နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲအသက်ရှင်ကျန်နေသူတွေရဲ့ အိဒ်ပွဲတော် အမှတ်ရစရာများ

အရှိန်အဟုန်နဲ့တောက်လောင်နေတဲ့ ဂါဇာပဋိပက္ခကြောင့် ဧပြီလ 10 ရက် ဗုဒ္ဓဟူးနေ့က ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်မှာ ဂါဇာထဲက ပါလက်စတိုင်းအနည်းစုလောက်သာ စိတ်သက်သက်သာသာနဲ့ ကျင်းပခွင့်ရခဲ့ကြပါတယ်။

ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ အိဒ်နေ့မှာ ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ပါလက်စတိုင်းလူမျိုးတွေကလည်း လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ပွဲကြောင့် သေဆုံးခဲ့သူတွေရဲ့ သချိုင်းမှာ သွားရောက်ဆုတောင်းမှုသာ ပြုလုပ်ခဲ့ကြရတာပါ။

သူတို့ရဲ့ မျှော်လင့်ချက်ကတော့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကြားကနေ အသက်ရှင် ကျန်ရစ်နေဖို့ ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ အုတ်ဂူကို လာရောက်လည်ပတ်တဲ့ အာမန်နီ မန်ဆောကတော့ သူမရဲ့ဘ၀မှာ ကောင်းတာတွေအားလုံး ပျက်ဆီးသွားပြီလို့ ပြောပြပါတယ်။

“ ပြီးခဲ့တဲ့ အိဒ်နေ့က ကျမဘ၀ရဲ့ အကောင်းဆုံးအချိန်တွေပါပဲ။ ဘာလို့လည်းဆိုတော့ ငါ့သားလေးကို ပွေ့ချီထားပြီး အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်။ ကျမနဲ့အတူ သူ့ကို အမြဲရှိနေစေချင်သလို သူလိုချင်သမျှ အားလုံးကိုလည်း ပေးချင်တယ်”

ဒါကတော့ ရာဖာမြို့က ပြိုကျပျက်စီးနေတဲ့ ဗလီတစ်ခုမှာ ဝတ်ပြုဆုတောင်းနေကြတာဖြစ်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ပါလက်စ်တိုင်းလူမျိုး 33000 ကျော် အသက်သေဆုံးခဲ့ကြရပြီး လူပေါင်း 75000 ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြတာပါ။ စစ်ဒဏ်ကြောင့် ဆေးရုံတွေ ထိခိုက်ပျက်ဆီးခဲ့ကြသလို ဆေးဝါးတွေကလည်း ပြတ်လပ်နေပြီး အငတ်ဘေးနဲ့လည်း ရင်ဆိုင်နေရကြတာဖြစ်ပါတယ်။

မာမွတ်အဲလ်ဟာမေဒက်ကတော့ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး ဝှီးချဲလ်ကို အသုံးပြုနေရတာဖြစ်ပါတယ်။
“ ပြီးခဲ့တဲ့နှစ် အိဒ်နေ့တုန်းက ကျတော့်ကလေးတွေနဲ့ ပျော်ခဲ့ရပါတယ်။ အခုတော့ ကျတော် ဒဏ်ရာရပြီး ဘယ်ကိုမှ မသွားနိုင်တော့ပါဘူး”

အစ္စလာမ်လူမျိုးတွေရဲ့ ရာမာဒမ်ကာလာ နောက်ဆုံးနေ့ကို သတ်မှတ်ပေးထားတဲ့ အိဒ်နေ့မှာ ဂါဇာဒေသက လူတော်တော်များများဟာ အိမ်ခြေယာမဲ့တွေ ဖြစ်နေကြပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း တစ်သန်းကျော်ဟာ ဂါဇာမြောက်ပိုင်းကနေ တောင်ဘက်ပိုင်းမှာရှိတဲ့ ရာဖာမြို့ကို ပြောင်းရွှေ့လာခဲ့ကြပြီး တဲထိုးနေထိုင်နေကြရတာပါ။

နက်အဲမာ အဲလ်ဒါဟာ အစ္စရေးတွေရဲ့တိုက်ခိုက်မှုကြောင့် သူမကလေး 7 ဦးရှိတဲ့အနက်က နှစ်ဦးကို ဆုံးရှုံးထားတာဖြစ်ပါတယ်။ အခုနှစ် အိဒ်ပွဲတော်ကတော့ ပျက်ဆီးဆုံးရှုံးသွားပြီလို့ သူမက ပြောပါတယ်။

