နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၁၁) ရက်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်နေရာယူက ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

တန့်ယန်းမြို့ကို စစ်မီး မကူးစက်လာရေးအတွက် ဒေသခံတွေရဲ့ တောင်းဆိုချက်အရ စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဝင်ရောက် နေရာယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ ဝ” ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စိုးရိမ်နေကြတဲ့ ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလ ကျနော်တို့ရဲ့ ဘက်မလိုက် မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခ ဖြစ်ပွားမှုကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေး လိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို TNLA နဲ့ MNDAA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၁၀) ရက်နေ့မှာ တန့်ယန်းမြို့နယ်၊ အမှတ် ၈ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ မန်ကတ်တပ်စခန်းနဲ့ မန်ပတ်တပ်စခန်းတွေကို TNLA ထိုးစစ်ဆင်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ဒီနေ့ ဇူလိုင်လ (၁၁) ရက်နေ့မှာတော့ ထောင်နဲ့ချီတဲ့ UWSA တပ်ဖွဲ့ဝင်တွေဟာ တန့်ယန်းမြို့အတွင်းကို ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာ အောင်ပွဲရနေတဲ့ TNLA နဲ့ MNDAA တို့ဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက စစ်တပ်ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့တို့ကို MNDAA ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူပြီးနောက် UWSA တပ်တွေ ဝင်ရောက်လာကာ ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဟိုပန်နဲ့ ပန်လုံမြို့အုပ်ချုပ်ရေးအာဏာအား UWSA ကို စစ်ကောင်စီက တရားဝင် အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့ရပါတယ်။ အဲ့ဒီမြို့တွေမှာ UWSA က ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကတော့ တန့်ယန်းမြို့ကို UWSA က လွယ်လွယ်ကူကူ ကြည်ကြည်ဖြူဖြူနဲ့ စစ်ကောင်စီထံက ရရှိသွားပြီလို့ ပြောဆိုနေကြပါတယ်။

တန့်ယန်းမှာရှိတဲ့ ဝန်ထမ်းတွေကို UWSA ရဲ့အကူညီနဲ့ လားရှိးကို ရွှေ့ပြောင်းမယ်လို့ သိရပါတယ်။ ဒါပေမယ့် လားရှိုးကိုလည်း TNLA နဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ထားနေတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 80 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 78 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 68 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 70 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 72 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 67 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 40 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