယူးယောက်မြိုကောင်စီမှ လမ်းသွားလမ်းလာများအား
နိုင်ငံတကာသတင်း ဥရောပ

စပိန်ဘုရင်ဖိလစ်ကို ရေဘေးဒဏ်ခံရသည့် ဒေသခံများက ကြက်ဥများနှင့်ပစ်ပေါက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
နိုဝင်ဘာလ (၄) ရက်။ ရေလွှမ်းမိုးမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဗလင်စီယာဒေသကို စပိန်ဘုရင် ဖိလစ် (Felipe) နှင့် ဘုရင်မ လက်တီဇီယာ (Letizia) တို့ လာရောက်ကြည့်ရှုစဉ် ၎င်းတို့ကို ဒေသခံများက
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 6 Views
ဒေါ်နယ်ထရန့်ရဲ့ ပုတ်ခတ်မှုအပေါ် မဲဆန္ဒရှင်တွေ စိတ်ဝင်စားရဲ့လား +++++++++++++++++ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ့် နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကြော်ငြာတွေအတွက် ဒေါ်လာသန်းနဲ့ချီပြီး သုံးစွဲခဲ့ပါတယ်။ “ကာမယ်လာက သူတို့အတွက်၊ သမ္မတထရန့်က မင်းတို့အတွက်ပါ” ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးတဲ့ အွန်လိုင်းနဲ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အထူးတပ်ဖွဲ့စစ်ဆင်ရေးဖြင့် အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာစပိုင်ကို လက်ဘနွန်ပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 15 Views
နိုဝင်ဘာလ (၃) ရက်။ အစ္စရေးရေတပ် အထူးတပ်ဖွဲ့ “ရှာရက်တေ ၁၃ (Shayetet 13)” ၏ စစ်ဆင်ရေးတွင် လက်ဘနွန် ရှီးယိုက် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့၏ အဆင့်မြင့် စပိုင်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ ကျန်တော့ပြီး သမ္မတလောင်းနှစ်ဦးစလုံးသည် တောင်ပိုင်းရှိ ပြည်နယ်များတွင် အပြိုင်အဆိုင်မဲဆွယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 8 Views
နိုဝင်ဘာလ (၂) ရက်၊ CNN ဂျပန်။ ကန်သမ္မတရွေးကောက်ပွဲကျင်းပရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟဲရစ်နှင့် ရီပတ်ဘလီကန်သ မ္မတလောင်း ဒေါ်နယ်ထရန့်တို့သည် တောင်ပိုင်းပြည်နယ်များကို ဖြတ်သန်းသွားလာရင်း အပြိုင်အဆိုင် တစ်ဦးနှင့်တစ်ဦး စကားဆစ်ထိုးနှက်နေကြသည်။ နိုဝင်ဘာလ (၂)