ကျမ ကလေးတွေကို ဆုံးရှုံးခဲ့ရသလို ကိုယ့်ကိုကိုယ်လည်းဆုံးရှုံးခဲ့ရတယ်။ အဲဒီတော့ ဒီအိဒ်က ကျမအတွက် ဘာအဓိပ္ပါယ်ရှိမှာလဲ၊ အခုဆို ငါတို့မှာ စားစရာမရှိဘူး၊ သောက်စရာလည်းမရှိဘူး။ ငါတို့ဘ၀က ဘာတွေဖြစ်သွားပြီလဲ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရွေးကောက်ပွဲက နှုတ်ထွက်မှု ဆုံးဖြတ်ချက်ကို တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေ တုံ့ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 22 ရက်
  • 6 Views
တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြန်လည်အရွေးမခံဖို့ ဆုံးဖြတ်ချက်ကို တုံပြန်ခဲ့ကြပါတယ်။ ယူကရိန်း ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတအဖြစ် ဝင်ရောက်အရွေးခံတော့မည်မဟုတ်ဟု ဘိုင်ဒင်ကြေညာ

  • 2024 ခုနှစ်၊ ဇူလိုင်လ 22 ရက်
  • 4 Views
++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၂၂) ရက်။ အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖိုနဲ့ သူသမ္မတအဖြစ် ပြန်လည်အရွေးမခံဖို့တော့ဘူးလို့ သမ္မတဘိုင်ဒင်က မနေ့က ဇူလိုင်လ
နိုင်ငံတကာသတင်း အာရှ

ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 6 Views
ဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့်ထုတ်ပြန် ++++++++++++++++++++++++ အခုမြင်တွေ့နေရတာကတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီးနောက်မှာ မြို့တော်ဒါကာမှာ စစ်သားတွေ ကင်းလှည့်နေတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မကြာသေးမီ ကာလအတွင်းမှာပဲ လူအသေအပျောက်တွေနဲ့ ပိုမိုပြင်းထန်လာခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယခုဖြစ်ပွါးနေတဲ့
နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

EU နဲ့ နိုင်ငံအချို့ရဲ့ လူသားစာနာမှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကို စစ်ကောင်စီကန့်ကွက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 17 Views
ဇူလိုင်လ (၁၉)ရက်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအပေါ် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့က ပူးတွဲထုတ်ပြန်ခဲ့တာကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက ကန့်ကွက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၁၅)ရက်နေ့က ကုလသမဂ္ဂဌာနချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တဖက်သတ်စွပ်စွဲချက်တွေနဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ ++++++++++++++++++++ ယူကရိန်းနည်းပညာကုမ္ပဏီတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ အသာစီးရစေဖို့အတွက် ဒရုန်းတွေမှာ ဉာဏ်ရည်တုလို့ခေါ်တဲ့ AI နည်းပညာတွေထည့်သွင်းတီထွင်လာကြပါတယ်။ ယူကရိန်းအစိုးရဟာ AI နည်းပညာကြောင့် ရုရှားတွေ တားဆီးထားတဲ့
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Covid-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိ

  • 2024 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 8 Views
+++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၈) ရက်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မဲဆွယ်မှုအတွက် အရေးကြီးသော အခိုက်အတန့်တွင် Covid-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း CNN တွင် ဖော်ပြခဲ့သည်။ သမ္မတဂျိုးဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့တွင် Covid-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 10 Views
အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက် +++++++++++++++++++++++ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ဇူလိုင်လ 17 ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က အတိုက်အခံ အမတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ နေတန်ယာဟုဟာ ဟားမက်စ်တွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် စီမံခန့်ခွဲခြင်းနဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

နယ်စပ်ဒေသတည်ငြိမ်ဖို့ အိန္ဒိယသံအမတ်က စစ်ကောင်စီအကြံပေးအပါအ၀င် ၀န်ကြီးအချို့နဲ့တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 10 Views
ဇူလိုင်လ (၁၇)ရက်။ မနေ့က နေပြည်တော်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Mr. Abhay Thakur က စစ်ကောင်စီအကြံပေး မိုးအောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံပွဲထဲ လုံခြုံရေးဆိုင်ရာကိစ္စတွေအပါအ၀င်