နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယနေ့ စကားစစ်ထိုးပွဲမတိုင်မီ ထရမ့်၏ စည်းရုံးလှုံ့ဆော်အဖွဲ့သည် ဟဲရစ်ကို တိုက်ခိုက်မည့်အချက်အချို့ကို ဖော်ပြခဲ့သည်။

စက်တင်ဘာလ (၁၀) ရက်။

တနင်္လာနေ့တွင် ထရမ့်မဲဆွယ်စည်းရုံးမှုအဖွဲ့သည် ABC ၏ သမ္မတစကားစစ်ထိုးပွဲတွင် သမ္မတဟောင်းထရမ့်က အသုံးချဖွယ်ရှိသော တိုက်ခိုက်မှုအချို့ကို ကြိုတင်တပ်ဖြန့်ချထားခဲ့ပုံရသည်။ ဒုသမ္မတ ကင်မလာဟဲရစ်သည် “ဤအစိုးရထံမှ အရာအားလုံးကို ပိုင်ဆိုင်ထားသည်” ဟု ထရမ့်အဖွဲ့က စောဒကတက်ခဲ့သည်။

အင်္ဂါနေ့ စကားစစ်ထိုးပွဲ မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေဆင်မီလာ (Jason Miller) က ဟဲရစ်၏ အမေရိကန်-မက္ကဆီကို နယ်စပ်နှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေးတို့ကို ကိုင်တွယ်ပုံကို ထောက်ပြခဲ့ပြီး ဟဲရစ် သည် ထောက်ပံ့ရေးဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုရန်နှင့် အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးတို့ကို အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် မဲညီနေသည့်အချိန်တွင် သူ့မဲတခုအသာဖြင့် အနိုင်ယူခဲ့ပြီး ဟဲရစ်သည် ထိုလုပ်ရပ်ကို “သူမကြောင့် အောင်မြင်ခဲ့သည်” ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

“မနက်ဖြန် စကားစစ်ထိုးပွဲအတွင်း အံ့အားသင့်စရာများ ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မီလာက ဆိုသည်။ မီလာက CNN နှင့် ဟဲရစ်အင်တာဗျူးတွင် သူမ၏ “တန်ဖိုးတွေက မပြောင်းလဲသွားဘူး” ဟု ပြောခဲ့သည်။ “သူမ အဲဒီလို ဖြေခဲ့တဲ့ အပေါ်မှာ မေးခွန်းတွေရှိလာခဲ့တယ် ကင်မလာဟဲရစ်ပြောတဲ့ သူ့တန်ဖိုးက ဘာတွေလဲဆိုတာကို မေးမြန်းဖို့ တံခါးပွင့်လာတာပေါ့ မူလအစမှနေပြီး သူတောက်လျှောက် နှစ်များတစ်လျှောက် သူဘာတွေလုပ်ဆောင်နေခဲ့တယ် ဘယ်လိုရပ်တည်ချက်ရှိခဲ့တယ်ဆိုတာနေမေးစရာတွေရှိတယ်” ဟု မီလာက ပြောခဲ့သည်။

နိုင်ငံကို အုပ်ချုပ်သူဟာ သမ္မတဂျိုးဘိုင်ဒင် မဟုတ်ဘဲ ဟားရစ်သာ ဖြစ်ကြောင်း မီလာက ပြောကြားခဲ့ပြီး တစ်ချိန်တွင်မီလာက ဟာရစ်သည် သမ္မတ မဟုတ်သော်လည်း ဘိုင်ဒင်အုပ်ချုပ်ရေးကို “ဟားရစ်-ဘိုင်ဒင်” အုပ်ချုပ်ရေးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ ထရန့် နှင့် ပတ်သက်၍ မီလာက “သမ္မတဟောင်းက သူ့ကိုယ်ပိုင်အခြေအနေအတိုင်းပဲ ဖြစ်မယ်” ဟုဆိုသည်။ “ဒီနေရာမှာ သတိထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။” သူက ဆက်လက်ပြီး “ဟဲရစ်ရဲ့စည်းရုံးရေး အဖွဲ့မှာသမ္မတ သမတဟောင်းအိုဘားမားအတွက် အလုပ်လုပ်ပေးခဲ့တဲ့ အကြံပေးအသစ်တွေနဲ့ လေ့ကျင့်ပေးနေပြီး ဟဲရစ်ကိုယ်တိုင်တောင် မသိဘူး” ဟု ထပ်လောင်းပြောခဲ့သည်။

မီလာက “ဒီလူစိမ်းလူသစ်တွေအားလုံးဟာ သူမခေါင်းထဲမှာ အတွေးတွေထည့်ဖို့ ကြိုးစားနေကြတဲ့သူတွေပါ။ ဒါက ဘာလဲဆိုတာ သူမ မသိပါဘူး။ ဘာစိတ်ကူးမှလဲမရှိ။ ပြီးတော့ သူမက ဘယ်လိုလူ အမျိုးအစား ဖြစ်ချင်လဲဆိုတာ သိဖို့ ကြိုးစားနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ရပ်တည်ချက်တွေက ပြောင်းလဲနေတယ်၊ ဒါပေမဲ့ သူမရဲ့တန်ဖိုးကတော့ မပြောင်းလဲဘူး ဆိုပါတော့”။

“ထရမ့် ဘယ်လို ပြင်ဆင်နေသလဲ” ဟု မေးတော့ မီလာက “ထရမ့်ဟာ အချိန်ကြာကြာ အင်တာဗျူးတွေနဲ့ ခပ်တိုတို အင်တာဗျူးတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ လူထုစုဝေးပွဲတွေနဲ့ မြို့တော်ခန်းမတွေမှာ ရှင်းလင်းပြောကြားပေးနေတယ်” ဟု ပြောပါသည်။

“ဖြစ်နိုင်သမျှ မေးခွန်းပုံစံတိုင်းကို သမ္မတထရမ့်က ဒီကမ်ပိန်းတစ်ခုလုံးအတွက် အားစိုက်လုပ်နေတာဖြစ်လို့ အဲဒါအတွက် ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် စက်တင်ဘာ ၇ ရက်၊ ဝစ်စကွန်စင် မိုစင်နီး (Wisconsin၊ Mosinee) ရှိ ဝစ်စကွန်စင် ဗဟိုလေဆိပ်တွင် မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောနေစဉ်။ Getty Image

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက