နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

အပစ်အခတ်ရပ်ဖို့ ဟားမက်စ်တွေဘက်က သဘောမတူသေးတာလို့ ဘလင်ကန်ထုတ်ပြန်

++++++++++++++++++++

“အပစ်အခတ်ရပ်စဲချင်ရင် ဟားမက်စ်တွေကို ဟုတ်ကဲ့လို့သာ ပြောခိုင်းလိုက်ပါ”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က ဂျေရုစလင်နဲ့ ကိုင်ရိုကို အပြန်အလှန်သွားရောက်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုထားချက်တွေကို တွန်းအားပေးခဲ့ပါတယ်။ ဘီလင်ကန်ဟာ ကိုင်ရိုမြို့မှာ အီဂျစ်သမ္မတ အဲလ်စီစီနဲ့တွေ့ဆုံခဲ့ပြီး အဲဒီနောက် သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အကြီးမားဆုံးအတားအဆီးဖြစ်တဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ သဘောတူညီချက်ကို လက်ခံနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ သဘောတူညီချက်ကို လုံး၀လက်မခံသေးတာက ဟားမက်စ်တွေပဲ၊ ဂါဇာမှာရှိတဲ့ ပါလက်စ်တိုင်းတွေအားလုံး စောင့်မျှော်နေကြတာလဲ ဟားမက်စ်တွေ သဘောတူဖို့ကိုပဲ စောင့်နေကြတာပါ။ အစ္စရေးကတော့ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ သူတို့ရဲ့မိသားစုတွေနဲ့တွေ့ဆုံဖို့ကိုပဲ စောင့်မျှော်နေကြတာဖြစ်ပါတယ်”

အဲဒီနောက်မှာတော့ ဘလင်ကန်ဟာ အစ္စရေးနိုင်ငံ ဂျေရုစလင်ကို ပြန်သွားပြီ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့တွေ့ဆုံခဲ့ပါတယ်။ ပူးတွဲကြေညာချက်မှာတော့ ဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ အောင်ပွဲလုံး၀ ရတဲ့အထိ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ မှတ်ချက်စကားတွေဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်းက ဟားမက်စ်စစ်သွေးကြွတွေ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ အခုဆိုရင် ၉ လတာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကို အစ္စရေးက ပြန်လည်တုန့်ပြန်ခဲ့ရာမှာတော့ ဂါဇာကမ်းမြောင်ထဲက ပါလက်စ်တိုင်းအရပ်သား 37000 ကျော် သေဆုံးခဲ့ရပါတယ်။

အစ္စရေးစစ်တပ်က တနင်္လာနေ့မှာ အောက်တိုဘာလ ၇ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရတဲ့  ဓါးစာခံ ၄ ဦးကို နူဆာရတ်ဒုက္ခသည်စခန်းက ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ အဲဒီစစ်ဆင်ရေးမှာ မြေပြင်တပ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား 274 ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးအာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

နေအိမ်အပျက်အဆီးတွေကို ကောက်ယူနေတဲ့ အာနက်စ် အဲလျန်က “ ဒါက ကျတော်တို့အိမ်ပဲ၊ အိမ်ထဲမှာ ကျတော်တို့အေးအေးဆေးဆေးထိုင်နေတုန်း ရုတ်တရက် ထပေါက်ကွဲတာ၊ ဘာတွေဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းပြေးတော့ မိဘတွေနဲ့ ဆွေးမျိုးတွေအားလုံး သေဆုံးနေကြပြီ။ အစ္စရေးစစ်သားတွေက ကျတော်တို့ကို မော်တာ သေနတ်တွေနဲ့ပစ်ခတ်တာ တော်တော်များများလည်း ဒဏ်ရာရသွားကြတယ်”လို့ ပြောပြပါတယ်။

အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးအတွင်း လူ ၁၀၀ ထက်မပိုတဲ့ ပါလက်စ်တိုင်းတွေ သေဆုံးသွားခဲ့တာကို သတိပြုမိကြောင်း ထုတ်ဖော်ပြောထားပါတယ်။ ဟားမက်စ်စစ်သွေးကြွအဖွဲ့တွေကတော့ ဂါဇာတောင်ပိုင်းက ရာဖာဖြို့မှာ အစ္စရေးတပ်တွေ တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ဗီဒီယိုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ရာဖာမြို့က စစ်ဆင်ရေးတွေကို ရပ်ဆိုင်းဖို့ အမေရိကန်သမ္မတရုံးဖြစ်တဲ့ အိမ်ဖြူတော်က ဖိအားပေးထားပေမယ့် အစ္စရေးတပ်တွေဟာ ထိုးစစ်ဆင်ခဲ့ကြတာကြောင့် ရာဖာမြို့မှာ ခိုလှုံနေကြတဲ့ သန်းချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မြို့တော်တွင် လူထုစုဝေးပွဲကျင်းပပြီး အီလွန်မတ်လာရောက်ပြီး ထရန့်အား ထောက်ခံမိန့်ခွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 8 Views
အောက်တိုဘာလ (၆) ရက်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဇူလိုင်လက လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သည့် ပဲန်စီလ်ဘေးနီးယားပြည်နယ် ဘတ်တလာတွင် အောက်တိုဘာလ ၅
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏သမီး အထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီ ကင်မလာအား ထောက်ခံစည်းရုံး ဟောပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 18 Views
အောက်တိုဘာလ (၄) ရက်။ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် အကြိတ်အနယ်ပြည်နယ်တခုဖြစ်သည့် ဝစ်ကွန်ဆင် ပြည်နယ် ရီပွန်မြို့ တွင် ဟဲရစ်နှင့်အတူ ရီပတ်ပလီကင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 22 Views
အောက်တိုဘာလ ၂ ရက်။ အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက အောက်တိုဘာလ (၁) ရက်နေ့က ကြေညာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အလုံးစုံစစ်ပွဲအတွက် စိုးရိမ်မှုများ ကြီးထွားလာနေပါသည်။ အောက်တိုဘာလ (၁)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ် လက်ဘနွန်တောင်ပိုင်းမြေပြင်ကျူးကျော်တိုက်ခိုက်ကြောင်း ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 424 Views
အောက်တိုဘာလ (၁) ရက်။ ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် “ ကန့်သတ်မြေပြင်စစ်ဆင်ရေး” ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ နယ်စပ်အနီး CNN သတင်းအဖွဲ့၏ အခြေစိုက်စခန်းမှ သေနတ်သံများကြားရပြီး
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် ကျောင်းသား ၂၀၊ ဆရာမ ၃ ဦး သေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 14 Views
ကျောင်းလေ့လာရေးခရီးသည် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ပြီး ၁၉ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရ အောက်တိုဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက် အင်္ဂါနေ့တွင် Pathum Thani ၏ Rangsit ဧရိယာရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် Uthai
နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 15 Views
စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။ တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

Update’ အစ္စရေး-လက်ဘနွန်စစ်ရေးသတင်းများ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 21 Views
++++++++++++++++++++++++++++ ABC သတင်းများ ဘေရွတ်မြို့လယ်တွင် ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် လူအသေအပျောက် အများဆုံး တိုက်ခိုက်ခြင်းခံခဲ့ရ။ စက်တင်ဘာလ (၃၀) ရက်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ် ကိုလာ (Cola) ရပ်ကွက်ရှိ တိုက်ခန်းအဆောက်အုံတခုကို ညဘက်တွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မြန်မာနိုင်ငံမှထွက်ခွာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 43 Views
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား သံတမန်အဆင့် လျှော့ချလိုက်သည်။ စက်တင်ဘာလ (၂၈) ရက်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချိရို မာရုယာမာ (Ichiro Maruyama) သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။ နောက်ဆက်ခံမည့် သံအမတ်ခန့်အပ်ခြင်းအစား